Saturday, June 15, 2013

iDevice သမားများအတွက် AppCake


"Hackulous" site ပိတ်သိမ်းသွားပြီးနောက် အခုဆိုရင် "Installous" ကိုလဲ ထပ်မံပြီး shutdown လုပ်လိုက်ကြပါပြီ။ PC ကနေ တိုက်ရိုက် download လုပ်နေကျ "Apptrackr" လဲ ခုဆို မရှိတော့ပါဘူး။ ဒါဟာ Jailbreak သမားများအတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး ၊ ဒီအခါမှာ cracked App တွေကို နောက်ထပ် ဘယ်နေရာမှာ ဘယ်လို ရနိုင်မလဲလို့  ပူပန်စရာ ရှိပါတယ်....

ယခုထပ်မံ မိတ်ဆက်ပေးချင်တာကတော့ "AppCake" လို့  အမည်ရတဲ့ App လေးပါ။ "AppCake" ဟာ "Installous" လိုပဲ App တွေကို Download ချ Install လုပ်နိုင်ပါတယ်။ "AppCake" ကို ကျွန်တော် ဒီနေရာမှာမိတ်ဆက်ပေးခဲ့ပြီးသား ဖြစ်ပါတယ်။


တစ်ကယ်တော့ "AppCake" ရဲ့ မူရင်း site ဖြစ်တဲ့ "iPhoneCake.com" ကို စတင်ခဲ့တာဟာ 1st generation iPhone ထွက်ရှိခဲ့တဲ့ ၂၀၀၈ ခုနှစ်လောက်ထဲက ဖြစ်ပါတယ်။ AppStore က App တွေကို hackers တွေက cracked လုပ်နိုင်ခဲ့တဲ့ အချိန်မှာ "iPhoneCake" က cracked IPA တွေကို share လုပ်တဲ့ နေရာ တစ်ခုဖြစ်လာပါတယ်။

ဒီဇိုင်း အသွင်ပြင်သစ်နဲ့  Update လုပ်ထားတဲ့ "AppCake" version 3.1 ဟာ iPhone, iPad နှစ်မျိုးစလုံးနဲ့  အလုပ်လုပ်နိုင်တဲ့အပြင် iPhone 5 ရဲ့ screen နဲ့ ပါ လိုက်လျှောညီထွေမှု ရှိပြီး iOS 6 မှာပါ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ထူးခြားတာက Jailbreak မလုပ်ထားတဲ့ Device တွေမှာပါ "AppCake" App ကို install လုပ်နိုင်ပါတယ်။ cracked App တွေကို သွင်းဖို့ ကတော့ "AppSync" သွင်းထားဖို့ လိုအပ်ပါတယ်။


"AppCake" App ကို ဒီနေရာ ကနေ တိုက်ရိုက် Install လုပ်နိုင်သလို Cydia ကနေ Install လုပ်ချင်ရင်တော့ Source အနေနဲ့  "cydia.iphonecake.com" ကို ရိုက်သွင်းနိုင်ပါတယ်...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
အဆင်ပြေပါစေ..
မောင်ပေါက်

မိုးသိကြား ရဲ့ပို့စ်ကို တိုက်ရိုက်မျှဝေတာပါ

0 comments:

Post a Comment