Sunday, May 5, 2013

Samsung Glaxy MINI 2 GT-S6500D ကို Root လုပ်နည်း

GT-S6500 အတွက်ပါ ။ GT-S6500D အတွက်မဟုတ်ပါ ။ ဂရုစိုက်စေချင်ပါသည် ။
ကျွန်တော်ကိုယ်တိုင်မှားခဲ့ပြီး တိုင်ပတ်ခဲ့ပြီးမို့ပါ ။ အခုတင်တဲ့နည်းက GT-S 6500 အတွက်ပါ ။

ထုံးစံအတိုင်း လိုအပ်ချက်လေးတွေအရင်စုပါမယ် ။
ပထမဆုံးနဲ့ အရေးအကြီးဆုံးလိုအပ်ချက်က သင့်မှာ Samsung Galaxy Mini2 ရှိရပါမည် ။း)
နောက်ထပ်လိုအပ်ချက်က ကွန်ပြူတာတလုံး ။ ထို့နောက် ဖုန်းနှင့်ဆက်သွယ်ရန် USB Cable ။
ထို့နောက် သင်၏ဖုန်းအား ကွန်ပြူတာမှသိစေရန် ကွန်ပြူတာတွင် Driver software ရှိနေရပါမည် ။
ကဲ . . . ဒါတွေရှိရဲ့လား ။ မရှိရင်တော့ ကိုယ့်ဟာကိုယ်သာ ရှာပြီးစုလိုက်ပါ ။း))

ကျွန်တော်က ဒုတိယပိုင်းကနေ စပြောပါမယ် ။ ဒေါင်းလုပ်ကနေပဲ စကြတာပေါ့ ။ အောက်မှာပေးထားတဲ့
ဖိုင်ကိုအရင်ဒေါင်းပါ...

ပထမဆုံး ဖုန်းကနေ USB Debuging ကို ဖွင့်ပေးရပါမယ် ။
Setting >> Application >> Development  သွားလိုက်ပါ ။ USB Debuging တွေ့ပါမယ် ။
အမှန်ခြစ်ခဲ့လိုက်ပါ ။ ပြီးရင် ဖုန်းကို Shut Down ချပါမယ် ။
ပြီးတဲ့အခါ ဖုန်းရဲ့ Volume Down + Home + Power ခလုပ်သုံးခုကို စုံနှိပ်ပြီး Download Mode
ထဲသို့ဝင်ပါမယ် ။ ပြီးရင် စောစောက ဒေါင်းထားတဲ့ Odin3 ကို Zip ဖြည်ပြီး Run လိုက်ပါ ။
Odin3 ဖွင့်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပြူတာနဲ့ကို USB Cable သုံး၍ ဆက်သွယ်လိုက်ပါ ။
ဆက်လိုက်တာနဲ့  ( Computer က Phone Driver သာမှန်မယ်ဆိုရင် ) Odin3 မှာ
ဖုန်းဆက်သွယ်လိုက်ကြောင်း ပြပါလိမ့်မယ် ။ ဘယ်ဘက်အပေါ်ထောင့်နားကအကွက်လေးမှာ
အ၀ါရောင်လေးဖြစ်နေပါမယ် ။ အဲ့လိုဖြစ်နေပြီဆိုရင် PDA ကို နှိပ်၍ စောစောက ဒေါင်းထားတဲ့
CWM 5.0.2.8.tar.md5 ဖိုင်ကိုရွေးလိုက်ပါ ။ ပြီးရင် Start ကိုနှိပ်၍ ခဏစောင့်နေပါ ။
ဖုန်းက Auto Reboot ကျသွားပါမယ် ။ ဖုန်းပြန်တက်လာရင် နောက်တစ်ခါ Shut Down ချပါ ။
ပြီးရင် ဖုန်းရဲ့ Vol Up + Vol Down + Home + Power ခလုပ်လေးခုလုံးကို ငါးစက္ကန့်ခန့်စုံနှိပ်ထားပါ ။
ဖုန်းပြန်တက်လာရင် Clock Work Mod Recovery ထဲရောက်ပါမယ် ။
Recovery Mode ထဲရောက်ပြီဆိုရင် စောစောက ဒေါင်းထားတဲ့ Root Me ဖိုင်ထဲမှ
Runme.bat ဖိုင်ကို နှိပ်လိုက်ပါ ။ အမဲရောင် Box တစ်ခုပေါ်လာပါမယ် ။
သူ့ဟာသူ စာတမ်းတွေအများကြီး အော်တိုတက်နေပါမယ် ။ စာတန်းတွေတက်နေတာကုန်ရင်
ALL Done !! ဆိုပြီးပေါ်ပါလိမ့်မယ် ။ အကယ်၍ All Done !! မပေါ်ခဲ့ရင် Runme.bat ကို
နောက်တစ်ခါပြန်နှိပ်ပါ ။ All done ပေါ်လာပြီဆိုရင်တော့ ဖုန်းကို Reboot ချပါမယ် ။
Recovery Mode ထဲမှာ Reboot System Now ဆိုတာလေးတွေ့ပါမယ် ။ အဲ့ဒါကို
ဖုန်းရဲ့ Home Key နဲ့ရွေးပြီး ဖုန်းကို Reboot ချလိုက်ပါ ။ ဖုန်းပြန်တက်လာရင်
အ၀ါရောင် တြိဂံ Sign လေးပေါ်နေတတ်ပါတယ် ။ နောက်ပြီး ဖုန်းမော်ဒယ်က 7500
ဖြစ်နေတတ်ပါတယ် ။ ပြဿနာမရှိပါဘူး ။ ဖုန်းပွင့်လာပြီဆိုရင်တော့
Super User ဆိုတဲ့ပင်လယ်ဓါးပြစက်ရုပ်အစိမ်း Icon လေးကို သင့်ဖုန်းမှာ မြင်နိုင်ပါပြီ ။
Root လုပ်ခြင်း ပြီးဆုံးသွားပါပြီ ။း) အဆင်ပြေကြပါစေ ။
အဆင်မပြေရင် ahluueain@gmail.com မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။း)

Credit To=> http://ahluueain.blogspot.com 

ITHelper မှ တစ်ဆင့်ကူး

0 comments:

Post a Comment