This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, November 27, 2012

မိုဘိုင်းအင်တာနက်အသုံးပြုခကို ပြောင်းလဲမည့်စနစ်က ပြည်သူများအတွက် အဆင်မပြေနိုင်

မိုဘိုင်းအင်တာနက်အသုံးပြုခကို ပြောင်းလဲမည့်စနစ်က ပြည်သူများအတွက် အဆင်မပြေနိုင်Tuesday, November 27, 2012မိုဘိုင်းဖုန်းဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုရာတွင် သုံးစွဲခကိုNetworkDataRate ပေါ်မူတည်၍  ပြောင်းလဲ   ကောက် ခံမည် ဆိုပါက သုံးစွဲသူများအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း မိုဘိုင်းဖုန်းဖြင့်အင်တာနက် အသုံးပြု သူများထံက သိရှိရသည်။"အချိန်ပေါ်မှာမူတည်ပြီးကောက်နေတာ အဆင်မပြေလို့လား။ပိုက်ဆံအရမ်းလိုနေ ကြလို့လား။ အဲလိုသာ ကောက်ခံမယ်ဆို ဘယ်သူမှ မသုံးကြတော့ဘူး"ဟု CDMA 800 MHz ဖြင့်အင်တာနက်ချိတ် ဆက်အသုံးပြုနေသူကိုဇင်မင်းဦးက ပြောသည်။ လက်ရှိတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခများကို CDMA 800 MHz တွင် တစ်မိနစ်လျှင် (၄)ကျပ်၊ GSM မိုဘိုင်း ဖုန်းများတွင်တစ်မိနစ်လျှင်(၂)ကျပ် နှုန်းဖြင့် ကောက်ခံလျှက်ရှိပြီး အဆိုပါ အင်တာနက်သုံးစွဲခကို Network Data Rate ပေါ်မူတည်၍ ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်ကာပြောင်းလဲကောက်ခံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။"Network DataRate ပေါ်မူတည်ပြီး ကောက်ခံဖို့တော့ လုပ်နေပါတယ်။ဒီဇင်ဘာလလောက
  ဖြစ်ဖို့များပါတယ်။ အဲ့ဒီ အတွက် (ယာယီ)ဈေးနှုန်းတွေတော့သတ်မှတ် ထားတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက   ပြောသည်။ Network Data Rate ပေါ်မူတည်၍ သုံးစွဲခပြောင်းလဲ ကောက်ခံခြင်းအတွက် မြန်မာ့ဆက်သွယ်ရေးမှ ၁၀၀ ကီလိုဘိုက်အား (၂)ကျပ်၊ ၁ အမ်ဘီအား (၂၀)ကျပ်နှင့် ၁၀၀ အမ်ဘီအတွက် (၁၅၀၀) ကျပ်မှ (၁၈၀၀)ကျပ်အထိ ယာယီသတ်မှတ်ထားကြောင်း သိရှိရသည်။ထိုကဲ့သို့ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲခ ပြောင်းလဲကောက်ခံမည်ဟု သတင်းအား မတရားကောက်ခံခြင်းဖြစ်ကြောင်း အင်တာနက်လိုင်းကောင်းမွန်ခြင်းမရှိပဲ သုံးစွဲခတိုးမြှင့်ကောက်ခြင်း အပေါ် ကန့်ကွက်မှုများလည်း ရှိနေကြောင်းကိုလည်း လူမှုရေးကွန်ယက်များမှတဆင့် သိရသည်။



“ နိုင်ငံတကာစံချိန်ချိုးတဲ့ ၀န်ဆောင်မှုပါပဲဗျာ။”ဟု လူမှုရေးကွန်ယက်
အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

Myit Makha Mediagroup
မိုဘိုင်းအင်တာနက်အသုံးပြုခကို ပြောင်းလဲမည့်စနစ်က ပြည်သူများ
အတွက် အဆင်မပြေနိုင်
Tuesday, November 27, 2012 

မိုဘိုင်းဖုန်းဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုရာတွင် သုံးစွဲခကို  Network Data Rate ပေါ်မူတည်၍ ပြောင်းလဲကောက်ခံမည် ဆိုပါက သုံးစွဲသူများအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း မိုဘိုင်းဖုန်းဖြင့်အင်တာနက် အသုံးပြုသူများထံက သိရှိရသည်။

"အချိန်ပေါ်မှာမူတည်ပြီးကောက်နေတာ အဆင်မပြေလို့လား။ ပိုက်ဆံ
အရမ်းလိုနေကြလို့လား။ အဲလိုသာ ကောက်ခံမယ်ဆို ဘယ်သူမှ မသုံးကြတော့ဘူး"ဟု CDMA 800 MHz ဖြင့် အင်တာနက်ချိတ်ဆက်
အသုံးပြုနေသူ ကိုဇင်မင်းဦးက ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခများကို CDMA 800 MHz တွင် တစ်မိနစ်လျှင် (၄)ကျပ်၊ GSM မိုဘိုင်း ဖုန်းများတွင်တစ်မိနစ်လျှင်
(၂)ကျပ် နှုန်းဖြင့် ကောက်ခံလျှက်ရှိပြီး အဆိုပါ အင်တာနက်သုံးစွဲခကို 
Network Data Rate ပေါ်မူတည်၍ ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်ကာ
 ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"Network Data Rate ပေါ်မူတည်ပြီး ကောက်ခံဖို့တော့ လုပ်နေပါတယ်။ ဒီဇင်ဘာလလောက် ဖြစ်ဖို့များပါတယ်။ အဲ့ဒီ အတွက် (ယာယီ)ဈေးနှုန်း
တွေတော့ သတ်မှတ်ထားတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

Network Data Rate ပေါ်မူတည်၍ သုံးစွဲခပြောင်းလဲ ကောက်ခံခြင်း
အတွက် မြန်မာ့ဆက်သွယ်ရေးမှ ၁၀၀ ကီလိုဘိုက်အား (၂)ကျပ်၊ ၁ အမ်ဘီအား (၂၀)ကျပ်နှင့် ၁၀၀ အမ်ဘီအတွက် (၁၅၀၀) ကျပ်မှ (၁၈၀၀)ကျပ်အထိ ယာယီသတ်မှတ်ထားကြောင်း သိရှိရသည်။

ထိုကဲ့သို့ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲခ ပြောင်းလဲကောက်ခံမည်ဟု သတင်းအား မတရားကောက်ခံခြင်းဖြစ်ကြောင်း အင်တာနက်လိုင်းကောင်း
မွန်ခြင်းမရှိပဲ သုံးစွဲခတိုးမြှင့်ကောက်ခြင်းအပေါ် ကန့်ကွက်မှုများလည်း ရှိနေကြောင်းကိုလည်း လူမှုရေးကွန်ယက်များမှတဆင့် သိရသည်။

“ နိုင်ငံတကာစံချိန်ချိုးတဲ့ ၀န်ဆောင်မှုပါပဲဗျာ။”ဟု လူမှုရေးကွန်ယက်
အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

Myit Makha Mediagroup

ရန်ကုန်ဖုန်းတွေ နိဋ္ဌိတံပြီ

ရန်ကုန်ဖုန်းတွေ နိဋ္ဌိတံပြီ


ရန်ကုန်ဖုန်း လို့ ခေါ်ကြတဲ့ CDMA 800 MHz အမျိုးအစားမိုဘိုင်းဖုန်းတွေကို
ထပ်မံချထား ပေး ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ ဒီဖုန်းတွေကို ၂၀၁၀ နှစ်ဆန်းပိုင်းမှာ ငွေကျပ် ၅သိန်းနဲ့ စတင်ရောင်းချခဲ့ပါတယ်။ ဒီဖုန်းတွေက လိုင်းဆွဲအားလည်း ကောင်းမွန်တဲ့အတွက် လူကြိုက်များတဲ့
အထဲမှာ ပါဝင်ပါတယ်။

ပေါ်ဦးစမှာ ရန်ကုန်၊ နေပြည်တော် ၀န်းကျင်သာ သယ်ဆောင်သွားလို့ ရပြီး တဖြည်းဖြည်းနဲ့ လိုင်းတိုးချဲ့ပေးတာကြောင့် အခုဆိုရင် ရန်ကုန်၊
နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်း၊ မုံရွာ၊တောင်ကြီး၊ မန္တလေး၊ပုသိမ်၊ မော်လမြိုင်၊
ပြည် စတဲ့မြို့နဲ့ တိုင်းဒေသကြီးတွေအထိ သယ်ဆောင် အသုံးပြုလို့ ရနေပါပြီ။

ဒီဖုန်းတွေ အသုံးပြုနိုင်တဲ့ ဒေသကို တိုးချဲ့ရေး အစီအစဉ်တော့ မရှိဘူးလို့
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေ သိရပါတယ်။

ဈေးနှုန်း နဲ့ အင်တာနက်သမားတွေ အကြိုက်

ငါးသိန်းနဲ့ ရောင်းနေရာကနေ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး နှစ်သိန်းနဲ့ ရောင်းချ
ပေးခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့မှာပဲ အရောင်း ရပ်ဆိုင်းခဲ့တာပါ။

အင်တာနက် သုံးစွဲခွင့်ကိုတော့ EVDO စနစ်နဲ့ သုံးပြုခွင့်ပေးထားပြီး တမိနစ်ကို ၄ကျပ်နှုန်း ကောက်ခံပါတယ်။ GSM ဖုန်းတွေ အင်တာနက် သုံးတာထက် ၂ကျပ် ပိုဈေးမြင့်နေပေမယ့်လည်း စီ ၈၀၀ က အင်တာနက် လိုင်းဆွဲအား ပိုကောင်းမွန်တာကြောင့် လူကြိုက်များပါတယ်။
“ကျမ ၀ယ်တုန်းက ၂၀၁၀ ဖေဖော်ဝါရီလမှာ။၅၃၀,၀၀၀ လောက်ကို
ပေးဝယ်ရတယ်။ အခုတော့ ဈေးတွေကလည်း ကျပြီး တနိုင်ငံလုံး သယ်သွားလို့ မရတဲ့အပြင် အင်တာနက်ခကပါ ၄ကျပ် ဆိုတော့ အရှုံးပဲ ရှိပါတယ်။ နယ်တွေ ခရီးထွက်ရင် ရမလားဆိုပြီး သယ်သွားပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ကွမ်းခြံကုန်းတို့မှာတောင် မရပါဘူး” လို့ ဒီဖုန်း ကိုင်ဆောင်အသုံးပြုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဈေးတက်လာမလား
ဒီဖုန်းမျိုး ထပ်မချပေးတော့ဘူး ဆိုတောကြောင့် ဖုန်းဈေးနှုန်းတွေ
ပြန်တက်လာမလား ။

ရန်ကုန် လသာမြို့နယ်က ဖုန်းအရောင်းဆိုင် တစ်ခုက “ စီ ၈၀၀ နဲ့ စီ ၄၅၀ ဖုန်းတို့က အခုနောက်ပိုင်းလူစိတ်ဝင်စားမှု သိပ်မရှိတော့ဘူး။ဘာကြောင့်လဲ 
ဆိုရင် သူ့ကို သုံးတာထက်စာရင် W CDMA တွေလည်းလိုင်းဆွဲအား
ကောင်းမွန်ပြီ်း GSM ဟန်းဆက်နဲ့ ပဲ အသုံးပြုလို့ ရတာကြောင့် WCDMA တွေကို ပိုသုံးလာကြတယ်။ စီဒီအမ်အေ တွေက ဟန်းဆက်
ကလည်း ရှားလာပြီကိုး၊ GSM ဟန်းဆက်တွေက အလန်းတွေ ၀င်နေပြီး နောက်ဆိုရင်ပြည်ပ နိုင်ငံတွေကိုပါ သယ်ဆောင်လို့ ရအောင် လုပ်ပေးနေပြီ ဖြစ်တဲ့အတွက် GSM နဲ့ WCDMA ကို လူတွေ ပိုပြီး သုံးလာကြတယ်။ ဖုန်းဈေးတွေကတော့ တက်ဖို့ဆိုတာ သိပ်ပြီး မရှိတော့ဘူး.ဒီထက် ကျဖို့ ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။

အခုအချိန်မှာတော့ WCDMA ဖုန်းတွေကို နှစ်သိန်းခွဲနဲ့ ရောင်းချပေးနေပြီ၊ အင်တာနက် လျှောက်ရင် ကျပ် တစ်သောင်း ၊သုံးစွဲခ ၂ကျပ်နဲ့ တစ်နိုင်ငံ
လုံးကို သယ်ယူသွားလို့ ရပြီ၊ လိုင်းဆွဲအားလည်း ကောင်းမွန်တာကြောင့် ၀ယ်ယူမှုအား ကောင်းနေပါတယ်လို့ ဖုန်းအရောင်းဆိုင်တွေက ပြောပါတယ်။

အေးချမ်းမွန်မှ  ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
ရန်ကုန်ဖုန်း လို့ ခေါ်ကြတဲ့ CDMA 800 MHz အမျိုးအစားမိုဘိုင်းဖုန်းတွေကိုထပ်မံချထား ပေး ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ ဒီဖုန်းတွေကို ၂၀၁၀ နှစ်ဆန်းပိုင်းမှာ ငွေကျပ် ၅သိန်းနဲ့ စတင်ရောင်းချခဲ့ပါတယ်။ ဒီဖုန်းတွေက လိုင်းဆွဲအားလည်း ကောင်းမွန်တဲ့အတွက် လူကြိုက်များတဲ့အထဲမှာ ပါဝင်ပါတယ်။ပေါ်ဦးစမှာ ရန်ကုန်၊ နေပြည်တော် ၀န်းကျင်သာ သယ်ဆောင်သွားလို့ ရပြီး တဖြည်းဖြည်းနဲ့ လိုင်းတိုးချဲ့ပေးတာကြောင့် အခုဆိုရင် ရန်ကုန်၊နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်း၊ မုံရွာ၊တောင်ကြီး၊ မန္တလေး၊ပုသိမ်၊ မော်လမြိုင်၊ပြည် စတဲ့မြို့နဲ့ တိုင်းဒေသကြီးတွေအထိ သယ်ဆောင် အသုံးပြုလို့ ရနေပါပြီ။ဒီဖုန်းတွေ အသုံးပြုနိုင်တဲ့ ဒေသကို တိုးချဲ့ရေး အစီအစဉ်တော့ မရှိဘူးလို့မန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေ သိရပါတယ်။ဈေးနှုန်း နဲ့ အင်တာနက်သမားတွေ အကြိုက်ငါးသိန်းနဲ့ ရောင်းနေရာကနေ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး နှစ်သိန်းနဲ့ ရောင်းချပေးခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့မှာပဲ အရောင်း ရပ်ဆိုင်းခဲ့တာပါ။အင်တာနက် သုံးစွဲခွင့်ကိုတော့ EVDO စနစ်နဲ့ သုံးပြုခွင့်ပေးထားပြီး တမိနစ်ကို ၄ကျပ်နှုန်း ကောက်ခံပါတယ်။ GSM ဖုန်းတွေ အင်တာနက် သုံးတာထက် ၂ကျပ် ပိုဈေးမြင့်နေပေမယ့်လည်း စီ ၈၀၀ က အင်တာနက် လိုင်းဆွဲအား ပိုကောင်းမွန်တာကြောင့် လူကြိုက်များပါတယ်။

Singtech SGT-X40 စမတ်ဖုန်း

 ပြည်တွင်းမှာ လူကြိုက်များနေတဲ့ Singtech SGT-X40 စမတ်ဖုန်း 


အခုလက်ရှိ ပြည်တွင်းမိုဘိုင်း ဈေးကွက်ထဲမှာတော့ Singtech မိုဘိုင်းဖုန်းတွေထဲမှာ SAPPHIRE Xtreme SGT-X40 စမတ်ဖုန်းလေးက လူကြိုက်များနေတယ်လို့ သိရပါတယ်။ စကရင် အရွယ်အစားက ၄ လက်မ ရှိပြီး Touchscreen ဖြစ်ပါတယ်။ အနောက်ပိုင်းမှာ 5 Megapixels ရှိတဲ့ ကင်မရာ တစ်လုံးနဲ့ အရှေ့ပိုင်းမှာ 0.3 Megapixels ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အနောက်ပိုင်း ကင်မရာရဲ့ဘေးမှာ အလင်းပေးနိုင်မယ့် Flash နှစ်ခုလည်း ပါဝင်တာကို တွေ့ရပါတယ်။ 

 GSM 850/900/1800/1900 MHz နဲ့ WCDMA 900MHz/ 2100MHz စတဲ့ မိုဘိုင်း Network တွေကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးအစားပါ။ SIM Slot နှစ်ခု ပါဝင်တဲ့အတွက် GSM နဲ့ CDMA ဆင်းမ်ကဒ် နှစ်ကဒ်လုံးကို တစ်ပြိုင်နက်ထည့်သွင်း အသုံးပြုနိုင်ပါသေးတယ်။ Android Version ကတော့ 2.3.6 ကို အသုံးပြုထားပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ 1GB Processor ထည့်သွင်းထားပါတယ်။ Micro-SD card slot ပါဝင်တာကြောင့် Memoryကို ထပ်တိုးအသုံးပြုနိုင်ပြီး အမြင့်ဆုံး 32GB အထိ တိုးမြှင့်နိုင်ပါတယ်။ အခြား Device များနဲ့ ချိတ်ဆက်နိုင်ဖို့အတွက်တော့ Bluetooth3.0, USB 2.0, Wi-Fi စသည်တို့ကို အသုံးပြုနိုင်ပြီး ဘတ်ထရီကတော့ Li-ion 1500 mAh အမျိုးအစားပါ။ ဖုန်းပြောဖို့ သီးသန့်အတွက်ဆိုရင်တော့ ဘတ်ထရီက ၃ နာရီခွဲကျော်အထိ အသုံးခံနိုင်ပါတယ်။ 

 ဒီဇိုင်းပုံစံကတော့ အရှေ့ပိုင်းမှာ ရိုးရိုးရှင်းရှင်းပါပဲ။ အနောက်ပိုင်း ဖုန်းရဲ့ ခါးလယ်ပိုင်းမှာ ငွေရောင်အပတ်လေးကို ဒီဇိုင်းဖော်ထားပြီး ၄င်းအပေါ်မှာ Singtech အမှတ်တံဆိပ်ကို ရေးထိုးထားခြင်းက ခေတ်ဆန်မှုကို ဖော်ကျူးနေပါတယ်။ Singtech SGT-X40 ရဲ့ ဈေးနှုန်းကတော့ ကျပ် ၁၅၅,၀၀၀ ၀န်းကျင်ဖြစ်ပြီး စိတ်ဝင်စားလို့ ၀ယ်ယူချင်တယ်ဆိုရင်တော့ Singtech ဖုန်း ၀၉-၇၃၁၀-၅၄၆၀ နဲ့ ၀၉-၄၄၈၀-၁၆၇၈၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

 Full Specifications 
 GSM 850/ 900/ 1800/ 1900 MHz
» WCDMA 900MHz/ 2100MHz, 
» 4.0 Inch Touch Screen, 
» Android 2.3.6, 
» 1GHz CPU, Camera  
» Auto Focus 5MP Camera (Back)/ Dual Flash
» 0.3MP (Front) Camera,   
» USB 2.0, Bluetooth 3.0, WiFi  802.11 b/g/n,   
» Micro-SD card slot (Cards up to 32GB),

ပြည်တွင်းမှာ လူကြိုက်များနေတဲ့ Singtech SGT-X40 စမတ်ဖုန်း အခုလက်ရှိ ပြည်တွင်းမိုဘိုင်း ဈေးကွက်ထဲမှာတော့ Singtech မိုဘိုင်းဖုန်းတွေထဲမှာ SAPPHIRE Xtreme SGT-X40 စမတ်ဖုန်းလေးက လူကြိုက်များနေတယ်လို့ သိရပါတယ်။ စကရင် အရွယ်အစားက ၄ လက်မ ရှိပြီး Touchscreen ဖြစ်ပါတယ်။ အနောက်ပိုင်းမှာ 5 Megapixels ရှိတဲ့ ကင်မရာ တစ်လုံးနဲ့ အရှေ့ပိုင်းမှာ 0.3 Megapixels ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အနောက်ပိုင်း ကင်မရာရဲ့ဘေးမှာ အလင်းပေးနိုင်မယ့် Flash နှစ်ခုလည်း ပါဝင်တာကို တွေ့ရပါတယ်။

GSM 850/900/1800/1900 MHz နဲ့ WCDMA 900MHz/ 2100MHz စတဲ့ မိုဘိုင်း Network တွေကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးအစားပါ။ SIM Slot နှစ်ခု ပါဝင်တဲ့အတွက် GSM နဲ့ CDMA ဆင်းမ်ကဒ် နှစ်ကဒ်လုံးကို တစ်ပြိုင်နက်ထည့်သွင်း အသုံးပြုနိုင်ပါသေးတယ်။ Android Version ကတော့ 2.3.6 ကို အသုံးပြုထားပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ 1GB Processor ထည့်သွင်းထားပါတယ်။ Micro-SD card slot ပါဝင်တာကြောင့် Memoryကို ထပ်တိုးအသုံးပြုနိုင်ပြီး အမြင့်ဆုံး 32GB အထိ တိုးမြှင့်နိုင်ပါတယ်။ အခြား Device များနဲ့ ချိတ်ဆက်နိုင်ဖို့အတွက်တော့ Bluetooth3.0, USB 2.0, Wi-Fi စသည်တို့ကို အသုံးပြုနိုင်ပြီး ဘတ်ထရီကတော့ Li-ion 1500 mAh အမျိုးအစားပါ။ ဖုန်းပြောဖို့ သီးသန့်အတွက်ဆိုရင်တော့ ဘတ်ထရီက ၃ နာရီခွဲကျော်အထိ အသုံးခံနိုင်ပါတယ်။

ဒီဇိုင်းပုံစံကတော့ အရှေ့ပိုင်းမှာ ရိုးရိုးရှင်းရှင်းပါပဲ။ အနောက်ပိုင်း ဖုန်းရဲ့ ခါးလယ်ပိုင်းမှာ ငွေရောင်အပတ်လေးကို ဒီဇိုင်းဖော်ထားပြီး ၄င်းအပေါ်မှာ Singtech အမှတ်တံဆိပ်ကို ရေးထိုးထားခြင်းက ခေတ်ဆန်မှုကို ဖော်ကျူးနေပါတယ်။ Singtech SGT-X40 ရဲ့ ဈေးနှုန်းကတော့ ကျပ် ၁၅၅,၀၀၀ ၀န်းကျင်ဖြစ်ပြီး စိတ်ဝင်စားလို့ ၀ယ်ယူချင်တယ်ဆိုရင်တော့ Singtech ဖုန်း ၀၉-၇၃၁၀-၅၄၆၀ နဲ့ ၀၉-၄၄၈၀-၁၆၇၈၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Full Specifications
GSM 850/ 900/ 1800/ 1900 MHz
» WCDMA 900MHz/ 2100MHz,
» 4.0 Inch Touch Screen,
» Android 2.3.6,
» 1GHz CPU, Camera
» Auto Focus 5MP Camera (Back)/ Dual Flash
» 0.3MP (Front) Camera,
» USB 2.0, Bluetooth 3.0, WiFi 802.11 b/g/n,
» Micro-SD card slot (Cards up to 32GB),