Sunday, May 5, 2013

အားလုံး စိတ်ဝင်စားနေကြတဲ့ Root များ လာပါပြီ All Root ပေါ့ဗျာ (၈) မျိုးပါ 69 MB

ကဲ နောက်ဆုံးထွက် Root ဆော့ဝဲတွေနဲ့ ဖုန်းအမျိုးအစားပေါင်း တစ်ထောာင်ကျော်ကို Root ဖောက်ပေးနိုင်
တဲ့ ဆော့ဝဲတွေရော ရတတ်သမျှ Root ပြုလုပ်တဲ့ ဆော့ဝဲစုံကို တင်ပေးလိုက်ပါပြီဗျာ..စိတ်ကြိုက်တာ ဒေါင်း
ထားလိုက်ပါတော့.။ ဒါကတစ်ခါဆွဲရုံနဲ့ အားလုံးပြည့်စုံသွားမယ်နော်.။ ယူထားသင့်တဲ့ ဆောင်ထားသင့်တဲ့
ဆော့ဝဲတွေပါ လုပ်စားတဲ့သူတွေအတွက်တော့ အတော့်ကို ကောင်းမွန်တဲ့ ဆော့ဝဲတွေပေါ့.။ Root လုပ်မစား
လည်းဘဲ ဒါတွေဟာ တစ်ကယ်လိုအပ်ပါတယ်.။ မရှိရင် ဟိုမှာရှာမရ ဒီမှာရှာမရနဲ့ ဖြစ်နေမှာစိုးတယ်.။ ဒါဟာ
သီချင်းတစ်ပုဒ်စာ ပမာဏရှိတဲ့ ဖိုင်လေးပါ.။ ကိုယ်ထမ်းထားရတာမှ မဟုတ်တာ ကွန်ပျူတာထဲမှာ ထည့်ထား ရမှာကို ဘာဖြစ်လဲ အရေးကြီးတာနဲ့ အရေးမကြီးတာ အားလုံးသိပါတယ်.။ ဒီ Root လုပ်တဲ့ဆော့ဝဲတွေဟာ တစ်ကယ် အသုံးတည့်လား မတည့်ဘူးလားဆိုတာကို အားလုံးအသိပါ.။ ခုအခါမှာ ဖုန်းခေတ်လို့တောင် ပြော မယ်ဆို ပြောလို့ရတယ်ဗျာ လူတိုင်း ဖုန်းကိုင်နိုင်တော့မယ်လေအဲဒီတော့ မြန်မာစာဖောင့်ထည့်ဖို့အတွက်   ရော အခြားအကြောင်းတွေကြောင့်ပါ ဒီ Root လုပ်တဲ့ဆော့ဝဲတွေဟာ လိုအပ်လာပါတယ်.။ လိုအပ်တော့ ရှိသင့်တာပေါ့.ဟုတ်တယ်မဟုတ်လား..။

ကဲဗျာ ဖုန်းအကြောင်းလေး နဲနဲထည့်ပြောလိုက်ပါဦးမယ်..။ မနေ့ကတော့ နဲနဲ တော်ကီထည့်ထားတယ်ဗျာ.
လိုအပ်မှုတွေတော့ အများကြီးပေါ့.။ ဖုန်းတစ်လုံး ပိုင်ဆိုင်တာဟာ မိန်းမတစ်ယောက်ယူသလိုကို တော်တော်
လေး ငွေကုန်မှုများတယ်ဗျာ.။ အဲဒီတော့ ချွေတာပြီးတာ သုံးစွဲကြပေတော့လို့ ထပ်လောင်းပြောချင်တယ်.။
ကိုယ်စားမယ့် သောက်မယ့်အထဲက ဒီဖုန်းအတွက် ဖဲ့သုံးနေရတာဆိုတော့လေ..။ ခုဆို  ဒီနေ့ 24.4.2013 မှာ အစိုးရက 1500 တန် ဆင်းကဒ်တွေ ချပေးပြီဆိုတော့ ကဒ်တန်ဘိုးအနေနဲ့ကတော့ အဆင်ပြေလို့ ၀ယ်နိုင်
ပါပြီ နောက်က လိုက်ရမယ့်ငွေ ပမာဏကို ကိုယ့်ရဲ့ တစ်လလုပ်ခ လစာနဲ့ တွက်ကြည့်ပါ.။ တစ်ယောက်မှာ
တစ်လကို တစ်သိန်း ရတယ်ဆိုပါစို့ အိမ်မရှိသူများ အိမ်ငှါးခ မီးဘိုး ရေဘိုး စားသောက်မှု စသဖြင့် တွက်ကြည့်ရင် အရင်းတောင်စိုက်ရမလို ဖြစ်နေတယ်.။ အဲဒီတော့ ဖုန်းဘိုးကို မကုန်သင့်တာ မကုန်အောင်
တတ်နိုင်သမျှ ချွေတာ သုံးစွဲကြပါလို့ တိုက်တွန်းချင်ပါတယ်.။

ကျုပ်ဆိုရင် ဖုန်းပြောခတော့ မကုန်ဘူး အင်တာနက် သုံးစွဲခက 5000 တန်ဆိုရင် တစ်ပတ်တောင်မခံဘူးဗျ
လေးရက်လောက်ဆို ကုန်ပြီ တစ်လဆို အနည်းဆုံး နှစ်သောင်းလောက်ကျွတ်တယ်.။ အဲဒီတော့ကာ ဖုန်း
ဘိုး အင်တာနက်ဘိုးကို တတ်နိုင်သမျှ ချွေတာနိုင်မှ စားရေးသောက်ရေး အဆင်ပြေမယ်ပေါ့.။

ဒီလောက်ဆိုရင် ခေတ်မှီပညာတတ်တဲ့ သူတွေ သိလောက်ရောပေါ့ မကုန်သင့်တာမကုန်အောင် ချွေတာနိုင်
သမျှ ချွေတာကြပါ ဒါမှ တစ်ဖြည်းဖြည်းနဲ့ တိုင်းပြည်က တိုးတက်မှာပါ..သို့မဟုတ်လျှင် တစ်နေ့ရတာ တစ်နေ့
သုံးတာနဲ့ မကာမိရင်တော့ ဆင်းရဲမြဲ ဆင်းရဲနေကြမှာကတော့ ပြောစရာမလို..။ ကြက်သားဟင်းနဲ့ ထမင်း
စားရမယ့် အစား ဖုန်းဖိုးနဲ့ ကုန်ရင်တော့ ငတ်ပေါက်ဘဲ.။ ကဲ ဘာပဲပြောပြော ချွေတာစုဆောင်း သူဌေးလောင်းတဲ့ဗျာ ချွေတာနိုင်သမျှတော့ ချွေတာကြလို့ တိုက်တွန်းရင်းဖြင့် အားလုံးပြည့်စုံသွားအောင်
All Root လေးတင်ပေးလိုက်တယ် စိတ်ချမ်းစွာဖြင့် ဒေါင်းလော့ချနိုင်ကြပါစေလို့လဲ..ဆုတောင်းပေးလိုက်
တယ်နော် လိုင်းမကောင်းရင် စိတ်ဆင်းရဲနေမှာ စိုးလို့ ကျုပ်တောင် box.com မှာဘဲ တင်နိုင်လိုက်တာ
မီဒီဖိုင်းယားမှာတော့ တင်တာ အဆင်မပြေတတ်ဘူး ဒါကြောင့် လင့်လေးတစ်ခုထဲ ပေးနိုင်လိုက်တာပါ.
အားလုံးကို ခင်မင်စွာဖြင့် မိုးကောင်းကင် 24.4.2013 အမှတ်ရ

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩
 
မိုးကောင်းကင် ဖောင်းပြင်မှ

4 comments:

  1. ဒေါင်းလို့ လည် မရဘူး။

    ReplyDelete
  2. ဒေါင်းလိုရဘူး

    ReplyDelete
  3. ရဒယ်လေ...ဆမ်းကျိ ဦး ခည....

    ReplyDelete
  4. ဒေါင်းလိုရဘူး

    ReplyDelete