ရန်ကုန်ဖုန်း လို့ ခေါ်ကြတဲ့ CDMA 800 MHz အမျိုးအစားမိုဘိုင်းဖုန်းတွေကိုထပ်မံချထား ပေး ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ ဒီဖုန်းတွေကို ၂၀၁၀
နှစ်ဆန်းပိုင်းမှာ ငွေကျပ် ၅သိန်းနဲ့ စတင်ရောင်းချခဲ့ပါတယ်။ ဒီဖုန်းတွေက
လိုင်းဆွဲအားလည်း ကောင်းမွန်တဲ့အတွက် လူကြိုက်များတဲ့အထဲမှာ ပါဝင်ပါတယ်။ပေါ်ဦးစမှာ ရန်ကုန်၊ နေပြည်တော် ၀န်းကျင်သာ သယ်ဆောင်သွားလို့ ရပြီး တဖြည်းဖြည်းနဲ့ လိုင်းတိုးချဲ့ပေးတာကြောင့် အခုဆိုရင် ရန်ကုန်၊နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်း၊ မုံရွာ၊တောင်ကြီး၊ မန္တလေး၊ပုသိမ်၊ မော်လမြိုင်၊ပြည် စတဲ့မြို့နဲ့ တိုင်းဒေသကြီးတွေအထိ သယ်ဆောင် အသုံးပြုလို့ ရနေပါပြီ။ဒီဖုန်းတွေ အသုံးပြုနိုင်တဲ့ ဒေသကို တိုးချဲ့ရေး အစီအစဉ်တော့ မရှိဘူးလို့မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေ သိရပါတယ်။ဈေးနှုန်း နဲ့ အင်တာနက်သမားတွေ အကြိုက်ငါးသိန်းနဲ့ ရောင်းနေရာကနေ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး နှစ်သိန်းနဲ့ ရောင်းချပေးခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့မှာပဲ အရောင်း ရပ်ဆိုင်းခဲ့တာပါ။အင်တာနက် သုံးစွဲခွင့်ကိုတော့ EVDO စနစ်နဲ့ သုံးပြုခွင့်ပေးထားပြီး
တမိနစ်ကို ၄ကျပ်နှုန်း ကောက်ခံပါတယ်။ GSM ဖုန်းတွေ အင်တာနက် သုံးတာထက် ၂ကျပ်
ပိုဈေးမြင့်နေပေမယ့်လည်း စီ ၈၀၀ က အင်တာနက် လိုင်းဆွဲအား
ပိုကောင်းမွန်တာကြောင့် လူကြိုက်များပါတယ်။
0 comments:
Post a Comment