This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, May 5, 2013

အားလုံး စိတ်ဝင်စားနေကြတဲ့ Root များ လာပါပြီ All Root ပေါ့ဗျာ (၈) မျိုးပါ 69 MB

ကဲ နောက်ဆုံးထွက် Root ဆော့ဝဲတွေနဲ့ ဖုန်းအမျိုးအစားပေါင်း တစ်ထောာင်ကျော်ကို Root ဖောက်ပေးနိုင်
တဲ့ ဆော့ဝဲတွေရော ရတတ်သမျှ Root ပြုလုပ်တဲ့ ဆော့ဝဲစုံကို တင်ပေးလိုက်ပါပြီဗျာ..စိတ်ကြိုက်တာ ဒေါင်း
ထားလိုက်ပါတော့.။ ဒါကတစ်ခါဆွဲရုံနဲ့ အားလုံးပြည့်စုံသွားမယ်နော်.။ ယူထားသင့်တဲ့ ဆောင်ထားသင့်တဲ့
ဆော့ဝဲတွေပါ လုပ်စားတဲ့သူတွေအတွက်တော့ အတော့်ကို ကောင်းမွန်တဲ့ ဆော့ဝဲတွေပေါ့.။ Root လုပ်မစား
လည်းဘဲ ဒါတွေဟာ တစ်ကယ်လိုအပ်ပါတယ်.။ မရှိရင် ဟိုမှာရှာမရ ဒီမှာရှာမရနဲ့ ဖြစ်နေမှာစိုးတယ်.။ ဒါဟာ
သီချင်းတစ်ပုဒ်စာ ပမာဏရှိတဲ့ ဖိုင်လေးပါ.။ ကိုယ်ထမ်းထားရတာမှ မဟုတ်တာ ကွန်ပျူတာထဲမှာ ထည့်ထား ရမှာကို ဘာဖြစ်လဲ အရေးကြီးတာနဲ့ အရေးမကြီးတာ အားလုံးသိပါတယ်.။ ဒီ Root လုပ်တဲ့ဆော့ဝဲတွေဟာ တစ်ကယ် အသုံးတည့်လား မတည့်ဘူးလားဆိုတာကို အားလုံးအသိပါ.။ ခုအခါမှာ ဖုန်းခေတ်လို့တောင် ပြော မယ်ဆို ပြောလို့ရတယ်ဗျာ လူတိုင်း ဖုန်းကိုင်နိုင်တော့မယ်လေအဲဒီတော့ မြန်မာစာဖောင့်ထည့်ဖို့အတွက်   ရော အခြားအကြောင်းတွေကြောင့်ပါ ဒီ Root လုပ်တဲ့ဆော့ဝဲတွေဟာ လိုအပ်လာပါတယ်.။ လိုအပ်တော့ ရှိသင့်တာပေါ့.ဟုတ်တယ်မဟုတ်လား..။

ကဲဗျာ ဖုန်းအကြောင်းလေး နဲနဲထည့်ပြောလိုက်ပါဦးမယ်..။ မနေ့ကတော့ နဲနဲ တော်ကီထည့်ထားတယ်ဗျာ.
လိုအပ်မှုတွေတော့ အများကြီးပေါ့.။ ဖုန်းတစ်လုံး ပိုင်ဆိုင်တာဟာ မိန်းမတစ်ယောက်ယူသလိုကို တော်တော်
လေး ငွေကုန်မှုများတယ်ဗျာ.။ အဲဒီတော့ ချွေတာပြီးတာ သုံးစွဲကြပေတော့လို့ ထပ်လောင်းပြောချင်တယ်.။
ကိုယ်စားမယ့် သောက်မယ့်အထဲက ဒီဖုန်းအတွက် ဖဲ့သုံးနေရတာဆိုတော့လေ..။ ခုဆို  ဒီနေ့ 24.4.2013 မှာ အစိုးရက 1500 တန် ဆင်းကဒ်တွေ ချပေးပြီဆိုတော့ ကဒ်တန်ဘိုးအနေနဲ့ကတော့ အဆင်ပြေလို့ ၀ယ်နိုင်
ပါပြီ နောက်က လိုက်ရမယ့်ငွေ ပမာဏကို ကိုယ့်ရဲ့ တစ်လလုပ်ခ လစာနဲ့ တွက်ကြည့်ပါ.။ တစ်ယောက်မှာ
တစ်လကို တစ်သိန်း ရတယ်ဆိုပါစို့ အိမ်မရှိသူများ အိမ်ငှါးခ မီးဘိုး ရေဘိုး စားသောက်မှု စသဖြင့် တွက်ကြည့်ရင် အရင်းတောင်စိုက်ရမလို ဖြစ်နေတယ်.။ အဲဒီတော့ ဖုန်းဘိုးကို မကုန်သင့်တာ မကုန်အောင်
တတ်နိုင်သမျှ ချွေတာ သုံးစွဲကြပါလို့ တိုက်တွန်းချင်ပါတယ်.။

ကျုပ်ဆိုရင် ဖုန်းပြောခတော့ မကုန်ဘူး အင်တာနက် သုံးစွဲခက 5000 တန်ဆိုရင် တစ်ပတ်တောင်မခံဘူးဗျ
လေးရက်လောက်ဆို ကုန်ပြီ တစ်လဆို အနည်းဆုံး နှစ်သောင်းလောက်ကျွတ်တယ်.။ အဲဒီတော့ကာ ဖုန်း
ဘိုး အင်တာနက်ဘိုးကို တတ်နိုင်သမျှ ချွေတာနိုင်မှ စားရေးသောက်ရေး အဆင်ပြေမယ်ပေါ့.။

ဒီလောက်ဆိုရင် ခေတ်မှီပညာတတ်တဲ့ သူတွေ သိလောက်ရောပေါ့ မကုန်သင့်တာမကုန်အောင် ချွေတာနိုင်
သမျှ ချွေတာကြပါ ဒါမှ တစ်ဖြည်းဖြည်းနဲ့ တိုင်းပြည်က တိုးတက်မှာပါ..သို့မဟုတ်လျှင် တစ်နေ့ရတာ တစ်နေ့
သုံးတာနဲ့ မကာမိရင်တော့ ဆင်းရဲမြဲ ဆင်းရဲနေကြမှာကတော့ ပြောစရာမလို..။ ကြက်သားဟင်းနဲ့ ထမင်း
စားရမယ့် အစား ဖုန်းဖိုးနဲ့ ကုန်ရင်တော့ ငတ်ပေါက်ဘဲ.။ ကဲ ဘာပဲပြောပြော ချွေတာစုဆောင်း သူဌေးလောင်းတဲ့ဗျာ ချွေတာနိုင်သမျှတော့ ချွေတာကြလို့ တိုက်တွန်းရင်းဖြင့် အားလုံးပြည့်စုံသွားအောင်
All Root လေးတင်ပေးလိုက်တယ် စိတ်ချမ်းစွာဖြင့် ဒေါင်းလော့ချနိုင်ကြပါစေလို့လဲ..ဆုတောင်းပေးလိုက်
တယ်နော် လိုင်းမကောင်းရင် စိတ်ဆင်းရဲနေမှာ စိုးလို့ ကျုပ်တောင် box.com မှာဘဲ တင်နိုင်လိုက်တာ
မီဒီဖိုင်းယားမှာတော့ တင်တာ အဆင်မပြေတတ်ဘူး ဒါကြောင့် လင့်လေးတစ်ခုထဲ ပေးနိုင်လိုက်တာပါ.
အားလုံးကို ခင်မင်စွာဖြင့် မိုးကောင်းကင် 24.4.2013 အမှတ်ရ

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩
 
မိုးကောင်းကင် ဖောင်းပြင်မှ

မိမိဖုန်းဖြင့် scan ဖတ်ချင်သူများအတွက်

Mobile Doc Scanner (MDScan) v2.0.28

document တွေ pdf တွေနဲ့ ဓါတ်ပုံတွေကို မိမိဖုန်းဖြင့် scan ဖတ်ချင်တယ်ဆိုရင်

ဒီကောင်လေးကိုယူသုံးပါ တိုက်ရိုက် scan ဖတ်နိုင်သလို ဖုန်းထဲမှာ ရှိတဲ့ ပုံတွေ စာတွေကိုလဲ scan ဖတ်ပြီး

တော့ mail, facebook , မိမိ  အသုံးပြု့နေတဲ့ social app တခုခု နဲ့ ပြန်ရှယ်လို့ရပါတယ်

စမ်းသပ်သုံးစွဲချင်တယ် ဆိုရင်အောက်မှာ ဒေါင်းသွားလိုက်ပါ





ကိုလတ်(ကျွဲဆင်း)
Requirements: Android 2.2+

Overview: Mobile Doc Scanner (MDScan) is a new business tool

 exclusively for your Android device!

Extremely useful mobile tool gives users the power to transform

 any file into PDF format and share it right from 

your device.

With MDScan users are free to scan any type of document, ranging from receipts to text pages and almost everything in between, on the go anywhere and anytime.
Ranked in Top 10 Business application in 36 countries
#1 Business application in Russia
A perfect companion for busy users, MDScan allows anyone to transform everything from invoices to whiteboards and classes notes, magazine articles and more into a PDF format in order to easily export them, share and e-mail it to others, or for any other reason they can come up with. MDScan automatically detects borders, corrects distortion, and equalizes brightness to create clear, legible documents at a very high speed for your convenience.
Going above and beyond other mobile scanning solutions MDScan offers Batch shooting mode for a super fast scanning so users can easily scan within seconds multiple pages and save scanned files for batch processing later.
The app shines in terms of uploading as well as all document conversion is performed locally right on user’s device. This means that you can upload documents to cloud storage services, including Dropbox, Google Docs, or Box.net, email services, or Facebook and Twitter that is guaranteed to go off quickly, without a hitch, and without risk of any potentially sensitive information becoming compromised.
Simply put there’s enough for you to worry about without having to go out of your way to scan and convert files into PDFs should the need arise, and now with MDScan its one worry you won’t ever have again.
Features:
Main advantages and benefits
Transform any image into PDF format.
Automatic, high quality document edge detection and perspective correction.
Manual free Advanced image processing to enhance poor quality images and documents.
Quickly scan and manage multi-page documents on the go
Scan, upload or send any document quickly, including receipts, news and magazine articles, invoices, coupons, posters and much more
Cloud storage and social network integration for accessibility and sharing
What’s in this version:
External SD card support

 
 ကိုလတ်(ကျွဲဆင်း)မှ

မိုဘိုင်းဖုန်းလိုင်းများ နှင့် အင်တာနက်အမြန်နှုန်းများ Sunday, May 5, 2013


 မိုဘိုင်းဖုန်းလိုင်းများ နှင့် အင်တာနက်အမြန်နှုန်းများ
Sunday, May 5, 2013

လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေကြသော မိုဘိုင်းဖုန်းလိုင်းများမှာ လူအများသိရှိကြသည့်အတိုင်း
GSM, WCDMA, CDMA (800 MHz) နှင့် CDMA (450 MHz) ဆိုသည့် ဖုန်းလိုင်းများ ဖြစ်ကြပါသည်။

GSM, WCDMA, CDMA (800 MHz) တွေကတော့ ဖုန်းလိုင်းအပြင် အင်တာနက်ပါ အသုံးပြုနိုင်သည့် ဖုန်းလိုင်းများပဲ ဖြစ်ပါသည်။

မိတ်ဆွေတို့ အနေဖြင့် အင်တာနက် အသုံးပြုလျှင် မည်သည့်ဖုန်းလိုင်းသည် အကောင်းဆုံးဖြစ်သည်ဟု ထင်ပါသနည်း??? စိတ်ကျေနပ်မှု အများဆုံး ပေးနိုင်ပါသနည်း???

ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် အစရှိသည့် 3G လိုင်းမိသည့် မြို့နေ Mobile User များကတော့ WCDMA သည် အင်တာနက် အသုံးပြုရတာ အကောင်းဆုံးဟု ပြောကြမည်မှာ အမှန်ပင်။

3G လိုင်းမမိသည့် အခြားသော မြို့များရှိ Mobile User များကလည်း မိမိတို့ ၀န်းကျင်ရှိ လိုင်းဆွဲအားအရ GSM သည်သာလျှင်လည်းကောင်း (သို့မဟုတ်) CDMA 800 MHz သည်သာလျှင်လည်းကောင်း အင်တာနက် အသုံးပြုရတာ အကောင်းဆုံးဟု ပြောကြမည်မှာလည်း မလွဲပေ....

လက်ရှိအသစ်ထွက်ပေါ်လာသော mectel ငွေဖြည့်ကဒ်သုံး 1500 တန် CDMA 800 MHz ဖုန်းလိုင်း၏ အင်တာနက် Speed သည်လည်း အကောင်းဆုံးမဟုတ်သည့်တိုင်အောင် ကောင်းမွန်သည်ဟု ပြောနိုင်ပါသည်။

1500 တန် CDMA 800 MHz ဖုန်းလိုင်း၏ အင်တာနက် လိုင်းသည်လည်း 910×××××, 73×××××× စသည့် 800 MHz လိုင်းများနည်းတူ ကောင်းမွန်ပါသည်။

1500 တန် CDMA 800 MHz ဖုန်းလိုင်း၏ အားနည်းချက်များကတော့ -

- ၄င်းဖုန်း၏ ဆက်သွယ်ရေး တိုင်ရှိသည့် နေရာ၏ (၂) မိုင်ပတ်လည်တွင်သာ လိုင်းမိခြင်း

- ခရီးသွားရင်း ၊ ကားစီးရင်း ၊ ဆိုင်ကယ်စီးရင်း ဖုန်းပြောဆိုမှုကို ဆက်တိုက် ပြောဆိုသွားပါက
၎င်း၏ ဆက်သွယ်ရေးဧရိယာ ၀န်းကျင်ပမာဏမှာ (၂) မိုင်လောက်သာ ရှိသဖြင့် ယင်းဝန်းကျင်ထက် ကျော်လွန်သွားပါက ဖုန်းလိုင်းပြတ်တောက်သွားခြင်း ၊ တခြားခရီးလမ်း တနေရာ၏ ၄င်းလိုင်း၏ ဆက်သွယ်မှု ဧရိယာထဲ ပြန်ရောက်မှ ဖုန်းခေါ်ဆိုမှုများ ပြန်လည် ပြုလုပ်နိုင်ခြင်း

- အင်တာနက် အသုံးပြုရင်း ဖုန်းဝင်လာပါက အင်တာနက် လိုင်း ပြတ်တောက်သွားခြင်း

- တစ်လအတွင်း အနည်းဆုံး ဖုန်းဘေလ် ၂၅၀၀ ကျပ် အသုံးပြုရခြင်း (ပြောစရာ ရှိသည်ဖြစ်စေ/ မရှိသည်ဖြစ်စေ) စသည့် အချက်များပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ...

WCDMA (3G) လိုင်းမမိသည့် မြို့များ ၊ GSM (2G) လိုင်းရှိသည့် အင်တာနက်လိုင်းကိုသာ အသုံးပြုသူများအတွက် လက်ရှိ အသစ်ထွက်သော mectel ငွေဖြည့်ကဒ်သုံး CDMA 800 MHz သည် အင်တာနက်အသုံးပြုရာတွင် Speed အမြန်နှုန်းမှာ Mobile User များအတွက် တစ်ထောင့်တစ်နေရာမှ စိတ်ချမ်းသာမှု ၊ လုပ်ငန်းပြီးမြောက်နိုင်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်....

Myawaddy News

ကိုလတ်(ကျွဲဆင်း)

ဖုန်းအချက်ပေးစနစ်(မြန်မာ) 3.55Mb

ဖုန်းအချက်ပေးစနစ်
main
ဖုန်းလုံခြုံရေး apk တစ်ခုပါ…မိမိတို့ဖုန်း အားသွင်းနေရင်းတစ်နေရာမှာခဏထားခဲ့ခြင်း၊သတိလက်လွတ်ထားခဲ့မိတဲ့အချိန်တွေမှာ  တစ်စုံတစ်ယောက်ကယူကိုင်ခဲ့လျှင်အချက်ပေးသံမြည်ပေးပါတယ်…
လုပ်ဆောင်နိုင်တဲ့အချက်တွေကတော့……..
-ဖုန်းရဲ့လော့(လျှို့ဝှက်နံပါတ်မသိပဲ)ဖွင့်ခြင်း
-ဖုန်းကိုယူကိုင်ခြင်း
-နေရာရွှေ့ခြင်း

စသည်တို့ကိုလုပ်ဆောင်နိုင်ပါတယ်….မိမိဖုန်းကို  အချက်ပေးစနစ်ဖွင့်ထားချိန်မှာယူကိုင်တဲ့သူတွေကိုဓါတ်ပုံလည်းရိုက်ပေးထားပါတယ်
အကယ်၍လျှို့ဝှက်နံပါတ်မသိပဲယူကိုင်မိလျှင် ဆူညံသောအချက်ပေးသံက လျှို့ဝှက်နံပါတ်မှန်ကန်စွာမဖြည့်နိုင်မချင်း မြည်နေမှာပါ…စမ်းကြည့်လိုက်ကြပါအုံး
မြန်မာမိုလ်ဘိုင်းအသုံးပြုသူတွေအဆင်ပြေစေရန် မြန်မာမှုပြုပေးထားပါတယ်….
234
ဖုန်းအချက်ပေးစနစ်အား ဒီမှာဒေါင်းပါ …………..
D မိုးသားမှ ကူးလာ

Samsung Glaxy MINI 2 GT-S6500D ကို Root လုပ်နည်း

GT-S6500 အတွက်ပါ ။ GT-S6500D အတွက်မဟုတ်ပါ ။ ဂရုစိုက်စေချင်ပါသည် ။
ကျွန်တော်ကိုယ်တိုင်မှားခဲ့ပြီး တိုင်ပတ်ခဲ့ပြီးမို့ပါ ။ အခုတင်တဲ့နည်းက GT-S 6500 အတွက်ပါ ။

ထုံးစံအတိုင်း လိုအပ်ချက်လေးတွေအရင်စုပါမယ် ။
ပထမဆုံးနဲ့ အရေးအကြီးဆုံးလိုအပ်ချက်က သင့်မှာ Samsung Galaxy Mini2 ရှိရပါမည် ။း)
နောက်ထပ်လိုအပ်ချက်က ကွန်ပြူတာတလုံး ။ ထို့နောက် ဖုန်းနှင့်ဆက်သွယ်ရန် USB Cable ။
ထို့နောက် သင်၏ဖုန်းအား ကွန်ပြူတာမှသိစေရန် ကွန်ပြူတာတွင် Driver software ရှိနေရပါမည် ။
ကဲ . . . ဒါတွေရှိရဲ့လား ။ မရှိရင်တော့ ကိုယ့်ဟာကိုယ်သာ ရှာပြီးစုလိုက်ပါ ။း))

ကျွန်တော်က ဒုတိယပိုင်းကနေ စပြောပါမယ် ။ ဒေါင်းလုပ်ကနေပဲ စကြတာပေါ့ ။ အောက်မှာပေးထားတဲ့
ဖိုင်ကိုအရင်ဒေါင်းပါ...

ပထမဆုံး ဖုန်းကနေ USB Debuging ကို ဖွင့်ပေးရပါမယ် ။
Setting >> Application >> Development  သွားလိုက်ပါ ။ USB Debuging တွေ့ပါမယ် ။
အမှန်ခြစ်ခဲ့လိုက်ပါ ။ ပြီးရင် ဖုန်းကို Shut Down ချပါမယ် ။
ပြီးတဲ့အခါ ဖုန်းရဲ့ Volume Down + Home + Power ခလုပ်သုံးခုကို စုံနှိပ်ပြီး Download Mode
ထဲသို့ဝင်ပါမယ် ။ ပြီးရင် စောစောက ဒေါင်းထားတဲ့ Odin3 ကို Zip ဖြည်ပြီး Run လိုက်ပါ ။
Odin3 ဖွင့်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပြူတာနဲ့ကို USB Cable သုံး၍ ဆက်သွယ်လိုက်ပါ ။
ဆက်လိုက်တာနဲ့  ( Computer က Phone Driver သာမှန်မယ်ဆိုရင် ) Odin3 မှာ
ဖုန်းဆက်သွယ်လိုက်ကြောင်း ပြပါလိမ့်မယ် ။ ဘယ်ဘက်အပေါ်ထောင့်နားကအကွက်လေးမှာ
အ၀ါရောင်လေးဖြစ်နေပါမယ် ။ အဲ့လိုဖြစ်နေပြီဆိုရင် PDA ကို နှိပ်၍ စောစောက ဒေါင်းထားတဲ့
CWM 5.0.2.8.tar.md5 ဖိုင်ကိုရွေးလိုက်ပါ ။ ပြီးရင် Start ကိုနှိပ်၍ ခဏစောင့်နေပါ ။
ဖုန်းက Auto Reboot ကျသွားပါမယ် ။ ဖုန်းပြန်တက်လာရင် နောက်တစ်ခါ Shut Down ချပါ ။
ပြီးရင် ဖုန်းရဲ့ Vol Up + Vol Down + Home + Power ခလုပ်လေးခုလုံးကို ငါးစက္ကန့်ခန့်စုံနှိပ်ထားပါ ။
ဖုန်းပြန်တက်လာရင် Clock Work Mod Recovery ထဲရောက်ပါမယ် ။
Recovery Mode ထဲရောက်ပြီဆိုရင် စောစောက ဒေါင်းထားတဲ့ Root Me ဖိုင်ထဲမှ
Runme.bat ဖိုင်ကို နှိပ်လိုက်ပါ ။ အမဲရောင် Box တစ်ခုပေါ်လာပါမယ် ။
သူ့ဟာသူ စာတမ်းတွေအများကြီး အော်တိုတက်နေပါမယ် ။ စာတန်းတွေတက်နေတာကုန်ရင်
ALL Done !! ဆိုပြီးပေါ်ပါလိမ့်မယ် ။ အကယ်၍ All Done !! မပေါ်ခဲ့ရင် Runme.bat ကို
နောက်တစ်ခါပြန်နှိပ်ပါ ။ All done ပေါ်လာပြီဆိုရင်တော့ ဖုန်းကို Reboot ချပါမယ် ။
Recovery Mode ထဲမှာ Reboot System Now ဆိုတာလေးတွေ့ပါမယ် ။ အဲ့ဒါကို
ဖုန်းရဲ့ Home Key နဲ့ရွေးပြီး ဖုန်းကို Reboot ချလိုက်ပါ ။ ဖုန်းပြန်တက်လာရင်
အ၀ါရောင် တြိဂံ Sign လေးပေါ်နေတတ်ပါတယ် ။ နောက်ပြီး ဖုန်းမော်ဒယ်က 7500
ဖြစ်နေတတ်ပါတယ် ။ ပြဿနာမရှိပါဘူး ။ ဖုန်းပွင့်လာပြီဆိုရင်တော့
Super User ဆိုတဲ့ပင်လယ်ဓါးပြစက်ရုပ်အစိမ်း Icon လေးကို သင့်ဖုန်းမှာ မြင်နိုင်ပါပြီ ။
Root လုပ်ခြင်း ပြီးဆုံးသွားပါပြီ ။း) အဆင်ပြေကြပါစေ ။
အဆင်မပြေရင် ahluueain@gmail.com မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။း)

Credit To=> http://ahluueain.blogspot.com 

ITHelper မှ တစ်ဆင့်ကူး

Sony ဖုန်းတွေနဲ့ အခြား ဖုန်း အများကြီးကို Root နိုင်တဲ့ Root_with_Restore_by_Bin4ry_v30: [Glass Root added


Sony ဖုန်းတွေနဲ့ အခြား ဖုန်း အများကြီးကို Root နိုင်တဲ့ Root_With_Restore_By_Bin4ry_v30 ထွက်လာလို့ တင်ပေးလိုက်ပါတယ်.. အရင်ကလည်း တင်ပေးခဲ့ဖူးပြီးသားပါ.. ဒါက 1.5.2013 ရက်နေ့ ထွက်လာတဲ့ Update ပါ...  လုပ်နည်းကိုတော့ v 26 တုန်းက ဒီမှာ ရှင်းပြထားတယ်..

Root လုပ်နည်း Video ကိုတော့ http://www.youtube.com/watch?feature=player_embedded&v=7EpkrCq1gfM မှာ ကြည့်နိုင်ပါတယ်...


အဆင်ပြေပါစေ..

မောင်ပေါက်


Download Links: 7 MB

Samsung Glaxy S2,3 နဲ့ Note 2 အချို့ကို Root နိုင်တဲ့ ExynosAbuse-v1.40.apk


ExynosAbuse-v1.40.apk ကို Install လုပ်ပြီး Root device ကိုနှိပ်ရုံနဲ့ Root ပြီးသားဖြစ်သွားမှာပါ... ဒီ App ကို သာမန် App တွေ Install လုပ်သလိုပဲလုပ်လိုက်ပါ.. ပြီးတော့ App List ထဲက Icon ကို တစ်ချက်နှိပ်လိုက်ပါ.. ပေါ်လာတဲ့အထဲမှာ Root device ကိုနှိပ်ပေးလိုက်ပါ..


ExynosAbuse-v1.40.apk နဲ့ Root နိုင်တဲ့ Glaxy တွေကတော့-
  • Samsung Galaxy S2 GT-I9100
  • Samsung Galaxy S3 GT-I9300
  • Samsung Galaxy S3 LTE GT-I9305
  • Samsung Galaxy Note GT-N7000
  • Samsung Galaxy Note 2 GT-N7100
  • Samsung Galaxy Note 2 LTE GT-N7105
  • AT&T Galaxy Note 2 SGH-I317
  • Verizon Galaxy Note 2 SCH-I605 both locked and unlocked bootloaders work
  • Samsung Galaxy Camera EK-GC100
  • Samsung Galaxy Tab Plus GT-P6210
  • Samsung Galaxy Note 10.1 GT-N8000, GT-N8010, GT-N8013, GT-N8020
တွေပဲဖြစ်ပါတယ်...

အဆင်ပြေပါစေ..

မောင်ပေါက်

Download Links:

Nokia Firmwares Collections


Nokia Firmware တွေ လိုချင်တယ်လို့ ပြောလာတာနဲ့ ရှာပြီးတင်ပေးလိုက်ပါတယ်...
အောက်မှာ လုပ်ပုံလုပ်နည်းတွေလည်းတွေ့ရဲ့.. ကျွန်တော်က နားမလည်တော့ နားလည်တဲ့လူတွေ အသုံးတည့်အောင် ကော်ပီကူးချလာခဲ့တယ်...

Files Needed :-With Indicator and battery Signals_
Nokia Belle OS 8.2 For Nokia 5800 Only, Other Files ( Other Files UDA & core ) Download 
Nokia Belle OS 8.2 For Nokia 5800 Only  (  Rofs2 File) Download No English Language ! See Below for English!!
Without battery and signal indicators_

Nokia Belle OS 8.2 For Nokia 5800 Only, Other Files ( Other Files UDA & core) Download 
Nokia Belle OS 8.2 For Nokia 5800 Only ( Rofs2 File ) Download 
No English Language ! See Below for English!!

HERE IS NEW LINK FOR SYMBIAN BELLE ENGLISH CLICK HERE
19/01/2013
Files For Nokia 5530 RM-504 V40 Symbian Belle :- Download
Password for LinsPirat Plus Pack is “tintinboss2012” (without qoutes)

Files For Nokia C6 RM-612 Symbian Belle :- Rofs3 and Uda Download AND  Rofs2 Download

Nokia X6 RM-559 v40.0.002 Symbian Belle :- Uda and core files for X6and Rofs2 file for Nokia X6


Updated 04/12/2012

JAF Flashing Tool JAF 1.98.64 Full Download ( 4shared.com)

More phone will be soon updated.

 


ALL FILES IN MEDIAFIRE! No WORRIES , NO WAITS ! xD
Now lets see How To start This..................................
The Method is still same.................
Flashing Method is Still Same!
SEE MY BLOG ABOUT INSTALLING SYMBIAN ANNA.

Method:-

1- Install JAF.
2-Downalod the files With Indicators or Without , UPTO YOU.
3- Make sure battery is 75% or above.
4-Place All the Files in C:/Program Files / Nokia / Phoenix / Products / RM-356
5- Run JAF Software , It is normal if it says " ERROR , JAF BOX NOT INSTALLED"
6-Go to "bb5 tab"
7- Click Manual Flash , Dead usb , Normal mode , Untick " CRT-308"
8- Tick " Use INI " Select your RM and your Phone, Nokia 5800 Xpress Music RM-356.
Click On Flash and Click OK / YES
 
မောင်ပေါက် from

Huawei C8650 ကို အဖြစ်တူး Root လုပ်နည်း


ဘာမှမလုပ်ခင် Huawei Driver တွေ မိတ်ဆွေရဲ့ Computer ထဲမှာ အဆင်သင့်ထည့်ထားသင့်ပါတယ်..

Driver ကို ဒီမှာ ဒေါင်းပါ.. ဒါမှ မဟုတ်.. ဒီမှာ ဒေါင်းနိုင်ပါတယ်..

လိုအပ်တဲ့ Software ကို အောက်ကလင့်မှာ အရင်ဒေါင်းထားလိုက်ပါ..
Download
Recovery အရင်ခေါ်ရပါမယ်..
ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume- (အသံလျှော့ခလုပ်) နဲ့ Power ခလုပ်ကို တွဲပြီး ဖိနှိပ်ထားပါ.. ဖုန်းပါဝါပွင့်လာပြီး လိုဂိုမှာ ရပ်နေတဲ့အထိ တွဲနှိပ်ထားမှာဖြစ်ပါတယ်..
ပြီးရင် ခုနက ဒေါင်းထားတဲ့ Zip ဖိုင်ကို ဖြည်လိုက်ပါ.. အဲဒီထဲမှာ C8650 Recovery v2.1 နဲ့ update.zip နှစ်ဖိုင်ထွက်လာပါမယ်..
အဲဒီထဲက C8650 Recovery v2.1 ကို Run ဖို့ အဆင်သင့်ပြင်ထားပါ.. မ Run ရသေးပါဘူး..  ဖုန်းကို USB ကြိုးနဲ့ ကွန်ပျူတာကို ချိတ်လိုက်ပါ..
ခုမှ C8650 Recovery v2.1 ကို Run ပေးလိုက်ပါ.. ကလစ်တစ်ချက်ထောက်ပြီး Enter ခေါက်ပေးလိုက်ရင်ရပါတယ်.. သူ့ဘာသာသူ အလုပ်လုပ်ပြီး ဖုန်းပိတ်သွားပါမယ်.. ခဏနေလို့ ဖုန်းပါဝါမပိတ်ရင် ဓါတ်ခဲကို ဖြုတ်ပြီး ၅ စက္ကန့်လောက်စောင့်ပြီး ဓါတ်ခဲပြန်ထည့်ပါ
ခဏလေးနဲ့တော့ ပါဝါမပိတ်လို့ဆိုပြီး ဓါတ်ခဲဆွဲမနှုတ်နဲ့ပေါ့ဗျာ.. နည်းနည်းသင့်တော်ရုံလောက်တော့ အချိန်စောင့်ပေါ့.. ဖုန်းကို ပါဝါမဖွင့်နဲ့အုံးနှော်
အခု ဖုန်းထဲကို ထည့်တဲ့ SD Card တစ်ခု လိုပါတယ်.. အဲဒီထဲမှာ ဘာဖိုင်မှ ရှိမနေရပါဘူး.. အသစ်လည်းရတယ်.. ဖိုင်ရှိနေရင်လည်း Format ချလိုက်ပေါ့နှော်..
အဲဒီ SD Card ထဲကို ကွန်ပျူတာမှာ ခုနက ဒေါင်းပြီးဖြည်ထားတဲ့ဖိုင်ထဲက Update.zip ဖိုင်ကို ထည့်လိုက်ပါ.. ပြီးရင် အဲဒီ SD Card ကို ဖုန်းထဲကို ထည့်လိုက်ပါ..
ပြီးရင် ဖုန်းရဲ့ Volume + ခလုပ်နဲ့ Power ခလုပ်နှစ်ခုကို တွဲဖိနှိပ်ထားလိုက်ပါ. Recovery Menu တက်လာပါပြီ...
အဲဒီမှာ အပေါ်အောက်ရွှေ့ဖို့ Volume + /- ခလုပ်တွေကိုသုံးပါ.. ၀င်ဖို့ power ခလုပ်ကိုသုံးပါ..
တရုတ်နဲ့ အင်္ဂလိပ်စာတွေကြားမှာ အင်္ဂလိပ်စာနဲ့ update.zip ဆိုတာလေးကို တွေ့ရဲ့လား.. အဲဒီကိုရောက်အောင် စောစောကပြောခဲ့တဲ့ Volume အပေါင်းခလုပ်နဲ့ အနှုတ်ခလုပ်ကို နှိပ်ရင်းရွှေ့ပါ.
ရောက်ရင် power ခလုပ်ကို တစ်ချက်နှိပ်လိုက်ပါ.. ဒါ update.zip ကို ၀င်တာပေါ့ခင်ဗျာ..
ပြီးရင် ဖုန်းရဲ့ Touch ပေါ်က မှန်ဘီလူးပုံလေး.. ရှာတဲ့ခုလုပ်လေးလေ. အဲဒါကို တစ်ချက်နှိပ်လိုက်ပါ..  ဒါဆိုရင် ခုနက ထည့်ထားတဲ့ update.zip ကို ထပ်တွေ့ရပါမယ်..
အဲဒါကိုလည်း power ခလုပ်ကို တစ်ချက်နှိပ်ပြီး ၀င်လိုက်ပါ.. သူ့ဘာသာသူ Root ဖြည်ပြီး ဖုန်းပါဝါ ပြန်တက်လာပါမယ်... မတက်လာရင်တော့ ဓါတ်ခဲကို ဖြုတ်ပြီး ပြန်ထည့်ပေါ့ခင်ဗျာ.. စိတ်တော့ နည်းနည်းရှည်ပေးလိုက်ပါ
ခု ပါဝါကို ဖွင့်လိုက်ပါတော့.. list ထဲကို ၀င်ကြည့်လိုက်လို့ Super user ဆိုတဲ့ အရိုးခေါင်းပုံ application ကိုတွေ့ရင်တော့ မိတ်ဆွေရဲ့ဖုန်း အမြစ်ပေါ်ပါပြီ.. အမြစ်တော့ တူးလိုက်တာပေါ်သွားပြီ.. ကျန်တာမပေါ်ပါစေနဲ့..

ဒီနည်းက Mobile House ရဲ့ နည်းပါ.. အဆင်ပြေပါတယ်...

နောက်တစ်နည်းကိုလည်း တင်ပေးလိုက်ပါတယ်.. ဒီနည်းကတော့ ကျွန်တော် မလုပ်ဖူးပါဘူးခင်ဗျာ..
ဒါပေမယ့် အထက်ကနည်းနဲ့ အဆင်မပြေရင် လုပ်လို့ရအောင်လို့ပါ..


Huawei C8650 ကို Recovery မှ ဖလက်ရှ်လုပ်၍ Root နည်း
လိုအပ်တဲ့ Huawei Driver များကိုတော့ ဒေါင်းထားလိုက်ပါ ... ။:)

ပထမဆုံး http://dl.vmall.com/c0iil199co မှာ C8650REC.5.0.2.3 file size က (6.04 MB) ဆိုတာကို နှိပ်လိုက်

login form ကျလာရင်..

mmuc.share@gmail.com

password: don'tchange

ရေးထည့်ပြီး  enter ခေါက်လိုက် ၊ အဲ့ကောင်ကိုအရင်ဒေါင်းပါ .. ။

ပြီးရင် C8650 Root_zip ကိုပါဒေါင်း .. Root.zip ဖိုင်ကို SD ကဒ်ထဲ ထည့်ထားပါ ... ။

ပြီးရင် ပါဝါပိတ်ပြီး ခဏစောင့်ပါ .. ။

Fastboot Mode ထဲဝင်ရန် Vol Down + Power ကို ဆယ်စက္ကန့်လောက် နှိပ်ပေးပါ ... ။

Huawei Logo မှာတင်ရပ်နေတဲ့အခါ ကွန်ပျူတာနဲ့ချိတ်လိုက်ပါ .. ။

ပထမဦးဆုံးဒေါင်းထားတဲ့ Install-recovery-windows.bat ကိုနှိပ်လိုက်ပါ ...။

waiting for device ပေါ်နေပြီး ခဏစောင့်ပေးပါ .. ။

ဖုံးကသူ့ဘာသာအလုပ်လုပ်ပြီး နောက်ဆုံး Restart ကျသွားပါလိမ့်မယ် ... ။

ဖုံးဘက်ထရီကို ခဏဖြုတ်ပြီး ငါးစက္ကန့်လောက်စောင့်ပေးပါ ... ။

Recovery Mode ထဲသို့သွားဖို့ Vol Up + Power ကို ၇ စက္ကန့်၊ ၈ စက္ကန့်ခန့် နှိပ်ပေးပါ ... ။

Recovery mode ၀င်သွားလျှင် ဘူးသီးငါးပေါင်းကြော် စာတွေကို တွေ့ရပါလိမ့်မယ် :D :D :D

အဲ့ဒီထဲမှာ SD ဆိုပြီးပါတဲ့  နေရာလေးကို ၀င်ပေးပါ ... ။ Recovery mode ထဲမှာ Vol down, Vol up, နဲ့ သွားပြီး Power ခလုတ်ကို အသုံးပြုရမှာပါ ...။

SD ဆိုတဲ့နေရာကိုဝင်ပြီး ပထမဦးဆုံးတစ်ခု ကိုဆက်ဝင်ပါ ... ။ SD ကဒ်ထဲက ဖိုဒါတွေ၊ ဖိုင်တွေ တွေ့ရင် အဲ့ဒီထဲက Root.zip ဆိုပြီး ကော်ပီလုပ်ထားတဲ့ ဖိုင်လေးကို

Apply လုပ်ပါ.. ။ အဲ့ဒီမှာ အပေါ်တစ်ကြောင်းအောက်တစ်ကြောင်း

အပေါ်အကြောင်းမှာ C8650 root zip ဆိုပြီးပါပါတယ်။ အဲ့ဒီ C8650 root zip ထဲဝင်လိုက်ရင် သူ့ဘာသာ အလုပ်လုပ်ပြီး  နောက်ဆုံး အင်္ဂလိပ်လို Install complete Good Lucky ဆိုပြီး

ပေါ်လာပါလိမ့်မယ် ... ။ ပြီးတာနဲ့ ဘက်ထရီသာ ဆွဲဖြုတ်လိုက်ပါ ... နောက် ပြန်တပ်လိုက်ပါ ... ။ ဒါဆိုရင် အားလုံး Done ပါပြီ ... ။ ဘူသီးငါးပေါင်းကြော်နဲ့ အင်္ဂလိပ်လို ရောထားတဲ့

RE ဆိုတဲ့ဟာကို ၀င်လိုက်ပါ ... ။ Super User permission တောင်းရင် Allow လုပ်ပေးလိုက်ပါ ... ။ နောက်ဆုံး အမြစ်တူးလို့ ပြီးပါပြီ ... ။

အမြစ်တူးပြီးတဲ့နောက် မြန်မာဖောင့် ထည့်ဖို့ ဦးသူရိန်ရဲ့ Zawgyi installer နဲ့ Myan key ကို Install လုပ်ပြီး အသုံးပြုနိုင်ပါပြီ .... ။

PS. Unlock root, super one click စတာတွေနဲ့ မရတဲ့ Huawei c8650 ကို Root တာပါ .. ။ :D  ကျွန်တော့်ကို ကို Sai Nyi Phyo ပြောပေးတဲ့ဟာတွေနဲ့ လိုက်လုပ်ပြီး ရတဲ့နည်းပါ ...။ ကိုယ်တိုင်မတတ်ပါ .. ။ ဟီးးးးးးးးး ... ။ တစ်ခုခုမရရင် ဒီလူကြီးကိုသာ အက်ပြီးမေးပေတော့ဗျို့ .. ။ :P :P :P
စိုင်း အာ ကာ (MMUC)

ကဲဒီလောက်ဆိုရင်တော့ Huawei C8650 ခမျာ အမြင်တင်မက ရေသောက်မြစ်ဖျားလေးပါမကျန် လန်လောက်ပါပြီ...




ခင်မင်လျက်

မောင်ပေါက် from

Offline boot loader unlock ကို 5minutes အတွင်း အလွယ်တကူလုပ်ရအောင်


U8825D U8950D G510 C8825 phone တွေအားလုံးကို offline boot loader unlock ကို 5minutes အတွင်း အလွယ်တကူ လုပ်လို့ရပါတယ်. သေချာ စမ်းသပ်ပီး ဖြစ်ပါသဖြင့် restart ကျခြင်း လုံးဝ မရှိပါ...ph တစ်လုံး root လုပ်ရန် ကြာချိန်သည် 10minutes သာဖြစ်ပါသည် .3ရက်မဟုတ်ပါ 2ရက်မဟုတ်ပါ 1ရက်မဟုတ်ပါ ခဏလေးပါပဲ....

ပထမဆုံး ဒီ link
1. Download Boot Loader လေးကို ဒေါင်း :)

2.ရလာတဲ့ဖိုင်ကို zip ဖြည်လိုက် အထဲက dload ဖိုင်လေးကို format ချထားတဲ့ sdcard အလွတ်ထဲကို ကူးလိုက်

3. ပြီးရင် U8825D phone ထဲကို sd card လေးထည့်ပြီးတော့ phone volume up+down နဲ့ power key ကိုတပြိုင်တည်း ဖိ update success ဖြစ်သွားရင်တော့ သင့်Phone လေးက Boot loader unlock ဖြစ်သွားပါပြီ။ 3ရက်တွေ 2ရက်တွေ 1မနက်တွေ စောင့်မနေပါနဲ့ တော့ :P

4.ပြီးရင်တော့ ကြိုက်နှစ်သက်ရာ unlock tool နဲ့ root လုပ်လို့ ရပါပြီ.......

(ဒီလိုလုပ်ရင်လွယ်ပါတယ်ကွာ :)
စိတ်ချမ်းမြေ့ကြပါစေ

မောင်ပေါက်

Credit to   Mc Pinglay

iOS 6 to 6.1 ကို Untethered Jailbreak လုပ်နည်း


ဒီပို့စ်အတွက် မိုးသကြား ကို ပထမဦးစွာ ကျေးဇူးတင်ပါတယ်..

မောင်ပေါက်..

iOS 6.x အတွက် Untether Jailbreak ပြုလုပ်နိုင်သည့် "evasi0n" ကို ဖေဖော်ဝါရီ ၅ ရက်နေ့  ညဦးပိုင်းက အောင်မြင်စွာ ထုတ်ပေးခဲ့နိုင်ပါတယ်။

Jailbreak ဖန်တီးသော အဖွဲ့  "evad3rs" က ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ထုတ်ပေးနိုင်မည်ဟု ကြေငြာထားခဲ့သော်လည်း Final Testing အချောသတ် ပြုလုပ်မှုများကြောင့် ယနေ့ မှ ထွက်ရှိလာခဲ့နိုင်တာဖြစ်ပါတယ်..

** Jailbreak မပြုလုပ်မီ ပြင်ဆင် သတိပြုရမည့် အချက်များ **

  • Device သည် iOS 6.1 update လုပ်ထားပြီးသား ဖြစ်ရပါမည်။
  • မိမိ၏ iOS device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။
  • "evasi0n" ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။
  • Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်၊ Jailbreak လုပ်နေစဉ်တွင် computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။


>> Download Evasi0n (WindowsMac OS XLinux

လုပ်ငန်းစဉ် 

အဆင့် ၁)
ပထမဦးစွာ မိမိ၏ iOS Device ကို PC နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။


အဆင့် ၂)
Backup လုပ်ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ (device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ)

အဆင့် ၃)
အထက်တွင် Download ရယူခဲ့သော "evasi0n.exe" ကို Run ပါ။

အဆင့် ၄)
"Jailbreak" button ကိုနှိပ်ပါ။ (Jailbreak လုပ်နေစဉ်အတွင်း မည်သည့် program မှ အသုံးမပြုပါနှင့်)


အဆင့် ၅)
အောက်ပါပုံအတိုင်း Jailbreak ပြုလုပ်နေသည်ကို တွေ့ ရပါမည်။


- Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် reboot လုပ်ပါလိမ့်မည်
- passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ passcode ကို ရိုက်သွင်းပါ။



အဆင့် ၆)
ဤအဆင့်တွင် ပုံပါအတိုင်း "Jailbreak" icon ကို နှိပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


ထိုအခါ သင့် Device ၏ Home screen တွင် "evasi0n" icon လေးကို အောက်ပါပုံအတိုင်း တွေ့ ရပါလိမ့်မည်။ နှိပ်ပေးလိုက်ပါ။


အဆင့် ၇)
ဆက်လက်၍ "Injecting" အလိုလျှောက် လုပ်နေပါမည်။


အဆင့် ၈)
နောက်ဆုံးတွင် သင့် Device Reboot ပြန်လုပ်နေပါမည်။ Program တွင် Jailbreak Complete! ကို တွေရပါမည် "Exit" နှိပ်ပေးလိုက်ပါ။


Device ပြန်တက်လာပါက Home screen တွင် စောစောက "evasi0n" icon လေးနေရာတွင် "Cydia" icon လေးပြောင်းသွားသည်ကို တွေ့ မြင်ရပါမည်။


အခုဆိုရင် သင့် Device iOS6.1 ကို Untethered Jailbreak အောင်မြင်စွာ ပြုလုပ်ပြီးသွားပါပြီ...
အားလုံးပဲ iOS 6.1 အတွက် Jailbreak ကို စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့  မျှော်လင့်မိပါတယ်....

**UPDATE**
Appsync iOS 6 အတွက် Cydia Source "http://cydia.myrepospace.com/Bl00dra1n/" (ဘီအယ်(လ်)သုညသုည) ဖြစ်ပါတယ်...

မောင်ပေါက် မှ.....

Lenovo Tab A2207A-H ကို Firmware ပြန်တင်ကြမယ်

ခုဖော်ပြမဲ့နည်းလမ်းလေးကတော့ lenovo tab A2207A-H ကို firmware ပြန်တင်နိုင်မဲ့ နည်းလမ်းလေးပါဖြစ်ပါတယ်။ တင်နည်းလေးကတော့ မခက်ပါဘူး ဒါပေမဲ့ အခြားအလုံးတွေ နဲ့ မတူပဲ နည်းနည်းလေး ကွဲပြားပါတယ်။ အထိက အနေနဲ့ကတော့ firmware ရရှိဖို့ နဲနဲခက်တာပါ။ ကွန်တော်ကိုယ်တိုင်တော်တော် လေး ရွာလည်ပြီးမှ ဒေါင်းလို့ရသွားတာပါ ။ သူငယ်ချင်းများအတွက်ကတော့ ဒေါင်းလို့ တန်းရနိုင်မဲ့ လင့်လေးကိုထည့်ပေးမှာပါ။ အရင်ဆုံး firmware လေးကို ဒေါင်းလုပ် လုပ်ထားလိုက်ပါခင်ဗျာ။

A2207A-H Firmware
>> Download <<
ဒေါင်းလုပ်ပြီးသွားလို့ firmware zip ဖိုင်ကို password တောင်းရင်တော့ Password: bbs.lenovomobile.com ပါခင်ဗျာ။ ဒါပေမဲ့ ကျွန်တော်တင်ပေးထားတဲ့ firmware က password မပါပါဘူးခင်ဗျာ။
ပြီးရင်လိုအပ်မဲ့ Flash Tool နဲ့ Driver တွေကို ဒေါင်းပါ့မယ်ခင်ဗျာ။
Flash Tool
>> Download <<
USB VCOM Driver MTK6516 Driver
>> Download <<
LePhone Driver
>> Download <<
အာလုံးဒေါင်းလုပ်ဆွဲပြီးသွားရင်တော့ Firmware တင်ဖို့ လုပ်ကြမယ်ခင်ဗျာ။
firmware ဖိုင်ကို zip ဖြည်လိုက်ရင် အထဲမှာ သုံးဖိုင်ပါ ပါတယ် ။ အဲဒီသုံးဖိုင်လုံးကို extrect file နေနဲ့ဖြည်ထားပါ။
 အရင်ဆုံး ကွန်ပျူကို Driver အရင်သွင်းပါ့မယ် Tab ကို ပါဝါဖွင့်ထားပြီး နောက်က အဖုံးလေးကို ခွာထားပါ။ 
ပြီးရင် အ၀ိုင်းလေးအလည်က reset လေးကို ထိုးပေးပြီးကွန်ပျူတာနဲ့ချိတ်ပါ။ အရင်ဆုံး mtk 6516driver ကို install လုပ်ပါ။ ပြီးရင် ကြိုးကိုပြန်ဖြုတ်လိုက်ပါ။ပြီးရင် Vol up ကိုဖိထားပြီး  ပြန်တပ်ပါ။ USB VCOM Driver MTK6516 Driver install လုပ်ပါ။ အဲဒါတွေ လုပ်ကြည့်လို့မှ အဆင်မပြေဘူးဆိုရင်တော့
LePhone driver  ကို Install လုပ်ပါ။ Driver install လုပ်တာအောင်မြင်သွားပြီဆိုရင်တော့ firmware တင်ဖို့ ပြင်ဆင်ပါ့မယ်။ Flash Tool ကို run လိုက်ပါ။ scatter-loading ဆိုတာလေးကိုနှိပ်ပြီး firware သုံးဖိုင်ထဲက target_bin_fat ထဲကtarget_bin ဖိုဒါထဲက MT6577_Android_scatter_emmc.txt ကိုရွေးပေးလိုက်ပါ။ပြီးရင် Flash Tool ရဲ့ ပေါ်နားလေးက DA DL ALL With Check Sum ဆိုတဲ့အမှတ်လေးကို ခြစ်ပေးထားပါ။ ပြီးရင်တော့ fimware->Upgrade ဆိုတာလေးကို နှိပ်ပါ ပြီးရင် tab ကို ကွန်ပျူတာနဲ့ချိတ်ပေးလိုက်ပါ။

firware ကိုမှန်မမှန်စစ်သွားပါလိမ့်မယ် ပြီးရင် ဆက်မတင်တော့ပဲရပ်နေပါလိမ့်မယ် မစိုးရိမ်ပါနဲ့ ကွန်ပျူတာနဲ့ချိတ်ထားတဲ့ကြိုးကို မဖြုတ်ပဲ Driver သွင်း စဉ်က ထိုးခဲ့တဲ့ reset အ၀ိုင်းလေးကို ထပ်ပြီး ထိုးပေးလိုက်ပါ။ သူဖာသာတင်သွားပါလိမ့်မယ် အနည်းငယ်တော့ ကြာပါတယ် ခင်ဗျာ သီးခံပြီး စောင့်ပေးပါလို့ ပြောပါရစေ ။ ၅ မိနစ်လောက်ပေါ့ အားလုံးပြီးသွားရင်တော့ အ၀ိုင်းလေးက စိမ်းသွားရင် flash tool ကိုပိတ်ပြီး ကြိုးဖြုတ်လိုက်ပါ။ tab ကို ပါဝါဖွင့်ပေးလိုက်ပါ။


အားလုံး အိုကေသွားပါလိမ့်မယ် ပထမဆုံး အကြိမ် firmware ပြန်တတ်တာ ကြာပါတယ် သီးခံပြီး စောင့်ပေးဖို့တော့လိုပါတယ် ခင်ဗျာ။ သူငယ်ငယ်ချင်းအားလုံး စိတ်ချလက်ချ တင်ကြည့်ပါခင်ဗျာ ကျွန်တော် ကိုယ်တိုင် နှစ်လုံး တင်ကြည့်ပြီးလို့ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ ။ ဒီလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် ။ သူငယ်ချင်းအားလုံး ပျော်ရွင်ပါစေ။
 
 Matual friedn (ပြည်)မှ

One of the God Phone လို့အမည်ပေးထားတဲ့ T8828 ရဲ့ အမှန်တကယ် Root ရပါပြီ

One of the God Phone လို့အမည်ပေးထားတဲ့ T8828 ရဲ့ အမှန်တကယ် Root ရပါပြီ ..။ Huawei T8828 ကို One of the God Phone ဆိုပြီး နာမည်ကြီးနေတဲ့အတွက် User တွေအနေနဲ့ Myanmar Font တွေသွင်းမရတာ အခြား Root ရမှ ရတဲ့ Application တွေ သွင်းမရတာကို ကြိတ်မနိုင်ခဲမရ ဖြစ်နေတာကြာပါပြီ ….။ ခုတော့ T8828 ကို အောင်မြင်စွာ Root နိုင်ပါပြီ …။ ပထမဦးဆုံး မိမိတို့ ကွန်ပျူတာမှာ Driver ရှိရမှာဖြစ်ပါတယ် …။ Driver သွင်းဖို့အတွက်ကို PC suite တွေနဲ့သွင်းထားလိုက်ပါ …။ ပြီးရင် ကျွန်တော်ပေးတဲ့ ဇစ်ဖိုင်လေးကိုဖြည်ထားပါ … ။ sd card ကို format ချပေးပြီးတပ်ပေးထားပါ ။phone ကို battery ဖြုတ်ပြီး 5s လောက်စောင့်ပေးပါ battery ပြန်တပ်ပြီးတော့ Recovery mode ကိုဝင်ပေးပါ …။ Recovery mod ၀င်နေတဲ့အချိန်မှာ ကွန်ပျူတာနဲ့ကြိုးကိုချိတ်ပါ … ။

တစ်ခုသတိပေးချင်တာက manual ပဲဝင်ပါ recovery mod ကို …။ adb ကနေမ၀င်ပါနဲ့ …။
ဒါဆို အိုခေ root.bat ကို Run ပေးပါ …။ press any key လို့ပေးလာတဲ့အခါ ကြိုးကို ဆွဲဖြုတ်ပါ … ။ recovery mod က apply update from sd card ကိုရွေးပြီး 8828.supk ကို install လုပ်ပေးပါ … ။ progress bar ပြည့်ပြီး ပြီးသွားတဲ့အခါ battery ကိုဖြုတ်ပေးပါ ပြန်ပြီး power on လိုက်တဲ့အခါ မိတ်ဆွေတို့လိုချင်တဲ့ root ရပါပြီ …။
စမ်းသပ်ပြီး 200% အလုပ်လုပ်ပါတယ် …. ။
ကူညီစမ်းသပ်ပေးပါသော Range Measurer နှင့် မင်းဟိန်းလုံ (ကြောင်စုတ်) ကိုအထူးပင်ကျေးဇူးတင်ရှိပါသည် …။ ဒေါင်းလုပ်ဖိုင်ကိုတော့ နှစ်နေရာကနေဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။

>>  Download <<
>> Download <<

ခုဒီပို့လေးကို ရေးသားသူကတော့ စိုင်းအာကာပါ။ MMSD ကနေ ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ မူရင်း စာသားအတိုင်းပါပဲ ဘာမှ ပြောင်းလဲမထားပါဘူး။

Credit : bbs.anzhi.com
Matual friedn (ပြည်)မှ ထပ်ဆင့် ကူး

Huawei G510-0010 Root လုပ်ကြမယ်

ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ chat box ကနေ အကိုတစ်ယောက်မေးထားလို့ အားလုံးအတွက် ဒီနေရာလေးကပဲ ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်။
ခုဖော်ပြပေးမဲ့ဖုန်းလေးကို ဘာ error မှ မရှိပဲ Root လုပ်ဖို့အတွက်ကတော့ bootloader unlock code တောင်းဖို့လိုအပ်ပါတယ်ခင်ဗျာ code တောင်းဖို့အတွက် ဆိုက်ကတော့ english ဆိုက်ကနေပဲတောင်းလိုက်ပါ။ တရုတ်ဆိုရင် ရွာလည်နေမှာဆိုးလို့ပါ။
bootloader unlock code တောင်းရန်
licence aggrement ကို အမှန်လေးခြစ်ပြီး next နဲ့ဆက်သွားလိုက်ပါ။
E-mail နေရာမှာ မိမိရဲ့ မေးကိုထည့်ပါ။ Product type နေရာမှာ smart phone ကိုရွေးပါ။ Product model နေရာမှာတော့ မိမိတို့ လုပ်ချင်တဲ့ ဖုန်းရဲ့ မော်ဒယ်ကိုထည့်ပေးပါ။ product SN ကတော့ ဖုန်းရဲ့ နောက်ကျောက battery ကိုဖြုတ်ကြည့်ပါ။ product IMEI/MEID ကိုတော့ ဖုန်းရဲ့ ဖုန်းခေါ်တဲ့နေရာမှာ *#06# ကိုရိုက်ပြီးကြည့်ပါ။ Product ID ကိုတော့ *#*#1357946#*#* ကိုနှိပ်ပြီး ကြည့်လိုက်ကြပါခင်ဗျာ။ လိုအပ်တာတွေ အားလုံးဖြည့်ပြီးသွားရင်တော့ submit ဆိုတာလေးကိုနှိပ်လိုက်ပါ။ မေးထဲကို code လေးပြန်ပို့ပေးပါလိမ့်မယ် တစ်ခါတစ်လေ ပြန်ပို့ပေးတဲ့ ရက်က ကြာတတ်ပါတယ် ။တစ်ခါတစ်လေလဲမြန်ပါတယ်။ အမြန်ဆုံးရချင်တယ်ဆိုရင်တော့ google mail နဲ့ မတောင်းပဲ yahoo လိုမေးမျိုးလေးနဲ့ တောင်းပါလို့ အကြံပေးချင်ပါတယ်။

ဖုန်းကို unknow sources နဲ့ usb debug on ထားပြီး adb driver install လုပ်ထားပါ။
လိုအပ်တာတွေဒေါင်းထားလိုက်မယ်နော်

 Revovery Tool

>> Download <<

Huawei bootloader unlock

>> Download <<

Update.zip

>> Download <<

Driver

>> Download <<


ဖိုင်လေးကို ဖြည်ထုတ်ပြီး Huawei Unlock.exe ဆိုတာလေးကို runပါ။
ပြီးရင်တော့ ဖုန်းကို ပါဝါပိတ်ပြီး ခဏထားပါ။ bootloader unlock လုပ်ရန်အတွက် vol down နဲ့ power ကိုတွဲနှိပ်ပါ logo မှာ ရပ်သွားရပ်သွားပြီးဆိုရင်လွတ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ မေးထဲကို ပို့ထားတဲ့ code ၁၆ လုံးကိုရိုက်ပြီး enter နှိပ်လိုက်ပါ။ ဖုန်းဟာ Reboot တစ်ခါကျသွားပါလိမ့်မယ်
 Cache တွေရှင်းတာကိုတွေ့ပါလိမ့်မယ် ဖုန်းကို လုံးဝပြန်တတ်တဲ့အထိစောင့်ပေးပါ။ မိမိရဲ့ phone က bootloader unlock လုပ်မယ်ဆိုရင်တော့ data တွေ backup ယူထားပါ။ အားလုံးပျက်မှာပါ။ အရေးမကြီးဘူးဆိုရင်လည်း မယူပါနဲ့ဗျာ။


  ဖုန်းက ပြန်တတ်လာပြီဆိုရင်တော့ onekeytools.exe လေးကို run ထားပါ။ root လုပ်ဖို့အတွက် sd ထဲကို update.zip ဖိုင်လေးထည့်ထားပါ။ ဖုန်းကိုတော့ Usb debug နဲ့ unknow sources on ပေးထားပါ။ ပထမလုပ်ခဲ့သလိုပါပဲ fastboot mode ၀င်ရန် ပါဝါပိတ် ခဏထားပြီး vol down နဲ့ power ကိုတွဲနှိပ်ပါ။ logo မှာရပ်ရင် လွတ်လိုက်ပါ။ ကွန်ပျူတာနဲ့ချိတ်ပါ။ run ထားတဲ့အထဲက သုံးကြောင်းမြောက်က Bootloader Recovery ဆိုတာလေးကိုနှိပ်လိုက်ပါ။ recovery ထည့်ပြီး reboot ကျသွားပါလိမ့်မယ် ကျတဲ့အထိစောင့်ပါ။


 ဖုန်းကို battery ဖြုတ်လိုက်ပါ။ ခဏနေပြန်တပ်ပြီး vol up နဲ့ power နှိပ်ပါ။ recovery တတ်လာရင် လွတ်လိုက်ပါ။ ဖုန်းထဲကိုထည့်ထားတဲ့ update.zip လေးကို falsh ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ဆုံး တရုတ်လို reboot system now ကိုနှိပ်ပေးလိုက်ပါ။ ပြန်တတ်လာပြီးဆိုရင်တော့ root လုပ်တာပြီးဆုံးပါပြီခင်ဗျာ။ ဒီလိုဆိုသူငယ်ချင်းအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။

နောက်ထပ်တစ်နည်းရှိပါသေးတယ် oneclickroot ဆိုတာလေးဒေါင်းပြီး ဘာ code မှ မတောင်းပဲစမ်းကြည့်နိုင်ပါသေးတယ်။ အဲဒီနည်းက ကျွန်တော့ဆီမှာ စမ်းဖို့ ဖုန်းမရှိလို့ ပါ ရတယ်လို့ရေးထားပါတယ်။ လုပ်နည်းလေးကတော့ usb debug နဲ့ Unknow soruces On ထားပြီး root ဆိုတာလေးနှိပ်လိုက်ယုံပါပဲခင်ဗျာ။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူသွားနိုင်ပါတယ်။ software ကို install လုပ်ဖို့ internet connection လိုအပ်ပါတယ် လိုအပ်တာတွေ ထပ်ဒေါင်းမှာ ဖြစ်ပါတယ်ခင်ဗျာ။ driver က အစဒေါင်းပေးနိုင်ပါတယ်။

Oneclickroot

>> Download <<
 
Matual friedn (ပြည်)မှ 
 

Samsung Galaxy S4 GT-I9500 ကို root လုပ်မယ်

မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့ နည်းလမ်းလေးကတော့ samsung က နောက်ဆုံးထုတ်လိုက်တဲ့ဖုန်းလေးကို root ပြုလုပ်ချင်တဲ့သူငယ်ချင်းများအတွက်ပါ။ GT-I9505 အတွက်လည်းရှိပါတယ် ။ခုဖော်ပြပေးတာကတော့ GT-I9500 အတွက်ပါပဲ recovery တင်ပြီး root လုပ်မဲ့နည်းလမ်းလေးပါ။ အခြားဖုန်းတွေကို ပြုလုပ်သလိုပါပဲ recovery လေးသွင်းပြီး cwm ပေါ်ကနေ root .zip ဖိုင်လေးကို flash လုပ်မဲ့နည်းလမ်းလေးပါ။ အရင်ဆုံး usb debug နဲ့ unknow ကို Onပါ့မယ်, ပါဝါပိတ်ပြီး ဓါတ်ခဲ့ဖြုတ်ထားပါ့မယ်၊ ခဏနေရင် ဓါတ်ခဲ့ပြန်တပ်ပြီး ဖုန်းကို download mode ၀င့်ပါမယ့် ၀င်ရမဲ့ ခလုပ်တွေကတော့  Vol down +home+ power ဖိထားလိုက်ပါ။ boot တတ်လာရင် Vol up တစ်ချက်နှိပ်ပေးလိုက်ပါ။ download mode ကိုရောက်ပါပြီခင်ဗျာ။
  ပြီးရင်တော့ Odin ကို Run လိုက်ပါ။ 
PDA မှာ  cofface_I9500_cwm_recovery_en_new.tar ဖိုင်လေးကို ရွေးပြီး ထည့်လိုက်ပါ။ ဖုန်းနဲ့ချိတ်ပြီး 0din က ဖုန်းကို သိသွားတယ်ဆိုရင်တော့ အ၀ါရောင်လေးလင်းလာမှာပါ မသိရင်တော့ driver ပြန်တင်လိုက်ပါခင်ဗျာ။
 Odin ရဲ့ repartaion ကို အမှတ်မခြစ်ပါနဲ့ခင်ဗျာ။ ပြီးရင်တော့ start သာနှိပ်လိုက်ပါ။ Odin မှာ PASS ပြရင်တော့ CWM သွင်းတာပြီးပါ။
  sd ထဲကို CWM-SuperSU-v0.99 ကိုထည့်ထားပါ။ ပြီးရင်တော့ ဖုန်းကို ၀ါပါပိတ်ပါ။ Recovery Mode ၀င်ပါ့မယ် Vol up+Home+ power ကိုနှိပ်ပြီး ပါ့မယ် တစ်ချက်တုန်ပြီး Samsung logo တတ်လာရင်တော့ power ကိုလွတ်လိုက်ပါခင်ဗျာ။

Recovery mode ကိုရောက်သွားပြီဆို၇င်တော့ CWM-SuperSU-v0.99 ရှာပြီး flash ပေးလိုက်ပါ root လုပ်ခြင်းပြီးဆုံးသွားပါပြီး လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုတော့ အောက်မှာပုံလေးနဲ့ပြထားပါတယ်။ ပုံတွေမကြည့်ခင်တော့လိုအပ်တဲ့ဖိုင်လေးတွေ ဒေါင်းယူလိုက်ကြပါခင်ဗျာ။
Odin
>>Download <<
CWM
>> Download <<
Root.zip
>> Download <<






အဲဒီလောက်လေးဆိုရင်တော့ သူငယ်ချင်းအားလုံးပဲ ကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် ။အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။
Matual friedn (ပြည်)မှ