This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label Huawie Root လုပ်နည်းများ. Show all posts
Showing posts with label Huawie Root လုပ်နည်းများ. Show all posts

Saturday, June 15, 2013

Huawei များအတွက် S4 Rom များ version 1.2


Huawei များအတွက် S4 Rom များ version 1.2 တွေ့လာလို့ညွှန်းပေးလိုက်ပါတယ်.. အောက်က Huawei တွေအတွက် ရွေးပြီး ဒေါင်းနိုင်ပါတယ်.. ဖိုင်ဆိုဒ်က 200 MB အထက် တွေမှာပဲရှိတာကြောင့် ကျွန်တော် ပြန်တင်မပေးနိုင်ပါဘူး.. မူရင်းလင့်ကိုပဲ တိုက်ရိုက်ညွှန်းပေးလိုက်ပါတယ်..

C8812
C8813
C8813D
C8812E
C8950D
U8825D
U8818
U8950D

အဆင်ပြေပါစေ

မောင်ပေါက်

Huawei U8661 Original Firmware


kyawthat: Huawei U8661 Firmware လိုချင်လို့ပါ ဘယ်လိုမှဒေါင်းမရဘူးဖြစ်နေပါတယ်......ကူညီပါအုံး

ကျွန်တော်သုံးတာလည်း U8661 ပဲဗျ.. တကယ်လို့များ Firmware ကျသွားရင် ပြန်တင်လို့ရအောင်လို့ ကျွန်တော် ဒေါင်းထားတာ... ပြန်တင်ဖို့တော့ ဖိုင်ဆိုဒ်က ကြီးနေတယ်... Official Site ကိုညွှန်းပေးလိုက်ပါတယ်.. အဆင်ပြေမှာပါ... U8661 ရဲ့ Build Number က V100R001C17B832 ဖြစ်ပါတယ်... Android Version က 2.3.6 ဖြစ်ပါတယ်.. ဖိုင်ဆိုဒ်က 180.26 MB ရှိပါတယ်ခင်ဗျ....

အဆင်ပြေပါစေ...

မောင်ပေါက်

Sunday, May 5, 2013

Huawei C8650 ကို အဖြစ်တူး Root လုပ်နည်း


ဘာမှမလုပ်ခင် Huawei Driver တွေ မိတ်ဆွေရဲ့ Computer ထဲမှာ အဆင်သင့်ထည့်ထားသင့်ပါတယ်..

Driver ကို ဒီမှာ ဒေါင်းပါ.. ဒါမှ မဟုတ်.. ဒီမှာ ဒေါင်းနိုင်ပါတယ်..

လိုအပ်တဲ့ Software ကို အောက်ကလင့်မှာ အရင်ဒေါင်းထားလိုက်ပါ..
Download
Recovery အရင်ခေါ်ရပါမယ်..
ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume- (အသံလျှော့ခလုပ်) နဲ့ Power ခလုပ်ကို တွဲပြီး ဖိနှိပ်ထားပါ.. ဖုန်းပါဝါပွင့်လာပြီး လိုဂိုမှာ ရပ်နေတဲ့အထိ တွဲနှိပ်ထားမှာဖြစ်ပါတယ်..
ပြီးရင် ခုနက ဒေါင်းထားတဲ့ Zip ဖိုင်ကို ဖြည်လိုက်ပါ.. အဲဒီထဲမှာ C8650 Recovery v2.1 နဲ့ update.zip နှစ်ဖိုင်ထွက်လာပါမယ်..
အဲဒီထဲက C8650 Recovery v2.1 ကို Run ဖို့ အဆင်သင့်ပြင်ထားပါ.. မ Run ရသေးပါဘူး..  ဖုန်းကို USB ကြိုးနဲ့ ကွန်ပျူတာကို ချိတ်လိုက်ပါ..
ခုမှ C8650 Recovery v2.1 ကို Run ပေးလိုက်ပါ.. ကလစ်တစ်ချက်ထောက်ပြီး Enter ခေါက်ပေးလိုက်ရင်ရပါတယ်.. သူ့ဘာသာသူ အလုပ်လုပ်ပြီး ဖုန်းပိတ်သွားပါမယ်.. ခဏနေလို့ ဖုန်းပါဝါမပိတ်ရင် ဓါတ်ခဲကို ဖြုတ်ပြီး ၅ စက္ကန့်လောက်စောင့်ပြီး ဓါတ်ခဲပြန်ထည့်ပါ
ခဏလေးနဲ့တော့ ပါဝါမပိတ်လို့ဆိုပြီး ဓါတ်ခဲဆွဲမနှုတ်နဲ့ပေါ့ဗျာ.. နည်းနည်းသင့်တော်ရုံလောက်တော့ အချိန်စောင့်ပေါ့.. ဖုန်းကို ပါဝါမဖွင့်နဲ့အုံးနှော်
အခု ဖုန်းထဲကို ထည့်တဲ့ SD Card တစ်ခု လိုပါတယ်.. အဲဒီထဲမှာ ဘာဖိုင်မှ ရှိမနေရပါဘူး.. အသစ်လည်းရတယ်.. ဖိုင်ရှိနေရင်လည်း Format ချလိုက်ပေါ့နှော်..
အဲဒီ SD Card ထဲကို ကွန်ပျူတာမှာ ခုနက ဒေါင်းပြီးဖြည်ထားတဲ့ဖိုင်ထဲက Update.zip ဖိုင်ကို ထည့်လိုက်ပါ.. ပြီးရင် အဲဒီ SD Card ကို ဖုန်းထဲကို ထည့်လိုက်ပါ..
ပြီးရင် ဖုန်းရဲ့ Volume + ခလုပ်နဲ့ Power ခလုပ်နှစ်ခုကို တွဲဖိနှိပ်ထားလိုက်ပါ. Recovery Menu တက်လာပါပြီ...
အဲဒီမှာ အပေါ်အောက်ရွှေ့ဖို့ Volume + /- ခလုပ်တွေကိုသုံးပါ.. ၀င်ဖို့ power ခလုပ်ကိုသုံးပါ..
တရုတ်နဲ့ အင်္ဂလိပ်စာတွေကြားမှာ အင်္ဂလိပ်စာနဲ့ update.zip ဆိုတာလေးကို တွေ့ရဲ့လား.. အဲဒီကိုရောက်အောင် စောစောကပြောခဲ့တဲ့ Volume အပေါင်းခလုပ်နဲ့ အနှုတ်ခလုပ်ကို နှိပ်ရင်းရွှေ့ပါ.
ရောက်ရင် power ခလုပ်ကို တစ်ချက်နှိပ်လိုက်ပါ.. ဒါ update.zip ကို ၀င်တာပေါ့ခင်ဗျာ..
ပြီးရင် ဖုန်းရဲ့ Touch ပေါ်က မှန်ဘီလူးပုံလေး.. ရှာတဲ့ခုလုပ်လေးလေ. အဲဒါကို တစ်ချက်နှိပ်လိုက်ပါ..  ဒါဆိုရင် ခုနက ထည့်ထားတဲ့ update.zip ကို ထပ်တွေ့ရပါမယ်..
အဲဒါကိုလည်း power ခလုပ်ကို တစ်ချက်နှိပ်ပြီး ၀င်လိုက်ပါ.. သူ့ဘာသာသူ Root ဖြည်ပြီး ဖုန်းပါဝါ ပြန်တက်လာပါမယ်... မတက်လာရင်တော့ ဓါတ်ခဲကို ဖြုတ်ပြီး ပြန်ထည့်ပေါ့ခင်ဗျာ.. စိတ်တော့ နည်းနည်းရှည်ပေးလိုက်ပါ
ခု ပါဝါကို ဖွင့်လိုက်ပါတော့.. list ထဲကို ၀င်ကြည့်လိုက်လို့ Super user ဆိုတဲ့ အရိုးခေါင်းပုံ application ကိုတွေ့ရင်တော့ မိတ်ဆွေရဲ့ဖုန်း အမြစ်ပေါ်ပါပြီ.. အမြစ်တော့ တူးလိုက်တာပေါ်သွားပြီ.. ကျန်တာမပေါ်ပါစေနဲ့..

ဒီနည်းက Mobile House ရဲ့ နည်းပါ.. အဆင်ပြေပါတယ်...

နောက်တစ်နည်းကိုလည်း တင်ပေးလိုက်ပါတယ်.. ဒီနည်းကတော့ ကျွန်တော် မလုပ်ဖူးပါဘူးခင်ဗျာ..
ဒါပေမယ့် အထက်ကနည်းနဲ့ အဆင်မပြေရင် လုပ်လို့ရအောင်လို့ပါ..


Huawei C8650 ကို Recovery မှ ဖလက်ရှ်လုပ်၍ Root နည်း
လိုအပ်တဲ့ Huawei Driver များကိုတော့ ဒေါင်းထားလိုက်ပါ ... ။:)

ပထမဆုံး http://dl.vmall.com/c0iil199co မှာ C8650REC.5.0.2.3 file size က (6.04 MB) ဆိုတာကို နှိပ်လိုက်

login form ကျလာရင်..

mmuc.share@gmail.com

password: don'tchange

ရေးထည့်ပြီး  enter ခေါက်လိုက် ၊ အဲ့ကောင်ကိုအရင်ဒေါင်းပါ .. ။

ပြီးရင် C8650 Root_zip ကိုပါဒေါင်း .. Root.zip ဖိုင်ကို SD ကဒ်ထဲ ထည့်ထားပါ ... ။

ပြီးရင် ပါဝါပိတ်ပြီး ခဏစောင့်ပါ .. ။

Fastboot Mode ထဲဝင်ရန် Vol Down + Power ကို ဆယ်စက္ကန့်လောက် နှိပ်ပေးပါ ... ။

Huawei Logo မှာတင်ရပ်နေတဲ့အခါ ကွန်ပျူတာနဲ့ချိတ်လိုက်ပါ .. ။

ပထမဦးဆုံးဒေါင်းထားတဲ့ Install-recovery-windows.bat ကိုနှိပ်လိုက်ပါ ...။

waiting for device ပေါ်နေပြီး ခဏစောင့်ပေးပါ .. ။

ဖုံးကသူ့ဘာသာအလုပ်လုပ်ပြီး နောက်ဆုံး Restart ကျသွားပါလိမ့်မယ် ... ။

ဖုံးဘက်ထရီကို ခဏဖြုတ်ပြီး ငါးစက္ကန့်လောက်စောင့်ပေးပါ ... ။

Recovery Mode ထဲသို့သွားဖို့ Vol Up + Power ကို ၇ စက္ကန့်၊ ၈ စက္ကန့်ခန့် နှိပ်ပေးပါ ... ။

Recovery mode ၀င်သွားလျှင် ဘူးသီးငါးပေါင်းကြော် စာတွေကို တွေ့ရပါလိမ့်မယ် :D :D :D

အဲ့ဒီထဲမှာ SD ဆိုပြီးပါတဲ့  နေရာလေးကို ၀င်ပေးပါ ... ။ Recovery mode ထဲမှာ Vol down, Vol up, နဲ့ သွားပြီး Power ခလုတ်ကို အသုံးပြုရမှာပါ ...။

SD ဆိုတဲ့နေရာကိုဝင်ပြီး ပထမဦးဆုံးတစ်ခု ကိုဆက်ဝင်ပါ ... ။ SD ကဒ်ထဲက ဖိုဒါတွေ၊ ဖိုင်တွေ တွေ့ရင် အဲ့ဒီထဲက Root.zip ဆိုပြီး ကော်ပီလုပ်ထားတဲ့ ဖိုင်လေးကို

Apply လုပ်ပါ.. ။ အဲ့ဒီမှာ အပေါ်တစ်ကြောင်းအောက်တစ်ကြောင်း

အပေါ်အကြောင်းမှာ C8650 root zip ဆိုပြီးပါပါတယ်။ အဲ့ဒီ C8650 root zip ထဲဝင်လိုက်ရင် သူ့ဘာသာ အလုပ်လုပ်ပြီး  နောက်ဆုံး အင်္ဂလိပ်လို Install complete Good Lucky ဆိုပြီး

ပေါ်လာပါလိမ့်မယ် ... ။ ပြီးတာနဲ့ ဘက်ထရီသာ ဆွဲဖြုတ်လိုက်ပါ ... နောက် ပြန်တပ်လိုက်ပါ ... ။ ဒါဆိုရင် အားလုံး Done ပါပြီ ... ။ ဘူသီးငါးပေါင်းကြော်နဲ့ အင်္ဂလိပ်လို ရောထားတဲ့

RE ဆိုတဲ့ဟာကို ၀င်လိုက်ပါ ... ။ Super User permission တောင်းရင် Allow လုပ်ပေးလိုက်ပါ ... ။ နောက်ဆုံး အမြစ်တူးလို့ ပြီးပါပြီ ... ။

အမြစ်တူးပြီးတဲ့နောက် မြန်မာဖောင့် ထည့်ဖို့ ဦးသူရိန်ရဲ့ Zawgyi installer နဲ့ Myan key ကို Install လုပ်ပြီး အသုံးပြုနိုင်ပါပြီ .... ။

PS. Unlock root, super one click စတာတွေနဲ့ မရတဲ့ Huawei c8650 ကို Root တာပါ .. ။ :D  ကျွန်တော့်ကို ကို Sai Nyi Phyo ပြောပေးတဲ့ဟာတွေနဲ့ လိုက်လုပ်ပြီး ရတဲ့နည်းပါ ...။ ကိုယ်တိုင်မတတ်ပါ .. ။ ဟီးးးးးးးးး ... ။ တစ်ခုခုမရရင် ဒီလူကြီးကိုသာ အက်ပြီးမေးပေတော့ဗျို့ .. ။ :P :P :P
စိုင်း အာ ကာ (MMUC)

ကဲဒီလောက်ဆိုရင်တော့ Huawei C8650 ခမျာ အမြင်တင်မက ရေသောက်မြစ်ဖျားလေးပါမကျန် လန်လောက်ပါပြီ...




ခင်မင်လျက်

မောင်ပေါက် from

Offline boot loader unlock ကို 5minutes အတွင်း အလွယ်တကူလုပ်ရအောင်


U8825D U8950D G510 C8825 phone တွေအားလုံးကို offline boot loader unlock ကို 5minutes အတွင်း အလွယ်တကူ လုပ်လို့ရပါတယ်. သေချာ စမ်းသပ်ပီး ဖြစ်ပါသဖြင့် restart ကျခြင်း လုံးဝ မရှိပါ...ph တစ်လုံး root လုပ်ရန် ကြာချိန်သည် 10minutes သာဖြစ်ပါသည် .3ရက်မဟုတ်ပါ 2ရက်မဟုတ်ပါ 1ရက်မဟုတ်ပါ ခဏလေးပါပဲ....

ပထမဆုံး ဒီ link
1. Download Boot Loader လေးကို ဒေါင်း :)

2.ရလာတဲ့ဖိုင်ကို zip ဖြည်လိုက် အထဲက dload ဖိုင်လေးကို format ချထားတဲ့ sdcard အလွတ်ထဲကို ကူးလိုက်

3. ပြီးရင် U8825D phone ထဲကို sd card လေးထည့်ပြီးတော့ phone volume up+down နဲ့ power key ကိုတပြိုင်တည်း ဖိ update success ဖြစ်သွားရင်တော့ သင့်Phone လေးက Boot loader unlock ဖြစ်သွားပါပြီ။ 3ရက်တွေ 2ရက်တွေ 1မနက်တွေ စောင့်မနေပါနဲ့ တော့ :P

4.ပြီးရင်တော့ ကြိုက်နှစ်သက်ရာ unlock tool နဲ့ root လုပ်လို့ ရပါပြီ.......

(ဒီလိုလုပ်ရင်လွယ်ပါတယ်ကွာ :)
စိတ်ချမ်းမြေ့ကြပါစေ

မောင်ပေါက်

Credit to   Mc Pinglay

Huawei G510-0010 Root လုပ်ကြမယ်

ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ chat box ကနေ အကိုတစ်ယောက်မေးထားလို့ အားလုံးအတွက် ဒီနေရာလေးကပဲ ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်။
ခုဖော်ပြပေးမဲ့ဖုန်းလေးကို ဘာ error မှ မရှိပဲ Root လုပ်ဖို့အတွက်ကတော့ bootloader unlock code တောင်းဖို့လိုအပ်ပါတယ်ခင်ဗျာ code တောင်းဖို့အတွက် ဆိုက်ကတော့ english ဆိုက်ကနေပဲတောင်းလိုက်ပါ။ တရုတ်ဆိုရင် ရွာလည်နေမှာဆိုးလို့ပါ။
bootloader unlock code တောင်းရန်
licence aggrement ကို အမှန်လေးခြစ်ပြီး next နဲ့ဆက်သွားလိုက်ပါ။
E-mail နေရာမှာ မိမိရဲ့ မေးကိုထည့်ပါ။ Product type နေရာမှာ smart phone ကိုရွေးပါ။ Product model နေရာမှာတော့ မိမိတို့ လုပ်ချင်တဲ့ ဖုန်းရဲ့ မော်ဒယ်ကိုထည့်ပေးပါ။ product SN ကတော့ ဖုန်းရဲ့ နောက်ကျောက battery ကိုဖြုတ်ကြည့်ပါ။ product IMEI/MEID ကိုတော့ ဖုန်းရဲ့ ဖုန်းခေါ်တဲ့နေရာမှာ *#06# ကိုရိုက်ပြီးကြည့်ပါ။ Product ID ကိုတော့ *#*#1357946#*#* ကိုနှိပ်ပြီး ကြည့်လိုက်ကြပါခင်ဗျာ။ လိုအပ်တာတွေ အားလုံးဖြည့်ပြီးသွားရင်တော့ submit ဆိုတာလေးကိုနှိပ်လိုက်ပါ။ မေးထဲကို code လေးပြန်ပို့ပေးပါလိမ့်မယ် တစ်ခါတစ်လေ ပြန်ပို့ပေးတဲ့ ရက်က ကြာတတ်ပါတယ် ။တစ်ခါတစ်လေလဲမြန်ပါတယ်။ အမြန်ဆုံးရချင်တယ်ဆိုရင်တော့ google mail နဲ့ မတောင်းပဲ yahoo လိုမေးမျိုးလေးနဲ့ တောင်းပါလို့ အကြံပေးချင်ပါတယ်။

ဖုန်းကို unknow sources နဲ့ usb debug on ထားပြီး adb driver install လုပ်ထားပါ။
လိုအပ်တာတွေဒေါင်းထားလိုက်မယ်နော်

 Revovery Tool

>> Download <<

Huawei bootloader unlock

>> Download <<

Update.zip

>> Download <<

Driver

>> Download <<


ဖိုင်လေးကို ဖြည်ထုတ်ပြီး Huawei Unlock.exe ဆိုတာလေးကို runပါ။
ပြီးရင်တော့ ဖုန်းကို ပါဝါပိတ်ပြီး ခဏထားပါ။ bootloader unlock လုပ်ရန်အတွက် vol down နဲ့ power ကိုတွဲနှိပ်ပါ logo မှာ ရပ်သွားရပ်သွားပြီးဆိုရင်လွတ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ မေးထဲကို ပို့ထားတဲ့ code ၁၆ လုံးကိုရိုက်ပြီး enter နှိပ်လိုက်ပါ။ ဖုန်းဟာ Reboot တစ်ခါကျသွားပါလိမ့်မယ်
 Cache တွေရှင်းတာကိုတွေ့ပါလိမ့်မယ် ဖုန်းကို လုံးဝပြန်တတ်တဲ့အထိစောင့်ပေးပါ။ မိမိရဲ့ phone က bootloader unlock လုပ်မယ်ဆိုရင်တော့ data တွေ backup ယူထားပါ။ အားလုံးပျက်မှာပါ။ အရေးမကြီးဘူးဆိုရင်လည်း မယူပါနဲ့ဗျာ။


  ဖုန်းက ပြန်တတ်လာပြီဆိုရင်တော့ onekeytools.exe လေးကို run ထားပါ။ root လုပ်ဖို့အတွက် sd ထဲကို update.zip ဖိုင်လေးထည့်ထားပါ။ ဖုန်းကိုတော့ Usb debug နဲ့ unknow sources on ပေးထားပါ။ ပထမလုပ်ခဲ့သလိုပါပဲ fastboot mode ၀င်ရန် ပါဝါပိတ် ခဏထားပြီး vol down နဲ့ power ကိုတွဲနှိပ်ပါ။ logo မှာရပ်ရင် လွတ်လိုက်ပါ။ ကွန်ပျူတာနဲ့ချိတ်ပါ။ run ထားတဲ့အထဲက သုံးကြောင်းမြောက်က Bootloader Recovery ဆိုတာလေးကိုနှိပ်လိုက်ပါ။ recovery ထည့်ပြီး reboot ကျသွားပါလိမ့်မယ် ကျတဲ့အထိစောင့်ပါ။


 ဖုန်းကို battery ဖြုတ်လိုက်ပါ။ ခဏနေပြန်တပ်ပြီး vol up နဲ့ power နှိပ်ပါ။ recovery တတ်လာရင် လွတ်လိုက်ပါ။ ဖုန်းထဲကိုထည့်ထားတဲ့ update.zip လေးကို falsh ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ဆုံး တရုတ်လို reboot system now ကိုနှိပ်ပေးလိုက်ပါ။ ပြန်တတ်လာပြီးဆိုရင်တော့ root လုပ်တာပြီးဆုံးပါပြီခင်ဗျာ။ ဒီလိုဆိုသူငယ်ချင်းအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။

နောက်ထပ်တစ်နည်းရှိပါသေးတယ် oneclickroot ဆိုတာလေးဒေါင်းပြီး ဘာ code မှ မတောင်းပဲစမ်းကြည့်နိုင်ပါသေးတယ်။ အဲဒီနည်းက ကျွန်တော့ဆီမှာ စမ်းဖို့ ဖုန်းမရှိလို့ ပါ ရတယ်လို့ရေးထားပါတယ်။ လုပ်နည်းလေးကတော့ usb debug နဲ့ Unknow soruces On ထားပြီး root ဆိုတာလေးနှိပ်လိုက်ယုံပါပဲခင်ဗျာ။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူသွားနိုင်ပါတယ်။ software ကို install လုပ်ဖို့ internet connection လိုအပ်ပါတယ် လိုအပ်တာတွေ ထပ်ဒေါင်းမှာ ဖြစ်ပါတယ်ခင်ဗျာ။ driver က အစဒေါင်းပေးနိုင်ပါတယ်။

Oneclickroot

>> Download <<
 
Matual friedn (ပြည်)မှ 
 

Huawei ဖုန်း ၁၈လုံး Recovery သွင်းလို့ ရမဲ့ All In One Custom Recovery Tool Kit


ဒါလေးကတော့ Huawei ဖုန်းတွေအတွက် CWM Recovery သွင်းဖို့ အတွက်ဖြစ်ပါတယ်……ဒီ Tool Kit မှာပါတဲ့ ဖုန်းတွေကတော့ 1. U8825D  2. C8825D

3. U8950D

4. C8950D

5. U9200

6. T9200

7. U8500

8. U8661

9. U8660

10. C8650

11. C8800

12. U8800

13. U8800Pro

14. U9500

15. U8815

16. U8818

17. C8810

18. C8812

အပေါ်မှာပါတဲ့ 18 လုံးကို CWM Recovery သွင်းနိုင်မှာပါ…..
 



အရင်သွင်းကျဖြစ်တဲ့အတိုင်း Fastboot mode ကနေ သွင်းရမှာပါ….Fastboot Mode ဆိုတဲ့ Huawei Logo မှာ ရပ်နေတဲ့ အခါ ကြိုးထိုးပြီး All In One Huawei Recovey ကို Run လိုက်ပါ….Zero ကို နှိပ်ပြီး Enter ခေါက်လိုက်ရင်တော့ကျွှန်တော်ရဲ့ Website ကို ရောက်မှာပါ…..ကိုယ့်ဖုန်းအမျိုးအစားကို ရွေးပြီး Enter ဆက်တိုက်ခေါက်ရုံပါပဲ……ဖုန်းအမျိုးအစားမှာရွေးမိလဲ ပြသာနာမရှိပါဘူး….. ဘာ Error မှမရှိပါဘူး ဖုန်းဟာ Reboot ကျသွားရင့်တော့ Recovery ကို ၀င်လို့ရပါပြီ.. ဖုန်းတစ်လုံးနဲ့တစ်လုံး Fastboot mode Key နဲ့ Recovery Key မတူလို့ မရှင်းတော့ပါဘူး…..

Download Here

Credit to သစ်ဆန်းခန့်

Sunday, April 7, 2013

How to root Huawei G520-5000 မောင်အောင်ဇေလတ်

အားလုံး မင်္ဂလာပါခင်ဗျာ
ဘာရယ် မဟုတ်ပါဘူး Huawei G520-5000 ကို Root မယ်ဆိုတော့ ကွိုင်တက်ပါလေရော။အဲဒါနဲ့ 

ကျွှန်တော် လည်း စဉ်းစားမိသွားတယ် 

အဲဒီဖုန်းကို CWM Recovery ရအောင်ထည့်မယ် ။

ပြီးရင် Root ဖောက်ဖို့ အတွက် CWMSuperSu ထည့် ပြီးတော့ Root ဖောက်မယ်ပေါ့

အဲဒီလို စိတ်ကူးပြီးတော့ Recovery.img ဖိုင်လေး ကိုတော့ MMSD မှာ ရရှိခဲ့ပါတယ်.ကျေးဇူး

လည်းတင်ပါတယ် .. ဘာပဲဖြစ်ဖြစ် အဲဒီ recovery.img လေးက အဲဒီဖုန်းကို Root ဖောက်ဖို့ အတွက်

ဖြစ်စေခဲ့တာကိုးးး ကဲ..စရအောင်နော်

လိုအပ်တာလေးတွေ ဒေါင်းပေးထားပါ 

Root File Download Here 

ဒေါင်းလို့ ရလာတာလေးကို ဇစ် ဖြည်လိုတ်ရင် အထဲမှာ 

SP_Flash_Tool_v3.1252.1.104 

stuff

အဲဒီ နှစ်ဖိုင်ပါမှာပါ 

ပြီးရင်  SP_Flash_Tool_v3.1252.1.104  အဲဒီဖိုင်ကိုဖွင့်လိုတ်ပါ အဲဒီအခါ 

SP_Flash_Tool_v3.1252.1.104  ဖိုင်ထဲမှာ Flash_tool.exe အမည်ပါတဲ့ ကောင်လေးကိုဖွင့်လိုတ်ပါ



ပြီးရင် အောက်ကလိုပုံလေး ပေါ်လာရင် Scatter-Loading ဆိုတာကို ကလစ်နှိပ်ပါ

ပြီးရင် ဘောက်တခု ကျလာပါလိမ့်မယ် အဲဒီဘောက်မှာ 

MT6589_Android_scatter_emmc.txt ဆိုတာလေးကိုရွေးပေးပါ ။ ပြီးရင် Open ကိုနှိပ်ပါ 



ပြီးရင် အောက်ကပုံကိုကြည့်ပါ .အဲဒီမှာ recovery.img ဆိုတာလေးကို ကလစ် တချက်နှိပ်လိုတ်ပါ 



မျှားလေး ပြထားတယ်နော် . အဲလို ကလစ် တချက် နှိပ်လိုတ် လို့ ရှိ ရင်ဘောက်တခု ထပ်ကြလာမှာပါ 

အဲဒီဘောက်မှာ recovery.img လေးကိုရွေးပေးပါ. ( ကျွှန်တော်ပေးထားတဲ့ recovery.img 

ပဲဖြစ်ရမယ်နော် )

ပီးရင် Open ကိုရွေးပေးပါ .. ထို့ နောက် SP_Flash_Tool ရဲ့ အပေါ်ဘားမှာ Download ဆိုတာလေး ရှိတယ် အဲဒါလေးကို ကလစ်တချက်နှိပ်ပေးပါ ။ 

ပြီးရင်ဘောက်တခု ထပ်ကြလာပါမယ်. အဲဒီမှာ Yes ကိုရွေးပေးပါ ။.

အခု အခါ ကွန်ပျူတာမှာ ပြင်ဆင်သင့်တာ တွေ အားလုံး ပြီးသွားပါ ပြီ ထို့ နောက် ဖုန်းကိုပါဝါပိတ်ပါ ။

ဓါတ်ခဲဖြုတ်ပါ ။ ထို့ နောက် ကွန်ပျူတာတွင် ချိတ်ပါ 5စက္ကန့် လောက်အထိ ဖုန်းက မတုန်သွားဘူးဆိုရင် 

ဓါတ်ခဲကို တက်လိုတ်ပါ ။ ပြီးရင် SP_Flash_Tool မှာ အနီးတန်းလေးပြေးသွားပါမယ်. အဲဒီလိုမှ မဟုတ်ရင် 

ဓါတ်ခဲ ကိုပြန်ဖြုတ် ပြီးတော့ ကြိုးပြန်ထိုး ပြီးတော့ ဓါတ်ခဲကိုပြန်တက်ပါ ။

အကယ်၍ ရတယ်ဆိုရင်တော့ အောက်ကပုံလေးလို သူ က ဆက်သွားနေမှာပါ 


ဘာမှလုပ်စရာမလိုဘူးနော်.. ဆက်ကြည့်နေလိုက်ဦးး

အဲဒါလည်းကြည့်နေဦးး



အဲဒီအတိုင်းဆိုရင်တော့ အောင်မြင်စွာ ပထမ အဆင့်ပြီးသွားပါပြီခင်ဗျ....

ဖုန်းကို ပါဝါပြန်ဖွင့်ပါ USB Debugging တွေ On ထားပါ Unknow Source တွေ လည်း On ထားပါ ။

ထို့ နောက် အပေါ်မှာဒေါင်းထားတဲ့ Stuff ဆိုတဲ့ဖိုင်လေးတဖိုင် ပါပါတယ် အဲဒီ ဖိုင်လေးကို ဖွင့်လိုတ်ပါ 

အဲထဲမှာ RunMe.bat ဆိုတာလေး တွေ့ မှာ အဲဒါလေးကို ဖွင့်လိုတ်ပါ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ 

ချိတ်ပါ(ပါဝါဖွင့်လျှက်) ။ ပြီးရင် ခဏစောင့်နေလိုတ်ပါ..အောက်ပုံကိုကြည့်ပါ


ပုံလေးထဲမှာကရှင်းပါတယ် ထည့်ရမယ့်ဖိုင်တွေကို ဖုန်းထဲကိုထည့်နေတာပါ..ဘာမှ နှိပ်စရာမလိုဘူးနော်..ပြီးရင်နောက်တမျက်နှာကိုရောက်သွားမယ်


ဆောနက RunMe.bat ဖိုင်က အစိမ်းရောင်က အပေါ်ကအရောင်ကိုပြောင်းသွားလို့ ရှိရင် မိမိ ဖုန်းဟာလည်း CWM Recovery ထဲကိုရောက်နေပါလိမ့်မည် ..အဲဒီအခါ အပေါ်ကပုံကို ကြည့်ပါ ..အဲဒီမှာ သူက ဘာလုပ် . ဘာလုပ် လို့ ခိုင်းထားပါတယ်..
အပေါ်ကစာကိုဖက်ပြီးတော့ဖုန်းမှာ လုပ်ရမှာပါ ။
  1. အရင်ဆုံး ဒုတိယ မြောက်စာကြောင်းကိုသွားပါတဲ့
  2. ပြီးရင် လေးကြောင်း မြောက်စာကြောင်းကိုထပ်သွားပါတဲ့
  3. အဲဒီမှာ HWMMFont.zip ကို သွားရွေးပေးပါတဲ့ 
  4. အဲဒီအထဲထပ်ရောက်ရင် HWMMFont.zip ကိုပဲထပ်ရွေးပေးပါ တဲ့
    ဒါဆို ရင် တော့ မြန်မာဖောင့် ကိုအောင်မြင်စွာထည့်ပီးသွားပါပြီတဲ့ Root ဖောက်မယ်ဆိုရင်တော့
  5. လေးကြောင်းစာသားကို ထပ်သွားပါတဲ့
  6. အဲဒီမှာ CWMSuperSu.zip ကို ရွေးပေးပါတဲ့
  7. အဲဒီအထဲရောက်ရင် CWMSuperSu.zip ကိုထပ်ရွေးပေးပါတဲ့
အဲဒါဆိုရင်တော့ ကျွှန်တော်တို့ ဟာ Root , Myanmar Font , Keyboard တွေ ကိုအောင်မြင်စွာထည့်ပြီးဖြစ်ပါလိမ့်မည် . 
မင်းရဲ့လုပ်ငန်းစဉ် ပြီးဆုံးသွားလို့ ရှိရင် RunMe.bat ထဲမှာ ကီးဘုတ်ပေါ်က 1 ကိုရိုတ်၍ Enter ကိုခေါက်လိုတ်ပါတဲ့ ဒါဆိုရင်ဖုန်းဟာ ပါဝါပြန်ပွင့်သွားပါလိမ့်မယ်

ဖုန်းပါဝါပြန်ပွင့်လာရင်တော့ ကျွန်တော်တို့ ဟာ Huawei G520-5000 ကို အောင်မြင်စွာ ကီးဘုတ် များ မြန်မာဖောင့်နှင့် Root တို့ ကို ထည့်သွင်းပြီးဖြစ်နေပါသည် ။

( မိမိ တို့ အဆင်ပြေသလို လေ့လာလို့ ရအောင် ပြန်ပြင်လို့ ရအောင် ကျွန်တော် .exe မပြောင်း ပဲနဲ့ Password မထည့်ထားပဲ နဲ့ RunMe.bat အနေနဲ့ ပေးထားပါတယ်.. အထဲမှာ ပါတဲ့ ADB Commands တွေကို နမူ နာယူပြီးတော့ ပြန်ပြင်ပါ . လော့လာပါ . မှတ်သားပါ ..)
ကျွန်တော့်ကိုဆရာ က အမြဲတမ်းပြောလေ့ရှိတဲ့စကားလေး တခွန်းက“ စုတုပြု ” တဲ့ ..အဓိပ္ပါယ်က တော့ မိမိ ဟာ လိုအပ်တာလေးတွေ စု ဆောင်းပါ ။ တပါးသူ များပြုလုပ်ထားတာကို အ တု ယူပါ (ကောင်းသောအတုခိုးခြင်း) .။ ပြီးရင်တော့ အောင်မြင်သော လုပ်ဆောင်မှု များကို ပြု လုပ်ပါ တဲ့ ။
ကျွန်တော်လက်ခံပါတယ်..ကျွန်တော် လုပ်ထားသလောက်ဟာ ဘာမှ မပြောပ လောက်ပေမယ့် တကယ့်ကို လိုအပ်နေသူ တစုံတဦးအတွက်တော့အဆင်ပြေပါလိမ့်မည် ။


အားလုံးကိုခင်မင်လေးစားစွာဖြင့်

Y220T Root By Phyo Nyinyi and စိုင်း အာ ကာ

Huawei Y220T Rooting Method
UPDATE :
Y220T ကို Root လုပ်လိုက်လို့ Camera မှောက်ခုံဖြစ်သွားတာတွေ 
 နောက်ပြီးတရုတ်လိုပါတဲ့ ကောင်တွေကို မသုံးချင်တဲ့သူတွေ အတွက် NEW ROM လေးနဲ့လုပ်ပါ .... ။
လုပ်နည်းကတော့ တူတူပါပဲ ... ။ ဒီ PAC ဖိုင်ကိုဒေါင်းပြီးတော့ Reseach 
 Download.exe ကနေပြီးတော့ ပထမ တစ်ခါအတိုင်း လုပ်လိုက်ပါ ... ။ 
 အဆင်ပြေသွားပါလိမ့်မယ် ... ။ တော်တော်လည်း သုံးလို့ကောင်းပါတယ် .... ။
MPX team မှ ကို MEETEE ရဲ့ ပို့စ်ကို ပြန်ရှယ်ခြင်း ဖြစ်ပါတယ် ... ။

ဒီမှာဒေါင်းပါ >> http://d-h.st/Hdz
အရင်ဆုံး Driver ကိုသွင်းရပါမယ်။
No. (1) ကဟာကိုဒေါင်းပါ။
driver သွင်းပြီးရင် ဖုန်းကို off လုပ်ပြီး volume down ကို ဖိထားလျှက်
PC မှာ ချိတ်ဆက်လိုက်ပါ driver installaing လုပ်ပါလိမ့်မယ်
driver ၀င်ရင်တော့ အောက်က ပုံလိုပြမှာပါ
ဒါဆိုရင် ဖုန်းကို ပြန်ဖြုတ်ထားလိုက်ပါ
(2) ကိုဒေါင်းပါ
Y220T_Research_Download ဆိုတဲ့ ဖိုဒါထဲက Reseach Dowload.exe ကို run လိုက်ပါ။
ဘယ်ဘက် အပေါ်နားလေးက ပင်နယံပုံလေးကို ရွေးလိုက်ပါ
select file လုပ်ရမယ့် နေရာမှာ နံပါတ် (၃) က ဒေါင်းလို့ရလာမယ့်
220T ROOT.pac ဖိုင်ကို ရွေးပေးလိုက်ပါ ။
ပြီးရင် Play ခလုပ်လေးကို နှိပ်လိုက်ပါ။(သုံးမြှောင့်ပုံလေးပါ )
နောက် ဖုန်းကို ပါဝါပိတ် ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ VOL Down  ခလုတ်ကို နှိပ်လျက်နဲ့ USB ထိုးလိုက်ပါ။
ဒါဆိုရင် Software ကစပြီးအလုပ်လုပ်ပါပြီ။
ဖုန်းထဲကို လိုတဲ့ဖိုင်တွေ ရိုက်ထည့်သွားပါလိမ့်မယ်။
အားလုံးပြီးသွားပြီဆိုရင်တော့ PASS ဆိုပြီး အစိမ်းရောင်လေးပေါ်လာပါမယ်။
ဖုန်းကို usb ဖြုတ်။ ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ ပါဝါဖွင့်ပါ။
firmware လုံးလုံး အသစ်တင်တာဖြစ်တဲ့ အတွက် နည်းနည်းကြာပါမယ်
ပြန်တက်လာရင် သင် Superuser ဖြစ်သွားပါပြီ
All Done !!~
အားလုံးအားလုံးကို Credit ပေးပါတယ်ဗျာ ... ရှာဖွေမှု၊ ကြိုးစားမှု၊ မျှဝေမှုအားလုံးးကိုကျေးဇူးတင်ပါတယ် .... ။
Credit to >> MM MPX team, MMSD,
Special Thanks to (Kee Liong Lee @MMSD) for he buying this pac file !!~
Thanks to all.
Don't miss to treat me beer !!~ & Y220T တွေ ဈေးမတက်ပါစေနဲ့ .... :D :P :P
စိုင်းအာကာ
Download Link
No. (1) >> http://d-h.st/eha  (Driver)
No. (2) >> http://d-h.st/tNX   (Reseach Downloader)
No. (3) >> http://www.mediafire.com/?1tb80metezy32m2 (Y220T .Pac file)

Huawei G520-5000 CWM + Root လေးပါ

Huawei G520-5000 CWM + Root လုပ်နည်း အပြည့်စုံ တင်ပေးလိုက်ပါတယ်
လိုဒါလေးတွေ အရင် အောက်မှာဒေါင်းလိုက်ပါ 

G520-5000 Root + CWM ကိုဒီမှာဒေါင်းပါ http://www.mediafire.com/?i62rdfyog5g7qdb

Zip file ထဲ မှာ အားလုံးပါ ပါတယ် g520 CWM cofface + G520 ROOT cofface + G520 USB Driver တွေ ရလာပါမယ် Root မလုပ်ခင်မှာ စာကိုသေချာဖတ်ပေးပါ 

မိမိ ဖုန်း battery အား 60% ရှိရပါမယ် မရှိရင် သွင်းပါ CWM သွင်းရင် Data တွေ အားလုံး ပျက်မှာ ပါ 

အရေးကြိးဒါတွေကို backup လုပ်ထားပါ အားလုံးပြည်စုံရင် CWM စသွင်းပါမယ် အောက်မှာ ကြည့်ပါ

မိမိ ဖုန်း ကို battery ဖြုတ်ထားပါ

g520 CWM Floder ထဲ က  -órecovery¦ñ+¯ကို Run ပါ အောက်က ပုံ အတိုင် ပေါ်လာပါမယ် ပုံမှာပြထားတဲ့ အတိုင်း ရွေးပါ




Box တစ်ခု ကျလာပါမယ် MT6589_Android_scatter_emmc ကို ရွေးပေးပြိး open ကိုနိပ်လိုက်ပါ

အောက်က ပုံ အတိုင်းပေါ်လာပါမယ် 




Download ကို နိပ်လိုက်ပါ အောက်က ပုံ အတိုင်းပေါ်လာပါမယ်





့Yes ပိုရွေးပေးလိုက်ပါ  မိမိ ဖုန်းကို VOL Down နိပ်ပြိး pc နဲ့ ချိတ်လိုက်ပါ battery တတ်ပါ Driver သီသွားရင် Auto အလုပ်လုပ်သွားပါမယ် အောက်က ပုံအတိုင်းပါ



အနီရောင်  % 100 ပြည့်သွားရင် အ၀ါရောင် % ဆက်သွားပါမယ် 100 ပြည့်သွားလို့  

အလ်ာမှာ အစိမ်းရောင် အ၀ိုင်းလေး ပေါ်လာရင် USB ကြိုးဖြုတ် battery ဖြုတ် ပါ





Recovery ၀င်ပါမယ် 10 စက္ကန့် ထားပါ ပြိးရင် Vol Up + power ကိုနိပ်ပါ အောက်က ပုံအတိုင်းပေါ်လာပါမယ်




Vol Up & Vol down နဲ့ ရွေးပါ တရုတ်စာတွေ ကြားက Root ဆိုတဲ့ စာကြောင်းပါဒါကိုေ၇ွးပေးလိုက်ပါ 

Auto လုပ်သွားပါမယ် ပြိးရင်ပြန်တက်လာပါမယ် 





ပြီန်တက်လာပြိးဆိုရင် USB ကို on ပါ pc နဲ့ ချိတ်ပါ G520 ROOT cofface Folder ထဲ က -++n+±+í-++¿¦_+f ဒီ Bet ကို Run ပါ အောက်က ပုံအတိုင်းပေါလာပါမယ် Enter နိပ်ပေးလိုက်ပါ 

super User & RootExplorer ကိုသွင်းသွားပါမယ်

super User မိမိ ဖုန်းထဲ ကိုရောက်သွားပြိးဆိုရင် အားလုံးပြိးပါပြီ








အားလုံး အစဉ်ပြေပါစေ 


ကျွန်တော်ရဲ့  ပုံမှန်ဘဝထဲကို ပြန်လည်တိုးဝင်ဖို့  ကြိုးစားနေပေမယ့် ကျွန်တော်ဟာ ဘယ်တော့မှ စက်ရုပ်ဖြစ်လာမှာ မဟုတ်ပါဘူးကျွန်တော့် လည်ပြွန်ထဲမှာ ပန်းသီး တစ်ဖဲ့ ရှိနေသ၍ပန်းသီးအိမ်မက်ကို ကျွန်တော် ဆက်မက်နေဦးမှာပါ
posts ရေးသားသူ Chitsanmg19 လိုအပ်တဲ့  software များနဲ့  ios အတွက်များကို skidrow993@gmail.com မှာမေးပို့ ပေးထားပါ လင့်တွေပြန်တင်ပေးပါမယ်

Huawei Ascend-P1-[U9200-1] Firmware နှင့် Ascend P1-[U9200] သစ်ဆန်းခန့်မှ

Huawei U9200 ရဲ့ Firmware များပါ အသုံးလိုသူများ ယူသွားကြပါ...
Ascend P1-[U9200]-B528
Ascend P1-[U9200-1]-B229
(Android 4.0, V100R001C00B229)(477Mb) ------>http://www.mediafire.com/download.php?7a9g7gyy3tkdgtz
Ascend-P1-XL-[U9200E]-B124
(Android.4.0 V100R001CHNC00B124)(523Mb) --->>>http://www.mediafire.com/download.php?
 
 
 
Huawei U9200 အတွက် Firmware လေးပါ
အသုံးဝင်နိုင်ကြပါစေ...

Ascend-P1-[U9200-1]-B124 
(Android.4.0 V100R001CHNC00B124 )(523Mb) --->>> http://www.mediafire.com/download.php?emmueu6svriuge4
Huawei [U9200-1]-B508
(V.4.1.1, V100R001CHNC00B508)(565Mb)---->>> http://www.mediafire.com/download.php?n77fqdqhk19dgv6

Tuesday, January 15, 2013

U8950D Root ဖောက်ချင်းအပြည့်အစုံ

U8950D Root ဖောက်ချင်းအပြည့်အစုံ

ပထမဆုံး ဖုန်းရဲ့ အချက်အလက်တွေကို ကြည့်ရပါမယ်။
၁။ Serial Number ကြည့်ရမယ်။
၂။ IMEiD (International Mobile Equiment Idenity) ကြည့်ရမယ်။


Serial Number ကိုဖုန်းကျောမှာရေးထားတဲ့နံပါတ်ကိုကြည့်ရမယ်။
ဥပမာ။            ။                 N5T4CB9261909742
IMEI/MEiD ကို *#06#နှိပ်ပြီးကြည့်ရမယ်။
ဥပမာ။          ။                a0000036e0bb98

အာလုံးကိုမှတ်ထားပြီး
ဒီ Link မှာ Register လုပ်ရပါမယ်။
http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock
တရုတ်လိုတွေရေးထားပါတယ်။လုပ်ရမယ့်လမ်းစဉ်တွေကို ရေးပေးထားပါတယ်။
ပထမဆုံးစာကြောင်းကိုကိုယ့်ရဲ့ Email လိပ်စာထည့်ပါ။
ဥပမာ။            ။             phyochansoftware2012@gmail.com
ဒုတိယစာကြောင်းက Category ရွေးခိုင်းတာပါ။အောက်ဆုံးကဟာကိုရွေးပေးလိုက်ပါ။
တတိယစာကြောင်းက Type ကိုရွေးခိုင်းတာပါ။ Huawei U8950D ကိုရွေးပေးလိုက်ပါ။
စတုတ္ထစာကြောင်းက IMEiD ကိုရေးခိုင်းထားပါ။

အားလုံးဖြည့်ပြီးရင် အနီလေးကို နှိပ်လိုက်ပါ။
၂ရက်၊၃ရက်လောက် ကြာရင် Huawei ကနေ mail ပိုပေးပါလိမ့်မယ်။

Huawei ကပို့တဲ့ mail မှာ Code ၁၆ လုံးတွေပါလိမ့်မယ်။ မှတ်ထားလိုက်ပါ။ Unlock လုပ်ဖို့ Code တွေပါ။
Unlock လုပ်ရမဲ့နည်းလမ်းလေးဖော်ပြပေးလိုက်ပါတယ်။
Window Key + R ကို နှိပ်ရင် Run Box တက်ပါတယ်။
Run Box မှာ Cmd ရိုက်ပါ။
ရိုက်ရမဲ့ ပုံစံကို အောက်မှာရေးပြထားပါတယ်။
Fastboot.rar
Fastboot.rar
Fastboot.rar

ကိုဒေါင်းလိုက်ပါ…
ဖုန်းကိုပါဝါပိတ်လိုက်ပါ…
Volume Down + Power ကိုနှိပ်လိုက်ရင် Fastboot mode
Logo မှာရပ်နေပါလိမ့်မယ်…
ပြီးရင်တော့ ဒေါင်းထားတဲ့ Fastboot.rar ကို Extract လုပ်လိုက်ပါ…
Phone နဲ့ Computer နဲ့ချိတ်လိုက်ပါ….
ပြီးရင် ဒေါင်းထားတဲ့ Fastboot Folder မှာ Shift + Right နှိပ်လိုက်ရင်

Open Command Window Here ဆိုပြီးပေါ်လာပါလိမ့်မယ်…
နှိပ်လိုက်ရင် CMD Box ချလာလိမ့်မယ်..
Fastboot oem unlock နဲ့ Huawei ကပေးတဲ့ Unlock Code ၁၆ လုံးရိုက် Enter နှိပ်

ဒါဆိုရင်တော့ Lock ဖြည်ပြီးပြီပေါ့နော်….
ကဲဒါဆိုရင်တော့ Root လုပ်လို့ရပြီပေါ့နော်…
ဒါနဲ့အဆင်မပြေရင် ဒီနည်းနဲ့လုပ်ပါ..
http://www.mediafire.com/?00ba7rvjtm141bt   ဒါလေးကိုဒေါင်းလိုက်ပါ..
Extract လုပ်လိုက်ရင် အထဲမှာ G330D a key to unlock ဆိုတာလေးတွေ့လိုက်မယ်..
Fastboot Mode ၀င်ပြီး လုပ်ပါ....
Volume Down + Power ကို ဖိနှိပ်လိုက်ရင် LOgo မှာရပ်နေလိမ့်မယ်...
ကြိုးထိုးပြီး G330D a key to unlock ကို Run ပြီး code 16 လုံးရိုက်ပြီး Enter ခေါက်လိုက်ရပါပြီ။
ဖုန်းဟာ Reboot တစ်ခါကျသွားပါလိမ့်မယ်....
ပြီးရင် Cache တွေရှင်းတာကိုတွေ့ရလိမ့်မယ်..
လုံးဝပြန်တက်လာရင် USB Debugging နဲ့ unknown Sources ကို on ထားပါ..
ပြီးရင်တော့ Root ဖောက်လို့ရပါပြီ...
Root ဖောက်ဖို့အတွက် ဒါလေးတွေဒေါင်းပါ...
U8950D Root   (Mediafire)
U8950D Root    (Dev host)
ဒေါင်းပြီးရင်တော့ Extract လုပ်ပါ..
အထဲမှာ Zip နှစ်ဖိုင်တွေလိမ့်မယ်..
update.zip ကို SD Card ထဲထည့်လိုက်ပါ...
ပြီးရင်တော့ Volume Down + Power နဲ့ Fastboot ၀င်လိုက်ပါ....
Logo မှာရပ်နေပါလိမ့်မယ်.....Recovery folder ထဲက .bat ဖိုင်ကို Run လိုက်ရင် Recovery ၀င်သွားပါပြီ။
ပြီးရင် Battery ဖြုတ်လိုက်ပါ...
Volume + Power နဲ့ Recovery Mode  ၀င်လိုက်ပါ...
Update.zip ကိုရွေးလိုက်ရပါပြီ...

Friday, January 4, 2013

Huawei Ascend P1 U9200 (Root + Unlock)


Huawei Ascend P1 U9200 အတွက် ကျွန်တော် Firmware တင်ပေးလိုက်တော့ Root နည်းလာတောင်းကြတဲ့သူများအတွက် အခုတစ်ခါမှာတော့U9200 ကို လွယ်လင့်တကူ Root နိုင်တဲ့ Tools လေးကို တင်ပေးလိုက်ပါတယ် အဆင့်လေးတွေကိုလဲ ပြောပြသွားမှာဖြစ်လို့ အဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်ကြမှာပါ။
အရင်ဆုံး Unlock Bootloader Tools လေးကို အောက်က Link မှာ အရင်ဒေါင်းလိုက်ပါ
https://www.dropbox.com/s/5gdo2e8socpqlp8/U9200%20Root.rar
ကွန်ပြုတာထဲကို ဒေါင်းလုပ်ဆွဲပြီးရင် Zip ဖြေလိုက်ပါU9200 Root.exe ဆိုတာလေး ရလာပါမယ် ကလစ်နှိပ်ပြီး Run လိုက်ပါ
ပြီးရင်တော့ ဖုန်းကို Unknown Sources အမှန်ခြစ်ပေးပါ USB Debugging ကိုလဲ အမှန်ခြစ်ပေးပါ
ပြီးရင် ဖုန်းကို ကွန်ပြုတာဖြင့် စချိတ်ပါ။ Driver အားလုံးသိနေရပါမယ်…
ခုဆိုရင်တော့ စတင် Root ပါတော့မယ်.. အထက်ပါ ပုံအတိုင်း U9200 Root.exe Run နေတဲ့ ပုံလေးပါ
ပြီးရင်တော့ Root ဆိုတဲ့ Button လေးကို နှိပ်ပေးပါ ဘာမှ လုပ်စရာမလိုပဲ သူ့အလိုလို Root သွားပါလိမ့်မယ်…
မြန်မာဖောင့်ထည့်တာနဲ့ ကျန်တာတွေကိုတော့  လုပ်တက်မယ်ထင်လို့ ထပ်မရေးတော့ပါဘူး။
အဆင်ပြေလွယ်ကူစွာ Root နိုင်ကြပါစေ..အခက်အခဲရှိခဲ့ရင်
thitsankhant@gmail.com ကို ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်..
သစ်ဆန်းခန့်မှ ကူးယူဖော်ပြထားတယ်