Wednesday, January 2, 2013

Root Tool for Android Tablets(2.2 မှ ICS 4.0.3) မြန်အောင်သားမှကူး


ဒီပို့စ်လေးကို ကျွန်တော် www.myanmarmobileapp.com မှာ တင်ဖူးပါတယ်။အခုမှ ကျွန်တော့်blogလေးမှာ ပြန်လည်တင်ခြင်းဖြစ်ပါသည်။

အခု ကျွန်တော်ပြောပြမယ့် root လုပ်နည်းက တော်တော်များများ android tablet တွေကို root လုပ်ပေးနိုင်ပါတယ်။
အများ မျှော်လင့်ကြတဲ့ lenovo tablet ရဲ့ model တော်တော်များများကို root လုပ်ပေးနိုင်ပါတယ်။
ONDA Tablet ရဲ့ model အားလုံးနီးပါးကိုလည်း root လုပ်လို့ရပါတယ်။
China Tablet တော်တော်များများကို root လုပ်လို့ရပါသေးတယ်။
ပြီးတော့ ဒီ software လေးမှာ HTC နဲ့ sony ဖုန်းတွေကို unlock လုပ်နိုင်တဲ့ Tools လေးတွေလဲ ပါဝင်ပါတယ်။
အချို့ pattern lock ကျသွားလို့ အသုံးပြုမရ၊ အခက်အခဲ ဖြစ်နေတဲ့ tablet တွေကို pattern lock ပြန်ဖြေပေးနိုင်မယ့် tool လည်းပါဝင်ပါတယ်။

Root လုပ်နည်း။
  1. ထုံးစံအတိုင်းပေါ့ဗျာ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ရဲ့ ဖုန်း ဒါမှမဟုတ် tablet မှာ USB Debugging ကို on ထားပေးရပါမယ်။ Unknown Sources ရှေ့မှာ ရှိတဲ့ check box လေးကို လည်း on ထားလိုက်ပါ။
  2. Root Software လေးကို download ဆွဲပြီး မိမိ computer မှာ install လုပ်ပါ။ပြီးလျှင် software ကို ဖွင့်ထားပေးပါ။
  3. မိမိဖုန်း ၊ tablet ကို computer နှင့် ချိတ်ပေးပါ။ software မှ ဖုန်းကို detect သိသည့်အချိန်ထိစောင့်ပေးပါ။ detect သိပြီဆိုပါက အောက်ပါပုံအတိုင်းပြပါလိမ့်မည်။ မျဉ်းအနီပြထားသည့် တရုတ်စာ စာလုံးလေးကို သေချာ မှတ်ထားပေးပါ။ ဒါက root မဖြစ်သေးဘူးလို့ပြောတာပါ။ (ကျွန်တော်လည်းတရုတ်စာမတတ်သလို၊လုံးဝလည်းနားမလည်ပါ။ ဒါပေမယ့် ပုံစံအနေအထားကို မှတ်ပြီး အဆင်ပြေအောင် အားလုံးကို ပြန်လည်မျှဝေလိုက်တာပါ။)
4. အောက်က ပုံအတိုင်း အဆင့်ဆင့် လုပ်သွားပါ။ root process အတွင်း မိမိဖုန်း ၊ tablet က restart ကျပါလိမ့်မယ်။
5. root process အောင်မြင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်းပြပါလိမ့်မယ်။
6. အားလုံးပြီးတဲ့အချိန်မှာ မိမိဖုန်း၊ tablet မှာ အောက်ကပုံက မျဉ်းနီ ၀ိုင်းထားတဲ့အတိုင်း app icon လေး နှစ်ခု ပေါ်လာပါလိမ့်မယ်။
နံပါတ် ၂ icon လေးက ကျွန်တော်တို့ အရင်က superuser နဲ့ အလားသဏန်အတူတူပါပဲ။ superuser ထပ်ပြီး install လုပ်စရာမလိုပါဘူး။
ကျွန်တော်တို့ အရင်က superuser က allow or deny ဆိုပြီး permission တောင်းသလို ဒီ software လေးက permission တောင်းလာရင်
ရှေ့က button က allowဖြစ်ပြီး နောက်က button က deny ပါ။  တရုတ်စာနဲ့ ရေးထားတာမို့ ပြောပြပေးတာပါ။
download link က ဒီမှာပါ။




0 comments:

Post a Comment