This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, June 15, 2013

iPhone, iPad တွေကို Jailbreak လုပ်စရာမလို၊ Apple ID ရှိစရာမလိုပဲ App တွေသွင်းကြရအောင်


အခုတင်လိုက်တဲ့ Software လေးကတော့ Apple ရဲ့ iDevices တွေကို Jailbreak လုပ်စရာမလို၊ Apple ID လုပ်ထားစရာမလို၊ iTune ရှိစရာမလိုပဲ Apps 60000 ကျော်ကို iPhone, iPad တွေမှာ PC ကနေ အလွယ်တကူသွင်းနိုင်မဲ့ PC Software လေးပါ။ အသုံးပြုရတာလဲလွယ်ပါတယ်။ PC ကို Internet ချိတ်၊ Software လေးကို Run၊ iDevice ကိုကွန်ပျူတာနဲ့ချိတ်ထားရုံပါပဲ။ လိုချင်တဲ့ App ကို အမည်နဲ့ရှာလို့လဲ ရပါတယ်။ Software ရဲ့ Size ကလည်း 2Mb လောက်ပဲရှိပါတယ်။ နေ့စဉ် Software/Apps Update တွေလဲရှိပါတယ်။ iOS 6 ထိ Support ပါတယ်။

1. Simple, no registration login, regardless of whether the phone jailbreak without knowing iTunes , download and install the Apple games and software, a key to complete.
2. Massive game and software every day, a large number of updates to keep abreast of the latest Apple fashion.
3. Assured security, can not escape the direct use, no longer worried about the various fault because of the jailbreak.
4. Compact and efficient software, 1.47M installation package download instant fast start at the same time, the system resource consumption is very low.


ဒီမှာ
ဒီမှာဒေါင်းပါ

Post တင်သူ မျိုးမင်းထွန်း (myommh@gmail.com)

iOS 6 to 6.1 ကို Untethered Jailbreak လုပ်နည်း

ဒီပို့စ်အတွက် မိုးသကြား ကို ပထမဦးစွာ ကျေးဇူးတင်ပါတယ်..

မောင်ပေါက်..

iOS 6.x အတွက် Untether Jailbreak ပြုလုပ်နိုင်သည့် "evasi0n" ကို ဖေဖော်ဝါရီ ၅ ရက်နေ့  ညဦးပိုင်းက အောင်မြင်စွာ ထုတ်ပေးခဲ့နိုင်ပါတယ်။

Jailbreak ဖန်တီးသော အဖွဲ့  "evad3rs" က ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ထုတ်ပေးနိုင်မည်ဟု ကြေငြာထားခဲ့သော်လည်း Final Testing အချောသတ် ပြုလုပ်မှုများကြောင့် ယနေ့ မှ ထွက်ရှိလာခဲ့နိုင်တာဖြစ်ပါတယ်..

** Jailbreak မပြုလုပ်မီ ပြင်ဆင် သတိပြုရမည့် အချက်များ **


  • Device သည် iOS 6.1 update လုပ်ထားပြီးသား ဖြစ်ရပါမည်။
  • မိမိ၏ iOS device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။
  • "evasi0n" ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။
  • Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်၊ Jailbreak လုပ်နေစဉ်တွင် computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။


>> Download Evasi0n (WindowsMac OS XLinux

လုပ်ငန်းစဉ် 

အဆင့် ၁)
ပထမဦးစွာ မိမိ၏ iOS Device ကို PC နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။


အဆင့် ၂)
Backup လုပ်ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ (device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ)

အဆင့် ၃)
အထက်တွင် Download ရယူခဲ့သော "evasi0n.exe" ကို Run ပါ။

အဆင့် ၄)
"Jailbreak" button ကိုနှိပ်ပါ။ (Jailbreak လုပ်နေစဉ်အတွင်း မည်သည့် program မှ အသုံးမပြုပါနှင့်)


အဆင့် ၅)
အောက်ပါပုံအတိုင်း Jailbreak ပြုလုပ်နေသည်ကို တွေ့ ရပါမည်။


- Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် reboot လုပ်ပါလိမ့်မည်
- passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ passcode ကို ရိုက်သွင်းပါ။



အဆင့် ၆)
ဤအဆင့်တွင် ပုံပါအတိုင်း "Jailbreak" icon ကို နှိပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


ထိုအခါ သင့် Device ၏ Home screen တွင် "evasi0n" icon လေးကို အောက်ပါပုံအတိုင်း တွေ့ ရပါလိမ့်မည်။ နှိပ်ပေးလိုက်ပါ။


အဆင့် ၇)
ဆက်လက်၍ "Injecting" အလိုလျှောက် လုပ်နေပါမည်။


အဆင့် ၈)
နောက်ဆုံးတွင် သင့် Device Reboot ပြန်လုပ်နေပါမည်။ Program တွင် Jailbreak Complete! ကို တွေရပါမည် "Exit" နှိပ်ပေးလိုက်ပါ။


Device ပြန်တက်လာပါက Home screen တွင် စောစောက "evasi0n" icon လေးနေရာတွင် "Cydia" icon လေးပြောင်းသွားသည်ကို တွေ့ မြင်ရပါမည်။


အခုဆိုရင် သင့် Device iOS6.1 ကို Untethered Jailbreak အောင်မြင်စွာ ပြုလုပ်ပြီးသွားပါပြီ...
အားလုံးပဲ iOS 6.1 အတွက် Jailbreak ကို စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့  မျှော်လင့်မိပါတယ်....

**UPDATE**
Appsync iOS 6 အတွက် Cydia Source "http://cydia.myrepospace.com/Bl00dra1n/" (ဘီအယ်(လ်)သုညသုည) ဖြစ်ပါတယ်...

iPhone မှာ Lock / Unlock ဘယ်လိုသိနိုင်မလဲ


iPhone မှာ Lock / Unlock ဘယ်လိုသိနိုင်မလဲ ဆိုပြီး အီးမေးထဲကို တစ်ယောက်က မေးလာပါတယ်.. ကျွန်တော် iPhone နဲ့ပတ်သက်လို့ တော်တော် မသိတာပါ.. (iPhone မှ မသုံးနိုင်တာ. :P) လေ့လာမိသမျ ကို မျှဝေလိုက်ပါတယ်..

Lock လုပ်ထားတယ်ဆိုတာ. ထုတ်လုပ်သူက ရောင်းချမယ့် နိုင်ငံရဲ့ Network မှာပဲသုံးလို့ရအောင် လုပ်ထားတာဖြစ်တဲ့အတွက် Network တိုင်း သုံးလို့မရပါဘူး.. ဥပမာ အမေရိကန် Lock ဖုန်းဆိုရင် အမေရိကန်ရဲ့ Sim Card ထည့်ပြီး အဲဒီ Sim Card ရဲ့သုံးနိုင်တဲ့ Network အတွင်းမှာပဲ သုံးလို့ရမှာ..
အကြမ်းအားဖြင့် ဒီလိုစစ်ကြည့်နိုင်ပါတယ်..
Setting >> General >> About >> Model မှာ MC9022LL , MD368J စတဲ့ နံပါတ်တွေကို တွေ့ရမှာပါ.. Model ရဲ့ နောက်ဆုံးအက္ခရာဖြစ်တဲ့ LL ဆိုတာ USA(တစ်ချို့ LL ရဲ့နောက်မှာ LL/A လို့လည်းပါတတ်တယ်) , J ဆိုတာ Japan စတဲ့ နိုင်ငံတွေက ထုတ်တဲ့ ဖုန်းတွေဟာ LOCK ဖုန်းဖြစ်ပါတယ်.. ZA နဲ့ဆုံးတယ်ဆိုရင်တော့ စင်္ကာပူ ဖြစ်ပါတယ်.. ဒါဆိုရင် Unlock Phone ဖြစ်ပါတယ်..
အောက်မှာ ဖေါ်ပြထားတဲ့ တံဆိပ်အမှတ်အသားပါရင် အမေရိကန် Lock ဖြစ်ပြီး အဲဒါမပါရင်တော့ Unlock Phone ဖြစ်တယ်လို့လည်း သိရပါတယ်..




လေ့လာဆဲပါ.. ဒီထက်မက သိသူများ Comment မှာ ကိုယ်သိတာကို ရေးပေးခဲ့စေချင်ပါတယ်.. မသိသေးသူတွေလည်း သိအောင်ပေါ့

လေးစားလျက်

မောင်ပေါက်

iOS 6.1 အတွက် Untether Jailbreak အဆင်သင့်ဖြစ်ပြီ...

iOS hacker တစ်ဦးဖြစ်သူ "Pod2g" က အသစ်ပြန်လည် ဖွဲစည်းထားတဲ့ "Evad3rs" Dev-Team ရဲ့  "Planetbeing" နဲ့  "Pimskeks" တို့  အဓိက ကြိုးပမ်းအားထုတ်မှုကြောင့် အခုဆိုရင် iOS 6.1 အတွက် Untether Jailbreak ဟာ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း "iDigitalTimes" နဲ့  ပြုလုပ်တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားလိုက်ပါတယ်...

"ယခု Jailbreak ဟာ "Planetbeing" နဲ့  "Pimskeks" တို့ ရဲ့  စွမ်းဆောင်မှုသာဖြစ်ပါတယ်။ ကျွန်တော်က အပြီးသတ်ခါနီးမှ ရောက်လာတာပါ။ ပိတ်ဆို့ နေတဲ့ အခြေအနေတစ်ချို့ ကို သူတို့  အစွမ်းကုန်ဖြေရှင်းနိုင်အောင် အကြံဥာဏ်ပေးခဲ့ပါတယ်၊ ဒါပေမယ့် တစ်ကယ်ဆိုရင် ကျွန်တော့် အကူညီမပါပဲလဲ ဒီကိစ္စတွေဟာ ပြီးသွားမှာ သေချာပါတယ်" လို့  အသိပေး ပြောကြားခဲ့ပါတယ်။

အခုဆိုရင် iOS 6, iOS 6.1 beta 4 တို့ ကိုပါ Jailbreak လုပ်နိုင်နေပါပြီ ဒါပေမယ့် သူတို့ တွေက iOS 6.1 အတည် ထွက်လာတာကို စောင့်နေကြပါတယ်။ iOS 6.1 ထွက်လာတာနဲ့  တစ်ပြိုင်နက် အခြား လုံခြုံရေးပိုင်းဆိုင်ရာ ထပ်မံ တိုးမြင့်ထားခြင်း ရှိ/မရှိ စစ်ဆေးလို့  အောင်မြင်တာနဲ့  Jailbreak ကို ထုတ်ပေးသွားပါလိမ့်မယ်။

အသစ်ပြန်လည် ဖွဲ့ စည်းထားတဲ့ "Evad3rs" အဖွဲ့ တွင် "Pod2g, MuscleNerd, Planetbeing, Pimskeks" တို့  ပါဝင်ကြပါတယ်။



နောက်ဆက်တွဲ သတင်း အနေနဲ့  Apple က ယနေ့ ပဲ iOS 6.1 beta 5 ကို Developer များအတွက် ထပ်မံ ထုတ်ပေးလိုက်ပြန်ပါပြီ.... Apple နဲ့  Hackers များရဲ့  ပညာပြိုင်ချက်များကြောင့် iOS 6.1 ထွက်ဖို့  ဘယ်လောက် ကြာကြာ ထပ်စောင့်ရမှာပါလိမ့်...


Credit to : မိုးသိကြား

iDevice သမားများအတွက် AppCake


"Hackulous" site ပိတ်သိမ်းသွားပြီးနောက် အခုဆိုရင် "Installous" ကိုလဲ ထပ်မံပြီး shutdown လုပ်လိုက်ကြပါပြီ။ PC ကနေ တိုက်ရိုက် download လုပ်နေကျ "Apptrackr" လဲ ခုဆို မရှိတော့ပါဘူး။ ဒါဟာ Jailbreak သမားများအတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး ၊ ဒီအခါမှာ cracked App တွေကို နောက်ထပ် ဘယ်နေရာမှာ ဘယ်လို ရနိုင်မလဲလို့  ပူပန်စရာ ရှိပါတယ်....

ယခုထပ်မံ မိတ်ဆက်ပေးချင်တာကတော့ "AppCake" လို့  အမည်ရတဲ့ App လေးပါ။ "AppCake" ဟာ "Installous" လိုပဲ App တွေကို Download ချ Install လုပ်နိုင်ပါတယ်။ "AppCake" ကို ကျွန်တော် ဒီနေရာမှာမိတ်ဆက်ပေးခဲ့ပြီးသား ဖြစ်ပါတယ်။


တစ်ကယ်တော့ "AppCake" ရဲ့ မူရင်း site ဖြစ်တဲ့ "iPhoneCake.com" ကို စတင်ခဲ့တာဟာ 1st generation iPhone ထွက်ရှိခဲ့တဲ့ ၂၀၀၈ ခုနှစ်လောက်ထဲက ဖြစ်ပါတယ်။ AppStore က App တွေကို hackers တွေက cracked လုပ်နိုင်ခဲ့တဲ့ အချိန်မှာ "iPhoneCake" က cracked IPA တွေကို share လုပ်တဲ့ နေရာ တစ်ခုဖြစ်လာပါတယ်။

ဒီဇိုင်း အသွင်ပြင်သစ်နဲ့  Update လုပ်ထားတဲ့ "AppCake" version 3.1 ဟာ iPhone, iPad နှစ်မျိုးစလုံးနဲ့  အလုပ်လုပ်နိုင်တဲ့အပြင် iPhone 5 ရဲ့ screen နဲ့ ပါ လိုက်လျှောညီထွေမှု ရှိပြီး iOS 6 မှာပါ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ထူးခြားတာက Jailbreak မလုပ်ထားတဲ့ Device တွေမှာပါ "AppCake" App ကို install လုပ်နိုင်ပါတယ်။ cracked App တွေကို သွင်းဖို့ ကတော့ "AppSync" သွင်းထားဖို့ လိုအပ်ပါတယ်။


"AppCake" App ကို ဒီနေရာ ကနေ တိုက်ရိုက် Install လုပ်နိုင်သလို Cydia ကနေ Install လုပ်ချင်ရင်တော့ Source အနေနဲ့  "cydia.iphonecake.com" ကို ရိုက်သွင်းနိုင်ပါတယ်...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
အဆင်ပြေပါစေ..
မောင်ပေါက်

မိုးသိကြား ရဲ့ပို့စ်ကို တိုက်ရိုက်မျှဝေတာပါ

Free Apple ID ကို Computer iTuneမှလုပ်နည်း

ကဲApple ID လုပ်မရပါဘူး အော်နေသူများ ပိုးညို နဲ့တူတူ Apple Free ID ကို PCရဲ့ iTune ကနေလုပ်ရအောင်။
၁။ကွန်ပြူတာကနေ iTune ကိုဖွင့်ပြီး iTune Storeထဲ
ဝင်ပါ။
၂။free ရနိုင်မဲ့Applicationလေး ထဲဝင်ပြီးဒေါင်းပါမယ်။
ပုံတွေအတိုင်းတဆင့်ချင်းစီလုပ်ကြတာပေါ့။





Passwoardပေးတဲ့အခါ
၁)ရှေ့ဆုံးစာလုံးအကြီးဖြစ်ရပါမယ်။
၂)စာလုံးတူနေတာ၃ခါမဖြစ်ရပါဘူး။
၃)passwordထဲမှာဂဏန်းစာလုံးတွေပါရပါမယ်။
၎)အနဲဆုံးစာလုံးရေ၈လုံရှိပါမယ်။
၅)password/ idဟာ တခြားလက်ရှိသုံးနေပြီးသားအဟောင်းမဖြစ်
ရပါဘူး။
(ဥပမာ— Mmasmmug007)

ဒီနေရာမှာတခုပြောချင်တာကFree account လုပ်တာ
၁။ရတဲ့နိုင်ငံရသလိုမရတဲ့နိုင်ငံမရပါဘူး။
၂။Gift Cardဝယ်ထည့်ရင်လဲ ဂျပန်က Gift Card ကို
ဂျပန်စတိုးမှာပဲရပါတယ်။
Free IDကို ပိုးညိုက ဂျပန်စတိုး ကနေလုပ်ပြ ပါမယ်။
နိုင်ငံပြောင်းချင်ရင်တော့ အပေါ်ကပုံအတိုင်း အပြာဝိုင်းပြထားတဲ့
နေရာမှာ ပြောင်းလို့ ရပါတယ်။

လိပ်စာရေး တဲ့နေရာမှာ ဂျပန်စတိုး ကနေလုပ်မည့် မြန်မာနှင့်
တခြားနိုင်ငံမှ သူငယ်ချင်းများ အောက်ပါလိပ်စာ ယူသုံးလဲ
ရပါတယ်။
Postal Code—453-0014
Aichi Ken, nagoyashi,
Nakamuraku,Noritake 1-7-12,
Sunraifu noritake 6B
၃။Creat Apple ID ပြီးရင်တော့ Account ကိုVerify မေလ်းပို့ပေးပြီး ပုံပါအတိုင်း
Verify လုပ်ပေးလိုက်ပါ။



Account verify လုပ်ဖို့ မိမိ gmailထဲကိုသွားပြီး apple ကပို့ထားတဲ့ verify mailထဲဝင်ပြီး verify Now
ကိုနှိပ်ပေးလိုက်ပါ။



၎။ID verified ဖြစ်သွားပြီဆို ပုံလေးတွေအတိုင်းItune
ကိုသွားပြီးApplication တွေဒေါင်းလို့ရပါပြီ။





စစချင်းဒေါင်းတဲ့အချိန်ကျရင်တော့Sing in ဝင်ခိုင်း ပြီး my account settingထဲ ရောက်
သွားပါလိမ့်မယ်။
Done လုပ်ပြီးပြန်ထွက်လိုက်ပါ။
နောက်တခါပြန်ဒေါင်း ပါရသွားပါလိမ့်မယ်။
၅။ပိုက်ဆံပေးရတဲ့Applicationဝယ်ချင်ရင်တော့ Billing
information ကို ပြန်ပြင်ပေးရပါမယ်။



မှတ်ချက်။ ။ ပီစီတခုကအိုင်ကျွန်းတခုမှာအကောင့်တခုပဲသုံးလို့ရ
ပါတယ်။ဆိုလိုချင်တာကတပြိုင်တည်းသုံးမရဘူးဆိုတဲ့သဘောပါ။
ထို့ကြောင့်မိမိ ideviceထဲ sync လုပ်လျှင်လဲ sign inဝင်ပြီးဒေါင်းထားသော Appliများသာရမည်။
ကဲဒီလောက်ဆိုအဆင်ပြေမယ်ထင်ပါရဲ့။
မိမိiDevice ကနေတိုက်ရိုက် Apple IDလုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ လေ့လာပါ။
ရွှင်လန်းချမ့်မြေ့ကြပါစေ။
ပိုးညို(ポニョ)
MMAS/MMUG


 aungsiphyo81@gmail.com
account လုပ်လုပ်ချင်း မှာ တောင်းတဲ့ select your country or region မှာ United State ကို ရွေးပေးပြီး ကျွန်တော်ပေးထားတဲ့ website မှာပါတဲ့ ကြိုက်တဲ့လိပ်စာကို ယူသုံးလို့ရပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။
ကျွန်တော် အနေနဲ့ Apple application store မှာ account လုပ်ချင်သူများအတွက် အပေါ်မှာ ဖော်ပြပါလိပ်စာ တစ်ခုတည်းကို မသုံးချင်ဘူး။ နောက်ထပ်လိပ်စာတွေ သုံးချင်သေးတယ်။ နိုင်ငံခြားမှာလည်း သူငယ်ချင်းတွေ အသိတွေ မရှိတဲ့သူတွေအတွက် USA Address Generator ဆိုတဲ့ website link လေး ထပ်ဖြည့်ပေးလိုက်ပါတယ်။
http://names.igopaygo.com/street/american_address

Source : Myanmar Mobile Application Store

iOS 5.1 firmware for iPhone/Pad/Pod touch

iPhone/iPad/Pod touch တွေအတွက် နောက်ဆုံးထွက် iOS 5.1 firmware များ download ရယူနိုင်ပါပြီ။ မိမိ device အမျိုးအစားအလိုက်ရွေးချယ် download ရယူနိုင်ပါတယ်။
iPhone/Pad/Pod touch firmware တင်နည်းကို => ဒီနေရာမှာ http://www.myanmarmobileapp.com/?p=857 <= ဖတ်ရှုနိုင်ပါတယ်။
iOS 5.1 firmware for iPad
iPad Firmware
iPad1 အတွက် iOS 5.1 firmware အားရယူရန်
iPad 2 (Wifi Only)အတွက် iOS 5.1 firmware အားရယူရန်
iPad 2 (GSM)အတွက် iOS 5.1 firmware အားရယူရန်
iPad2 (CDMA) အတွက် iOS 5.1 firmware အားရယူရန်
iPad 3 (or) New iPad (Wifi Only)အတွက် iOS 5.1 firmware အားရယူရန်
iPad3 (or) New iPad (GSM)အတွက် iOS 5.1 firmware အားရယူရန်
iPad3 (or) New iPad (CDMA)အတွက် iOS 5.1 firmware အားရယူရန်
iOS 5.1 firmware for iPhone
iPhone firmware

iPhone 4S အတွက် iOS 5.1 firware အားရယူရန်
iPhone 4 (GSM) အတွက် iOS 5.1 firware အားရယူရန်
iPhone 4 (CDMA) အတွက် iOS 5.1 firware အားရယူရန်
iPhone 3GS အတွက် iOS 5.1 firware အားရယူရန်
iOS 5.1 firmware for iPod touch
iPod touch firmware

iPod touch 3G အတွက် iOS 5.1 firmware အားရယူရန်
iPod touch 4G အတွက် iOS 5.1 firmware အားရယူရန်
ရေးသားသူ.....သက်နိုင်စိုး | March 9, 2012 |

from….http://www.myanmarmobileapp.com/?p=7666

MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters New version 1.4.0.2955


MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters version အမြင့် 1.4.0.2955 ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 1000 ကျော်ကို Root နိုင်လို့ သိရပါတယ်.. Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြောတာပါ. Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး.. အရင်ကလည်း တစ်ခါ တင်ပေးခဲ့ဖူးပါတယ်. အဲဒီတုန်းက ဗားရှင်းနိမ့်ပြီး အမျိုးအစား 1000 ကျော် Root နိုင်ပါတယ်. ခု 2000 ကျော် Root နိုင်တဲ့ New Version ပါ..  ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters or Masters Brush (Brush Master Integration ROOT) ဖြစ်ပါတယ်..

နည်းလမ်းကတော့ 
ပထမဆုံး Driver ကို သိရပါမယ်.. မရှိရင် ဒီမှာ ဒေါင်းနိုင်ပါတယ်.. Model အလိုက် USB Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်..

1 . ROOT Masters ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ..

2.  ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ်ဆိုရင် ROOT Masters 1.3.2.2905 ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်..

3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ.. Root လုပ်နေတာ မြင်ရပါလိမ့်မယ်..

 


4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်..
ဒါဆို အဆင်ပြေလောက်ပါပြီ..

မောင်ပေါက်

Download Here !

Android ရဲ့ Mode အမျိုးအမျိုးကို ကီးခလုတ်နှိပ်စရာမလိုဘဲ လုပ်နိုင်မယ့် Easy Android Command


ကျွန်တော်ထဲ ရှိတာလေးကို ပြန်ရှယ်ပေးလိုက်ပါတယ်။ သုံးရတာလဲလွယ်ပါတယ်ဗျ ။ fastboot ကိုသွားချင်လား ။ recovery mode ကိုသွားချင်လား ။ samsung devices download mode ကို သွားချင်လား။  adb devices ဆိုပြီး devices သိမသိ စမ်းချင်လား ။  ရွေးသွားလိုက်ရုံပါဘဲခင်ဗျာ။

အဆင်ပြေပါစေ..


password: rainbow

မင်းစိုးရာဇာ ဆိုဒ်မှာ တွေ့လို့ကူးလာတာပါ..

Root Tool တွေထဲမှာ အောင်မြင်နေဆဲ SuperOneClick v2.3.3 Root Tool


ဒီ SuperOneClick Root Tool ကိုတော့ ပို့စ်အနေနဲ့ သီးခြားမတင်ဖြစ်ပါဘူး. လူတော်တော်များများ လက်ထဲမှာ ရောက်နှင့်နေပြီးသားထင်လို့ပါ.. Google မှာလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်.. ဒါပေမယ့် မိတ်ဆွေ တစ်ယောက်က တင်ပေးပါလို့ တောင်းဆိုလာတဲ့အတွက် နောက်ဆုံးထွက်ရှိခဲ့တဲ့ SuperOneClick v2.3.3 ကိုပဲ တင်ပေးလိုက်ပါတယ်..
လုပ်နည်းကတော့.
1.မိမိဖုန်းနဲ့ကိုက်ညီပြီးမှန်ကန်တဲ့ Driver တင်ထားရပါမယ်.. မရှိရင် အောက်ကလင့်မှာ Driver တွေ တင်ထားပါတယ်..
Download Driver
2. ပြီးရင် ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ပေးပြီး Phone ကို Computer နဲ့ချိတ်ပါ..
3. SuperOneClick.exe ကို Run လိုက်ပါ.. ဒါဆိုရင် Donate လုပ်ဖို့အတွက် ဘောက်ကျလာပါမယ်.. လှူချင်ရင်လှူ၊ မလှူချင်ရင်တော့ Donate Later ကိုနှိပ်ပါ.. ဒါဆိုရင် SuperOneClick Root Box ကျလာပါမယ်..
4. ညာဘက်ဆုံးက Exploit မှာ ရွေးစရာ နှစ်ခုရှိပါတယ်.. HTC ဆိုရင်တော့ psneuter ကိုရွေးထားပြီး Root လုပ်ကြည့်ပါ. မရရင် zergRush ကိုရွေးပါ.. အခြားဖုန်းဆိုရင်တော့ zergRush ကိုရွေးထားပြီး Root Button ကိုနှိပ်ပါ..
5. တကယ်လို့များ " Autometic version check failed. Is your OS version 2.0 or higher? " လို့ Warning တက်လာရင် Yes ကိုရွေးလိုက်ပါ.. နောက်ထပ် "Device properties could not be read! (You should try rebooting your device)" လို့ Warning တက်လာရင် Ignore ကိုနှိပ်ပါ..
7. ဒါဆိုရင်တော့ Root လုပ်နေတာကို မြင်ရပါမယ်.. Root လုပ်ငန်းပြီးတာနဲ့ " Root install has completed! Would you like run a test? " ဆိုပြီး Root ပြီး မပြီး စစ်ချင်တာလား မေးပါတယ်.. စစ်မယ်ဆိုရင် တော့ Yes ပေါ့. ဒါဆိုရင်တော့ သေသေချာချာ ပြန်စစ်နေပါတယ်.. တကယ်ပြီးသွားရင်တော့ " Your device has been rooted! Would you like to donate now ?" ဆိုပြီး Root လုပ်တာတော့ပြီးသွားပြီ အလှူလေး မစ ချင်သလား. မေးပါတယ်.. လှူချင်ရင်တော့ yes ကိုနှိပ်ပြီး လှူနိုင်ပါတယ်.. လှူမယ်လည်း မထင်ပါဘူး.. ( Online Bank Account ) မှ မရှိတာနှော..
 SuperOneClick v2.3.3 Root Tool က 2012 မှာ နောက်ဆုံးထွက်ခဲ့တာပါ.. အဲဒီတုန်းက Android 4.0 လောက်ပဲ ထွက်အုံးမယ်ထင်ပါတယ်.. SuperOneClick v2.3.3 Root Tool နဲ့ Root လုပ်နိုင်တာတွေကတော့-
Samsung Glaxy S 4G
Samsung Glaxy S I9000
Samsung Glaxy S SCH-I500
Samsung Glaxy Tab
Samsung Captivate
Samsung Glaxy 551 (GT-I5510)
Samsung Glaxy Portal/Spica I5700
Samsung Transform M920
Samsung Vibrant
Sony Ericsson Xperia E51i X8
Sony Ericsson Xperia X10
Sony Ericsson Xperia Mini
Sprint Hero
Acer Liquid Metal
Dell Steak
HTC Magic (Sapphire) 32 B
HTC Bee
LG Ally
Motorola Atrix4G
Motorola Charm
Motorola Cliq
Motorola Droid
Motorola Flipside
Motorola Flipout
Motorola Milestone
Nexus One.

အဆင်ပြေပါစေ..

မောင်ပေါက်

Download : 10.14 MB

နာမည်ကြီး Brand မျိုးစုံကို Root နိုင်တယ်ဆိုတဲ့ RootGenius General or SJRoot v1.05.0


နာမည်ကြီး Brand မျိုးစုံကို Root နိုင်တယ်ဆိုတဲ့ RootGenius General or SJRoot v1.05.0 ပါ.. အောက်မှာဖေါ်ပြထားတဲ့ နာမည်ကြီး Brand တွေ ကို Root အောင်မြင်တယ်လို့ ရေးထားပါတယ်.. ကျွန်တော် မစမ်းရသေးပါ.. မိတ်ဆွေများ စမ်းသပ် သုံးစွဲနိုင်ဖို့ဖြစ်ပါတယ်..  ဖုန်းကို USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ထားပြီး Computer နဲ့ချိတ်ပါ.. Driver သိရမှာဖြစ်ပါတယ်.. ဒီကောင်ကို Run လိုက်ပြီး Root လို့ရပြီလို့ ရေးထားပါတယ်..

HTC
Huawei
ZTE
Sony
Google
Millet
Association
LG
Hisense
Amagatarai
Pantech
OPPO
Good domain
Quality rice
Cool
Zhuopu
Konka
Amoi
Other brands

အဆင်ပြေပါစေ..

မောင်ပေါက်

Download

Password = http://komaungpauk.blogspot.com

MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters 1.3.2.2905


MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters 1.3.2.2905 ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 1000 ကျော်ကို Root နိုင်လို့ သိရပါတယ်.. Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြောတာပါ. Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး.. အရင်ကလည်း တစ်ခါ တင်ပေးခဲ့ဖူးပါတယ်. အဲဒီတုန်းက ဗားရှင်းနိမ့်ပြီး အမျိုးအစား 1000 ကျော် Root နိုင်ပါတယ်. ခု 2000 ကျော်ပါ..  ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters or Masters Brush (Brush Master Master Integration ROOT) ဖြစ်ပါတယ်..

နည်းလမ်းကတော့ 
ပထမဆုံး Driver ကို သိရပါမယ်.. မရှိရင် ဒီမှာ ဒေါင်းနိုင်ပါတယ်.. Model အလိုက် USB Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်..

1 . ROOT Masters 1.3.2.2905 ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ..


2.  ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ်ဆိုရင် ROOT Masters 1.3.2.2905 ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်..

3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ.. Root လုပ်နေတာ မြင်ရပါလိမ့်မယ်..


4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်..




ဒါဆို အဆင်ပြေလောက်ပါပြီ..

မောင်ပေါက်

Download : 

Password = http://komaungpauk.blogspot.com

Android တွေကို Root နိုင်တဲ့ 007Root Tool 3.1


ကျွန်တော် ဒီ Software ကို ဒီနေ့မှ တွေ့လာတာပါ.. Root လုပ်နိုင်တဲ့စာရင်းကို အောက်မှာဖေါ်ပြထားတယ်.. သူ့ပုံစံက UnlockRoot နဲ့တူတယ်.. Unlock Root ထက်ပိုစွမ်းတယ်လို့ ဖုန်းကျွမ်းကျင်သူတွေကပြောတယ်ဗျ.. UnlockRoot ကို တရုတ်နည်းနဲ့ ကွန့်ထားတာထင်တယ်.. ကျွန်တော် မစမ်းရသေးပါဘူး.. မိတ်ဆွေများ စမ်းပြီးသုံးဖို့တင်ပေးလိုက်တာပါ..  Root နည်းကတော့ Driver သိရမယ်.. USB Debugging နဲ့ Unknown Source ကိုအမှန်ခြစ်ထားရမယ်.. ဖုန်းကို Fast Boot Mode ဝင်ပြီး USB နဲ့ ကွန်ပျူတာမှာချိတ်ရမယ်.. ဒါဆို Root လို့ရပြီလို့ ရေးထားပါတယ်..

HTC OneX
Galaxy Note2 (i7100)
Amazon Kindle Fire
HTC Sensatio
Galaxy Nexus (i9250)
LG Optimus 3D (P920)
HTC Wildfire S
Galaxy Note (I9220
LG Optimus 2x
HTC Desire S
Galaxy SIII (I9300)
LG Optimus LET
HTC Incredible S
Galaxy SII (I9100)
LG Optimus Black
HUAWEI U8500
Galaxy S (I9000)
Sony St17a
HUAWEI U8800
Moto Defy (MB525) 
Sony Lt15i
HUAWEI U8860 
Moto Atrix (MB860) S
ony Lt18i

အဆင်ပြေပါစေ..

မောင်ပေါက်

ကီးခလုတ်တွေ နှိပ်စရာ မလိုဘဲ Recovery Mode ကို ဝင်ရအောင် ( Android One Click Rovery )


ကျွန်တော်တို့တွေ ဖုန်းကို Recovery mode ဝင်ရင် ကီးတွေ တွဲနှိပ်ပြီး ဝင်ကြရတယ်မဟုတ်လား..
ကီးတွေအနှိပ်မှားရင် Recovery mode ကို မရောက်ဘူးလေ.. ဒီတော့ ဆော့ဝဲလေး တစ်ခု ရလာပါတယ်.. ဘယ်ဖုန်းတွေကို Support ပေးသလဲတော့ မသိဘူး. ကျွန်တော့် Huawei မှာတော့ အလုပ်လုပ်ပါတယ်..
ဖုန်းမှာ USB Debugging ကို on ထားပြီး USB ကြိုးနဲ့ Computer မှာ ချိတ်လိုက်.. Driver သိပါစေ..
ပြီးရင် ဒေါင်းလို့ရလာတဲ့ exe ဖိုင်ကို Install လုပ်လိုက်ပါ. ပြီးရင် Run လိုက်ပါ..  ပေါ်လာတဲ့ဘောက်လေးထဲမှာ  Click To Enter Recovery ဆိုတာကိုနှိပ်လိုက်ပါ.. ဖုန်းက Restart ကျသွားပြီး Recovery Mode ကိုရောက်နေပါလိမ့်မယ်... နာမည်က Android One Click Recovery တဲ့ဗျား...

အဆင်ပြေပါစေ..


မောင်ပေါက်

Download : 5.93 MB

ဖုန်းအမျိုးအစားပေါင်း 1000 ကျော် Android 2.1 မှ 4.2 ထိ Root နိုင်တဲ့ V Root


Samsung , HTC , Sony , Huawei , ZTE , Lenovo , Cool အစရှိတဲ့  model ပေါင်း 1000 ကျော်လောက် root နိုင်တယ်ဆိုဘဲ.. Android Version 2.1 ကနေ  4.2 အထိအလုပ်လုပ်တယ်.. one click   ဆိုတော့သုံးရတာလည်းလွယ်ကူတယ်.. Error တက်ဖို့လည်း ဖြစ်နိုင်ခြေ အနည်းဆုံးပါပဲ.. အထဲမှာ installer နဲ့ portable နှစ်ခုထည့်ထားပေးတယ်….အဆင်ပြေသလိုသုံးပေါ့
ကျွန်တော်ကတော့ MTK 6575 သုံးထားတဲ့ China Vivo Y3t မှာစမ်းပြီးသားပါ…..
အရင်ဆုံးဒေါင်းထားတဲ့ portable ဖိုင်ထဲက Root ဆိုတဲ့ application လေးကို run လိုက်ပါ….
ပြီးရင် root ဆိုတာလေးနှိပ်ပြီးခဏစောင့်လိုက် ဖုန်း reboot လုပ်လိမ့်မယ်.. ပြန်တတ်လာရင် root လုပ်တာပြီးပြီပေါ့. Driver ကို မှန်အောင်ထည့်ပြီး  USB Debugging ကိုလည်း on ထားအုံးနော်……
Y220t ကိုလည်း support လုပ်တယ်လို့ ပြောထားတယ်.. စမ်းကြည့်စေချင်တယ်..

အဆင်ပြေပါစေ..

မောင်ပေါက်


Download : 8.26 MB

Credit to : MPxteam

C8813D,Y300C AUTO ROOT ပြီး ZAWGYI KEYBOARD တစ်ပါတည်း ထည့်ရအောင်


MMSD က ကိုဖြိုးချမ်း လက်စွမ်းပြထားတဲ့ Tool လေးပါ. အသုံးပြုရတာလည်း လွယ်အောင် လုပ်ပေးထားတာတွေ့ရပါတယ်..
ဒီ Tool လေးကတော့ C8813D နဲ့ Y300C  တို့အတွက်သီးသန့်လုပ်ထားတဲ့ Root Tool လေးဖြစ်ပါတယ်….
လိုအပ်ချက်ကတော့ Bootloader Unlock အနေအထားမှာဖြစ်နေရပါမယ်…..
USB Debugging နဲ့ Unknown Sources ကိုအမှန်ခြစ်ထားရပါမယ်…….
ဒီ Tool ရဲ့အားသာချက်ကတော့ မိမိဖုန်းဟာ တစ်ခါထဲ Root Access ရသွားမယ်….
တရုတ်ဖောင့်တွေကိုမပြတ်ပဲမြန်မာစာကိုအသုံးပြုနိုင်မယ်.
Frozen KeyBoard ကို System App တစ်ခုလိုအသုံးပြုရပါမယ်…
မြန်မာ Font Developer နဲ့ Frozen Developer တွေကို Credit ပေးပါတယ်.
ဒါလေးကိုအရင်ဒေါင်းလိုက်ပါ..

Download Here

ပြီးသွားရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ..
Battery ဖြုတ်လိုက်ပါ..
ပြန်တက်ပြီး Volume Down + Power ကိုဖိနှိပ်ထားပါ….
Logo မှာရပ်သွားပါလိမ့်မယ်..

ပြီးသွားရင်တော့ Unlock မလုပ်ကသေးတဲ့သူက Unlock ကိုနှိပ်ပြီး Code ၁၆လုံးရိုက်လိုက်ပါ….
Unlock လုပ်ပြီးသားလူကတော့ ဖုန်းကိုရွေးချယ်လိုက်ပါ။
ဖုန်းနဲ့ကြိုးထိုးလိုက်ပါ….
Enter တစ်ချက်ခေါက်လိုက်ပါ…..
သူဟာသူအလုပ်တွေလုပ်နေပါလိမ့်မယ်….
ဖုန်းဟာ Recovery Mode ကိုပြန်တက်သွားလိမ့်မယ်…..
Enter တစ်ချက်ခေါက်လိုက်ပါ…
Reboot ချသွားမယ်…ပြန်တက်လာရင်ကြည့်လိုက်ပါ…
ညွန်းထားတဲ့အတိုင်းတွေရပါလိမ့်မယ်….
အဆင်ပြေပါစေ..

Credit to: MMSD

HTC တွေကို Root နိုင်တဲ့ HTC Super Tool v3.0 နဲ့ Root လုပ်နည်းအပြည့်အစုံ


ဒီ Root Tool ကတော့ HTC တွေအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး 2012 ထိ တွင်တွင်ကျယ်ကျယ်ပဲ အသုံးပြုခဲ့ကြတာပါ.. ခုနောက်ပိုင်းတော့ ဗားရှင်း အမြင့်တွေ ထပ်ထွက်လာတာ မတွေ့မိပါဘူး..
Forum-Xada က အာမခံပေးထားတဲ့ HTC တွေအရတော့-
HTC Sensation
Evo Design 4g
Evo 4g
Evo 3d
Evo Shift
G2
MT3Gs
MT4G
MT4Gs
Inspire
Sensation
Incredible
Wildfire S
Amaze - တွေကို HTC Super Tool နဲ့ Root အောင်မြင်ထားတယ်လို့ဆိုပါတယ်...

Download  HTC Super Root Tool v3.0 :


HTC Super Root Tool နဲ့ Root လုပ်နည်း
*****************************
1. ပထမဆုံးလိုအပ်တာက Driver ဖြစ်ပါတယ်..

Download Driver:

2. Driver တွေ တင်ပြီးသွားရင်တော့ ဖုန်းကို USB ကြိုးသုံးပြီးကွန်ပျူတာမှာ ချိတ်လိုက်ပါ..
ဖုန်းမှာ Unknown Source နဲ့ USB Debugging ကို On ထားဖို့တော့ လုံးမမမေ့စေလိုပါ.. ဖုန်းကို ကွန်ပျူတာက သိဖို့သိပ်အရေးကြီးပါတယ်..

3. အထက်ကအဆင့်တွေပြီးသွားရင် HTC Super Tool ကို Run လိုက်ပါ..
ပုံထဲကလို အမဲရောင်ပေါ်မှာ အပြာရောင်စာသားတွေနဲ့တက်လာမှာဖြစ်ပါတယ်...


  • 1 ကိုနှိပ်ပါ. အလုပ်လုပ်ပြီး ခဏနေရင် ဒီ Main Menu ကိုပြန်ရောက်လာပါမယ်..
  • 4 ကိုနှိပ်ပါ.. ( ဒါက S-Off လုပ်တာပါ.. S-Off လုပ်ပြီးသားဖုန်းဆိုရင် 4 ကိုနှိပ်စရာမလိုပါဘူး
  • 3 ကိုနှိပ်လိုက်ပါ.. ဒါဆိုရင် Root လုပ်သွားပါလိမ့်မယ်.. 
ဒါဆိုရင် ဖုန်းက သူ့အလိုလို Root သွားပြီး Restart ကျသွားပါလိမ့်မယ်.. ပြန်တက်လာလို့ App List မှာ Superuser တွေ့ရင် Root ပြီးပါပြီခင်ဗျာ...

* Bootloader Unlock လုပ်ဖို့လိုအပ်တဲ့ဖုန်းဆိုရင် 3 ကိုမနှိပ်ခင် 5 ကိုနှိပ်ခဲ့ရပါမယ်...


အဆင်ပြေပါစေ...

မောင်ပေါက်

Source : Forum-Xada