This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Showing posts with label မိုဘိုင်း အသုံးပြုနည်း အမျိုးမျိုးကြည့်ရန်. Show all posts
Showing posts with label မိုဘိုင်း အသုံးပြုနည်း အမျိုးမျိုးကြည့်ရန်. Show all posts
Thursday, April 11, 2013
iOS 6.1.3 နှင့် အထက် iOS များကို Update လုပ်ရန် စဉ်းစားပါ
iOS 6.1.3 နှင့် အထက် iOS များကို Update လုပ်ရန် စဉ်းစားပါ
iOS 6.1.3 ထွက်လာတာ နှစ်ပတ်နီးပါးမျှ ကြာမြင့်လာခဲ့ပေမယ့် ယခုအချိန်ထိတော့ Jailbreak မလုပ်နိုင်သေးပါဘူး၊ အဲဒီ အခြေနေကို အခွင့်ကောင်းယူလျှက် iOS 6 တုန်းကလိုပဲ iOS 6.1.3 ကို Jailbreak လုပ်နိုင်ပြီ ဆိုတဲ့ Fake Jailbreak တွေ Online ပေါ်မှာ ပျံ့ နှံ့ လျှက် ရှိနေပါတယ်။
"evasi0n" ဟာ ဆက်တိုက်နီးပါး Apple က update လုပ်ခဲ့တဲ့ iOS နှစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး iDevice သန်းနှစ်ဆယ်နီးပါး Jailbreak လုပ်နိုင်ခဲ့ပါတယ်၊ သို့ ပေမယ့် iOS 6.1.3 အတွက် Jailbreak ကို ထုတ်ပေးမယ့် အလားအလာကို ခုချိန်ထိ မတွေ့ မြင်ရသေးပါဘူး...
"evad3rs" အဖွဲ့ ဝင် တစ်ဦးဖြစ်သူ "pod2g" က
"iOS 6.1.3 Jailbreak အတွက် အလုပ်မလုပ်တော့ပါဘူး၊ Apple အသေးအဖွဲ update လုပ်တာတွေနောက် အားစိုက်လိုက်ရတာ မတန်တော့လို့  နောက်ထပ် ထွက်လာမယ့် major iOS အတွက်သာ စောင့်မျှော်နေပါတယ်" လို့  သူ့ ရဲ့  Twitter မှာ ပြောကြားသွားခဲ့ပါတယ်။
"pod2g" ဆိုလိုတဲ့ "major iOS" ဟာ "iOS 7" ဖြစ်နိုင်ဖွယ်ရှိပြီး Apple ကလည်း ပြုလုပ်နေကျ သူရဲ့  "WWDC event" မှာ "iOS 7" ကို ပွဲထုတ်နိုင်ဖို့  မျှော်လင့်ထားပါတယ်။ "WWDC event" ကလည်း ထုံစံအတိုင်း ဇွန်လ အလယ်လောက်မှာ ဖြစ်မှာမို့  နောက်ထပ် နှစ်လနီးပါးလောက် စောင့်စားရဦးမှာဖြစ်ပါတယ်။
ဒီတော့ Jailbreaker များ အနေနဲ့  Apple ရဲ့  iOS update တိုင်းကို ခြေမြန်လက်မြန် update မလုပ်မိဖို့ ကို အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယခုလက်ရှိ iOS 6.x ကို Jailbreak ဖြစ်ထားသူများလည်း မိမိ iOS ကို မပျောက်ပျက်သွားအောင် ကာကွယ်ထားဖို့ လည်းလိုအပ်ပါတယ်..
သင်၏ iOS ကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲ...?
Credit to : iDB
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်
မိုးသိကြား မှ ကူးယူဖော်ပြထားတယ်
Sunday, April 7, 2013
Memory Stick မှာ Virus ကိုက်လို့ ပျောက်နေတဲ့ File တွေကို ဘယ်လို ပြန်ဖော်မလဲ
 မိမွန်: Memory Stick မှာ Virus ထိပီး ဖိုင်တွေ တစစီ ပျက်စီးသွားလို့ ကူညီကြပါ ..
ကဲ..သူငယ်ချင်းတို့………….
ဒီတစ်ခါ ကျွန်တော် တင်ပေးလိုက်တာက…တစ်ခါတစ်လေ memory stick တွေမှာ virus ကိုက်လို့  folder တွေ လုံးဝပျောက်နေတာကို ပြန်ဖော်တဲ့ နည်းလေးပါ။။။။ သိပြီးသားလူတွေလည်း ရှိမှာပါ..ဒါပေမယ့် မသိသေးတဲ့ ဘော်ဘော်တွေ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ်…
….အားလုံး အဆင်ပြေပါစေဗျာ…..:)
ပထမဆုံးအနေနဲ့ memory stick ကို ကွန်ပျူတာနဲ့ ဆက်လိုက်ပါ… ဒီနေရာမှာ တစ်ခု သတိထားရမှာက အဲဒီ stick ကို ဖွင့်တဲ့ အခါ My Computer ကို double click နဲ့ မဖွင့်ဘဲ right click – Open နဲ့ပဲ ဖွင့်ပါ။ ဘာလို့လဲ ဆိုတော့ ပိုပြီး လုံခြုံ အောင်အတွက်ပါ။ အောက်မှာ ပြထားပါတယ်…
ပြီးရင် အဲဒီမှာ Organize ဆိုတဲ့ ထဲကို ၀င်လိုက်ပါ..အောက်မှာပြထားပါတယ်….
ပြီးရင် အဲဒီထဲကပဲ Folder and search options ကို တစ်ချက်နှိပ်လိုက်ပါ….
အဲဒါကို တစ်ချက်နှိပ်လိုက်တာနဲ့ Folder Options ဆိုတဲ့ box လေးတစ်ခု ကျလာလိမ့်မယ်….အောက်မှာ ပြထားပါတယ်….အဲဒီထဲက view ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ…..
ပြီးရင် show hidden files,…..ဆိုဒါကို တစ်ချက်နှိပ်လိုက်ပါ …ဒီပုံမှာကတော့ ကျွန်တော်လုပ်ထားပြီးသားမို့လို့ အဲဒီ အတိုင်းမြင်နေရပါလိမ့်မယ်……
ပြီးရင် အောက်က Hide extensions for ….. ဆိုတဲ့စာကြောင်းလေးနဲ့ Hide protect Opera….. ဆိုတာလေးက tick လေးကို ဖြုတ်ပေးလိုက်ပါ………….
အဲဒါဆိုရင် ဒီbox လေးကျလာပါလိမ့်မယ်။ Yes လုပ်ပြီး OK လုပ်လိုက်ပါ။။။။
ကဲ ပထမ တစ်ဆင့်တော့ ပြီးသွားပြီ………….
ဇာတ်လမ်းက ခုမှ စမှာ……ကဲ
ပြီးတာနဲ့ Run box ကို ဖွင့်လိုက်ပါ။( Window key + R ကိုတွဲနှိပ်လိုက်ပါ။) ပြီးရင် အဲဒီမှာ cmd ဆိုပြီး ရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ cmd box လေး ကျလာပါလိမ့်မယ်။ အောက်မှာ ပြထားပါတယ်….
ပြီးရင် အဲဒီမှာ ကိုယ့် memory stick ကို ရိုက်ထည့်လိုက်ပါ။ (ဥပမာ---F: , G: , D: , …. ) ကျွန်တော်က တော့ ကျွန်တော့ stick က G: မို့လို့ G: လို့ ရိုက်ထည့်ထားပါတယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။ အောက်ပါ အတိုင်း location က မိမိ stick ရဲ့ နေရာကိုညွှန်ပြနေပါလိမ့်မယ်….
အဲဒီခါကျရင်…..attrib (folder နာမည်) –s –h ဆို ပြီးရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ အကယ် ဒီနေရာမှာ မိမိ folder ရဲ့ name မှာ space ခြားတာတို့ ပါနေ ရင် attrib “romantic hacker” –s –h ဆိုပြီးရေးရပါမယ်။ အောက်မှာ ပြထားပါတယ်….
အဲဒါဆိုရင် အဲဒီ memory stick ထဲကပျောက်နေတဲ့ folder ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်….
အားလုံး အဆင်ပြေပါစေ….
Credit to :  http://romantichacker.blogspot.com/2012/09/memory-stick-virus-file.html
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အဆင်မပြေသေးရင် အောက်မှာ ဆက်လက်လေ့လာနိုင်ပါတယ်...။
 Whenever you plug a USB drive in your system, a window will appear similar to the one shown below
USB....
Don’t click on Ok , just choose ‘Cancel’.
Open the Command Prompt by typing ‘cmd‘ in the run box.
In the command prompt  type the
drive letter:( ex - i,j,k..) and press enter .
Now type dir /w/a and press enter.
This will display a list of the files in the pen drive. Check whether the following files are there or not
    * Autorun.inf
    * Ravmon.exe
    * New Folder.exe
    * svchost.exe
    * Heap41a
    * or any other exe file which may be suspicious.
If any of the above files are there, then probably the USB drive is infected.
In command prompt type attrib -r -a -s -h *.* and press enter.
This will remove the Read Only, Archive, System and hidden file attribute from all the files.
 Now just delete the files using the command
del filename. example del Ravmon.exe.
Delete all the files that are suspicious.
To be on a safer side, just scan the USB drive with an
anti virus program to check whether it is free of virus or not...
 Credit to: http://trick2everyone.blogspot.com
၉၉ ဒေါ်လာတန် Facebook ဖုန်း winkabarkyaw.net/
HTC နဲ့ Face book ပေါင်းပြီး Facebook ဖုန်းထုတ်မယ်လို့ သတင်းတွေကြီးနေခဲ့ တာကြာပါပြီ။ တကယ် တမ်းဖုန်းထုတ်ဖြစ်လာတော့ 
Credit to -- HTC
Shan HTET (DL Tech Club)
---
 Ref: http://myanmardigitallife.blogspot.com/2013/04/facebook.html
Tuesday, January 15, 2013
How to use Riff Box for first User
ဒီ Post လေးကို မရေးခင် Riff Box ရဲ့ အသုံးဝင် ပုံလေးကို အရင် ပြောကြရအောင်။ Android ဖုန်း အတော်များများဖြစ်လေ့ရှိတဲ့ Dead လို့ ခေါ်တဲ့ Power လုံးဝ မနိုးတာတွေ အတော်များများ ကိုဖြေရှင်းနိုင်ပါတယ်။ အသုံပြုနိုင်မယ့် ဖုန်းအမျိုးအစားတွေ ကိုလဲ အောက်မှာ Download လုပ်ပြီး လေ့လာနိုင်အောင် တင်ပေးထားပါတယ်။ ကိုယ်နဲ့ အသုံးဝင် မဝင် အရင်ဦးဆုံးလေ့လာစေချင်ပါတယ်။
ပထမဆုံး မိမိတို့ ရဲ့ Windows မှာ Riff Box အတွက် Install လုပ်ဖို့ ရန် အတွက်  RiffSetup နဲ့ Driver တွေ ကို Download လုပ် ပေးပါ။ Driver အတွက် 32 & 64 Windows နှစ်ခုလုံးအတွက် တင်ပေးထားပါတယ်။
Wednesday, January 2, 2013
Google Play Store ကိုအလွယ်ကူဆုံးဝင်ရောက်နည်း
Code Discovered in Latest Google Play Store Update for Wishlists and Gift Cards
မြန်မာပြည်က သူငယ်ချင်းတွေအတွက်လိုအပ်မယ်ထင်လို့ http://myanmarplay.com က ကိုနန္ဒထွန်း ရဲ့ ပို့စ်ကို တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
သူငယ်ချင်းများအတွက် Google Play store ကိုအလွယ်ကူဆုံးဝင်ရောက်နည်းလေးပေးလိုက်ပါတယ်။
ဒီနည်းမှာ market unlocker pro software တစ်ခုပဲလိုပါတယ်။
version 2.3.6 စသည့် gingerbread ဖုန်းတွေမှာတော့ play store version upgrade လုပ်ပေးရပါတယ်။ ics တွေမှာတော့မလိုပါဘူး။နည်းလမ်းကတော့ ထွေထွေထူးထူးလုပ်စရာမလိုပါဘူး။
ဖုန်းရဲ့  setting တွေမှာပါတဲ့ Vpn ကိုအသုံးပြုတာပါ။Vpn ကိုအသုံးပြုဖို့ အတွက် freedom account လေးလိုပါတယ်။
ဖုန်းကိုလှုပ်လိုက်ရုံနဲ့ Screen Shot လုပ်နိုင်တဲ့ application
Screenshot No Root Shakeshot
ဖုန်းကိုလှုပ်လိုက်ရုံနဲ့ Screen Shot လုပ်နိုင်တဲ့ application လေးပါ။
  install > open > accept > hide
ကိုယ်လိုချင်တဲ့ ပုံကို phone screen မှာပေါ်စေပြီး ဖုန်းကိုလှုပ်လိုက်ပါ။