Friday, January 4, 2013

Android Tablets Ics ကို Root နည်း



Android Tablets ics ကို Root ဖို့အတွက် အရင်ဆုံး
အောက်မှာ ပေးထားတဲ့ zip ဖိုင်လေးကိုအရင် Download ဆွဲလိုက်ကြရအောင်…
ကဲဒေါင်းပြီးပြီ ဆိုရင် အစဉ်လိုက် တိုင်းလေး လုပ်သွားရအောင်နော်…
၁။ Tablets ထဲက Settings ထဲက Security ထဲက Unknown Sources ဆိုတာလေးကို အမှန်ခြစ်ပေးပါ။
၂။ Tablets ထဲက Settings ထဲက Developer Options ထဲက USB debugging ဆိုတာလေးကိုလဲ အမှန်ခြစ်ပေးပါ။
(အထက်ပါ နည်းလမ်းသည် ကွန်ပြုတာမှ သိရန် မရှိမဖြစ်လုပ်ဆောင်ရမည်ဖြစ်ပါတယ် ICS ဗားရှင်းအတွက်ဖြစ်သည်။)
ဒီလောက်ဆိုရင် ကွန်ပြုတာနဲ့ စချိတ်လို့ရပါပြီ USB ကြိုးထိုးပါ ကွန်ပြုတာနဲ့ စတင်ချိတ်ပါတော့။
Driver သိမသိ Moborobo PC Suite နဲ့ ဖွင့်ကြည့်ရင် သိနိုင်ပါတယ်..
(မိမိ ကွန်ပြုတာတွင် Android SDK Manager ကဲ့သို့သော Software ရှိခဲ့မယ်ဆိုရင်တော့ Driver အလိုလို သိမှာဖြစ်ပြီး
မရှိခဲ့ရင်တော့ မိမိ Tablet နဲ့ သက်ဆိုင်ရာ Driver ကိုရှာဒေါင်းရပါမယ်း)
၃။ ခုဆိုရင် Driver လဲ သိပြီ ဆိုတော့ စတင် Root ပါမယ်
အရင်ဆုံး Zip ကိုဖြေလိုက်ပါ။
၎။ Novo7-ICS-CWM-Recovery-Script.7z
နှင့်
V6-SuperCharger-Script.7z
ရှိတဲ့ အထဲကမှ
V6-SuperCharger-Script.7z ဖိုင်ကို ဖြေထုတ်လိုက်ပါ။
၅။ V6-SuperCharger-Script.7z ကို ဖြေလိုက်တဲ့အခါမှာ
2.USB-Drivers.7z ကိုထပ်တွေ့ရပါမယ် Driver မသိခဲ့ရင်
Driver ရှာပေးပါး
ပြီးရင်တော့ 3.Root-Script.7z ကို ဖြေထုတ်လိုက်ပါ
(အဆင့်တွေ များလွန်းလို့ စိတ်မပျက်ပါနဲ့ သေချာရှင်းပြပေးတာပါ) :)
၆။ အခုဆိုရင် 3.Root-Script.7z ကိုဖြေထုတ်လိုက်ပြီး အထဲက
3.Root-Script.bat ကို Click နှိပ်ပြီး Run လိုက်ပါ။
အထက်ပါ ပုံအတိုင်း တက်လာပါမယ် ဆက်လက်ပြီး Enter နှိပ်ပေးပါ။
၇။  1.verify tablet connection.
2.check tablet root capability
3.root my tablet now.
အဲ့ဒီလို 3 ခု ရွေးခိုင်းပါတယ်..
ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်
အရှေ့က 1 2 3 ဆိုပြီး ဂဏန်းတွေထဲက သက်ဆိုင်ရာ ဂဏန်းကို
ရိုက်ထည့်ပါ Enter နှိပ်ပါ သူဆက်လုပ်သွားပါလိမ့်မယ်။
မိမိ ကတော့ Tablet ကို Root မှာ ဖြစ်တဲ့ အတွက်
နံပါတ် 3 ကို နှိပ်ပြီး Enter နှိပ်ပါတယ်…
ဒါဆိုရင်တော့ သူ့အလိုလို Root သွားပြီးတော့
မိမိ Tablet ပေါ်မှာ Super User လေးပေါ်လာပါပြီ။
အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ…
အချိန်တစ်ခုကိုပေးဆပ်ပြီး ရေးခဲ့တဲ့ ပိုစ်လေးအတွက် အလုပ်ဖြစ်မဖြစ် ကွန်မန့်လေးတွေ မန့်ခဲ့ကြပါ…
သစ်ဆန်းခန့်မှ ကူးယူဖော်ပြထားတယ်
thitsankhant@gmail.com

0 comments:

Post a Comment