Sunday, May 5, 2013

iOS 6 to 6.1 ကို Untethered Jailbreak လုပ်နည်း


ဒီပို့စ်အတွက် မိုးသကြား ကို ပထမဦးစွာ ကျေးဇူးတင်ပါတယ်..

မောင်ပေါက်..

iOS 6.x အတွက် Untether Jailbreak ပြုလုပ်နိုင်သည့် "evasi0n" ကို ဖေဖော်ဝါရီ ၅ ရက်နေ့  ညဦးပိုင်းက အောင်မြင်စွာ ထုတ်ပေးခဲ့နိုင်ပါတယ်။

Jailbreak ဖန်တီးသော အဖွဲ့  "evad3rs" က ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ထုတ်ပေးနိုင်မည်ဟု ကြေငြာထားခဲ့သော်လည်း Final Testing အချောသတ် ပြုလုပ်မှုများကြောင့် ယနေ့ မှ ထွက်ရှိလာခဲ့နိုင်တာဖြစ်ပါတယ်..

** Jailbreak မပြုလုပ်မီ ပြင်ဆင် သတိပြုရမည့် အချက်များ **

  • Device သည် iOS 6.1 update လုပ်ထားပြီးသား ဖြစ်ရပါမည်။
  • မိမိ၏ iOS device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။
  • "evasi0n" ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။
  • Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်၊ Jailbreak လုပ်နေစဉ်တွင် computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။


>> Download Evasi0n (WindowsMac OS XLinux

လုပ်ငန်းစဉ် 

အဆင့် ၁)
ပထမဦးစွာ မိမိ၏ iOS Device ကို PC နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။


အဆင့် ၂)
Backup လုပ်ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ (device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ)

အဆင့် ၃)
အထက်တွင် Download ရယူခဲ့သော "evasi0n.exe" ကို Run ပါ။

အဆင့် ၄)
"Jailbreak" button ကိုနှိပ်ပါ။ (Jailbreak လုပ်နေစဉ်အတွင်း မည်သည့် program မှ အသုံးမပြုပါနှင့်)


အဆင့် ၅)
အောက်ပါပုံအတိုင်း Jailbreak ပြုလုပ်နေသည်ကို တွေ့ ရပါမည်။


- Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် reboot လုပ်ပါလိမ့်မည်
- passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ passcode ကို ရိုက်သွင်းပါ။



အဆင့် ၆)
ဤအဆင့်တွင် ပုံပါအတိုင်း "Jailbreak" icon ကို နှိပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


ထိုအခါ သင့် Device ၏ Home screen တွင် "evasi0n" icon လေးကို အောက်ပါပုံအတိုင်း တွေ့ ရပါလိမ့်မည်။ နှိပ်ပေးလိုက်ပါ။


အဆင့် ၇)
ဆက်လက်၍ "Injecting" အလိုလျှောက် လုပ်နေပါမည်။


အဆင့် ၈)
နောက်ဆုံးတွင် သင့် Device Reboot ပြန်လုပ်နေပါမည်။ Program တွင် Jailbreak Complete! ကို တွေရပါမည် "Exit" နှိပ်ပေးလိုက်ပါ။


Device ပြန်တက်လာပါက Home screen တွင် စောစောက "evasi0n" icon လေးနေရာတွင် "Cydia" icon လေးပြောင်းသွားသည်ကို တွေ့ မြင်ရပါမည်။


အခုဆိုရင် သင့် Device iOS6.1 ကို Untethered Jailbreak အောင်မြင်စွာ ပြုလုပ်ပြီးသွားပါပြီ...
အားလုံးပဲ iOS 6.1 အတွက် Jailbreak ကို စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့  မျှော်လင့်မိပါတယ်....

**UPDATE**
Appsync iOS 6 အတွက် Cydia Source "http://cydia.myrepospace.com/Bl00dra1n/" (ဘီအယ်(လ်)သုညသုည) ဖြစ်ပါတယ်...

မောင်ပေါက် မှ.....

0 comments:

Post a Comment