Saturday, June 15, 2013

iOS 6.1 အတွက် Untether Jailbreak အဆင်သင့်ဖြစ်ပြီ...

iOS hacker တစ်ဦးဖြစ်သူ "Pod2g" က အသစ်ပြန်လည် ဖွဲစည်းထားတဲ့ "Evad3rs" Dev-Team ရဲ့  "Planetbeing" နဲ့  "Pimskeks" တို့  အဓိက ကြိုးပမ်းအားထုတ်မှုကြောင့် အခုဆိုရင် iOS 6.1 အတွက် Untether Jailbreak ဟာ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း "iDigitalTimes" နဲ့  ပြုလုပ်တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားလိုက်ပါတယ်...

"ယခု Jailbreak ဟာ "Planetbeing" နဲ့  "Pimskeks" တို့ ရဲ့  စွမ်းဆောင်မှုသာဖြစ်ပါတယ်။ ကျွန်တော်က အပြီးသတ်ခါနီးမှ ရောက်လာတာပါ။ ပိတ်ဆို့ နေတဲ့ အခြေအနေတစ်ချို့ ကို သူတို့  အစွမ်းကုန်ဖြေရှင်းနိုင်အောင် အကြံဥာဏ်ပေးခဲ့ပါတယ်၊ ဒါပေမယ့် တစ်ကယ်ဆိုရင် ကျွန်တော့် အကူညီမပါပဲလဲ ဒီကိစ္စတွေဟာ ပြီးသွားမှာ သေချာပါတယ်" လို့  အသိပေး ပြောကြားခဲ့ပါတယ်။

အခုဆိုရင် iOS 6, iOS 6.1 beta 4 တို့ ကိုပါ Jailbreak လုပ်နိုင်နေပါပြီ ဒါပေမယ့် သူတို့ တွေက iOS 6.1 အတည် ထွက်လာတာကို စောင့်နေကြပါတယ်။ iOS 6.1 ထွက်လာတာနဲ့  တစ်ပြိုင်နက် အခြား လုံခြုံရေးပိုင်းဆိုင်ရာ ထပ်မံ တိုးမြင့်ထားခြင်း ရှိ/မရှိ စစ်ဆေးလို့  အောင်မြင်တာနဲ့  Jailbreak ကို ထုတ်ပေးသွားပါလိမ့်မယ်။

အသစ်ပြန်လည် ဖွဲ့ စည်းထားတဲ့ "Evad3rs" အဖွဲ့ တွင် "Pod2g, MuscleNerd, Planetbeing, Pimskeks" တို့  ပါဝင်ကြပါတယ်။



နောက်ဆက်တွဲ သတင်း အနေနဲ့  Apple က ယနေ့ ပဲ iOS 6.1 beta 5 ကို Developer များအတွက် ထပ်မံ ထုတ်ပေးလိုက်ပြန်ပါပြီ.... Apple နဲ့  Hackers များရဲ့  ပညာပြိုင်ချက်များကြောင့် iOS 6.1 ထွက်ဖို့  ဘယ်လောက် ကြာကြာ ထပ်စောင့်ရမှာပါလိမ့်...


Credit to : မိုးသိကြား

0 comments:

Post a Comment