Friday, December 28, 2012

Huawei ဖုန်းတွေကို Root လုပ်နည်းများစုစည်းမှု

Huawei U8812D ကို Root ပြုလုပ်နည်း မောင်ပေါက်

 


ပထမဆုံး အောက်က လင့်မှာ တရုတ်စာနဲ့ရေးထားတဲ့ ဖိုင်ကို ဒေါင်းလိုက်ပါ..

>> Download 键破解ROOT权限工具PC客户端V1.0 zip


 ဒေါင်းလို့ရလာသော တရှတ်စာနဲ့ ဖိုင်လေးကိုတွေရင် တော့ ထုံးစံအတိုင်း.

键破解ROOT权限工具PC客户端V1.0 zip ကိုဖြည်လိုက်ပါ root_tools ကိုတွေ့လျှင်
root_tool
ကို Run လိုက်ပါ
box တစ်ခုကျလာပါမယ်
ok ပေးလိုက်ပါ နောက်ထပ်
box
တစ်ခုထပ်ကျပါမယ်
ok ထပ်ပေးလိုက်ပါ

 Root လုပ်ဖို့ tools box ကျလာပါမယ် တရုပ်စာနဲ့ Root ဆိုတဲ့ စာလုံးပါ ဒါကိုတွေ့ ရပါမယ်

မိမိ ဖုန်း ကို menu -settings -Developer options – USB debugging ကို အမှန်ခြစ် ပေးလိုက် ပါ

USB နဲ့  Computer ကိုချိတ်လိုက်ပါ

HUAWEI USB Driver လိုကောင်းလိုမယ်ထင်တယ် ... အောက်ကနေဒေါင်းပါ

Root ဆိုတဲ့ စာလုံးကို နိပ်ပေးလိုက်ပါ auto install လုပ်သွားပါလိမ့်မယ်
အားလုံးပြီးသွားရင် Reboot လုပ်ပေးလိုက်ပါ

ဖုန်းပြန်တက်လာရင် superuser စက်ရုပ်လေးပေါ်လာရင်တော့ အိုကေပါပြီခင်ဗျာ ...

အဆင်ပြေပါစေ...
ကျွန်တော် မသိလို့လိုက်ရှာတာ.. နန်းတွင်းသား မှာသွားတွေ့တယ်...



۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝

Huawei ဖုန်းတော်တော်များများကို Root လုပ်နိုင်တယ်



ဒီနည်းကတော့ Android Version 2.3 နှင့်အထက် Huawei ဖုန်းတော်တော်များများကို Root လုပ်နိုင်တယ်လို့ သိရပါတယ်...


ပထမဆုံး ကွန်ပျူတာက Huawei ကိုသိဖို့ Huawei Driver ကို ဒီမှာ ဒေါင်းလိုက်ပါ..

ဒီနည်းကို သုံးဖို့ ပထမ ဆော့ဝဲတစ်ခုကို အရင်ဒေါင်းထားဖို့လိုပါတယ်...
အဲဒီဆော့ဖ်ဝဲလ်ကို ဒီမှာ.. အရင်ဒေါင်းလိုက်ပါ...

1.ဖုန်းကို Power ပိတ်လိုက်ပါ
2.Volume (+)ခလုတ်ကိုဖိထားရင်း Power ခလုတ်ကို ၁၀စက္ကန့်လောက်တွဲနှိပ်ထားရင် Boot Loader ကိုရောက်နေပါလိမ့်မယ်... လိုဂိုမှာရပ်နေပါတယ်..
3. ကွန်ပျူတာမှာ အခုဒေါင်းလို့ရထားတဲ့ ဖိုင်ကိုဖြည်ထားတဲ့အထဲက install-superrecovery-windows ကိုဖွင့်လိုက်ပါ
4.ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ။ စောစောကလုပ်နေတဲ့ တန်းလန်းကြီးအလုပ်တွေ သူဘာသာလုပ်သွားပါလိမ့်မယ်
5.လုပ်ဆောင်ချက်တွေပြီးလို့ ၁၀စက၁က္ကန့် (တကယ်ဆို ၁၅စက၁ကန့်လောက်ကြည့်နေရသေးတယ်)ကြာရင် ဖုန်းကို power ပိတ်၊ ဓါတ်ခဲကို ထုတ်ထားပြီး ၅စက္ကန့်လောက် နေရင် ဓါတ်ခဲကို ပြန်ထည့်လိုက်ပါ
6.ပြီးရင် Volume(+) ခလုတ်နဲ့ Power ခလုတ်ကို တွဲနှိပ်ထားလိုက်ပါ... recovery menu ပေါ်လာတဲ့အထိ တွဲနှီပ်ပေးရပါမယ်...
7.recovery menu ပေါ်လာတဲ့အခါ အပေါ်ဆုံးကဟာကို နှိပ်လိုက်ပါ....
8.Restart ကျသွားပြီး ပြန်တက်လာရင် Root လုပ်လို့ ပြီးပါပြီခင်ဗျာ....

အဆင်ပြေပါစေ...

Huawei Driver
 Super Root Software


 ۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝

Huawei Ascend P1 U9200 ကို Root လုပ်နည်း

 

Rooting Huawei U8818

  • အရင်ဆုံး Unlock Bootloader Tools For Huawei Ascend P1 U9200 ကို ဒီမှာ ဒေါင်းလိုက်ပါ
  • ကွန်ပြုတာထဲကို ဒေါင်းလုပ်ဆွဲပြီးရင် Rar ကိုဖြည်လိုက်ပါ
  • ရလာတဲ့ U9200 Root.exe ကို Run လိုက်ပါ
  • ဖုန်းကို Unknown Sources အမှန်ခြစ်ပေးပါ
  • USB Debugging ကိုလဲ အမှန်ခြစ်ပေးပါ
  • ပြီးရင် ဖုန်းကို ကွန်ပြုတာနဲ့ စချိတ်ပါ။
  • Driver အားလုံးသိနေရပါမယ်…
Huawei အတွက် Driver ကို ဒီမှာ တင်ပေးထားပါတယ်...
  • ခုဆိုရင်တော့ စတင် Root ပါတော့မယ်..

အထက်ပါ ပုံအတိုင်း U9200 Root.exe Run နေတဲ့ ပုံလေးပါ
  • ပြီးရင်တော့ Root ဆိုတဲ့ Button လေးကို နှိပ်ပေးပါ ဘာမှ လုပ်စရာမလိုပဲ
သူ့အလိုလို Root သွားပါလိမ့်မယ်…
 

 ۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝

 

Rooting Huawei U8818

ခု တလော U8818 ကို Unlock Bootloader Tools နဲ့

Root မရတော့ဘူး ဆိုသူတွေ အတွက်

ကျွန်တော် နည်းလမ်းလေး လိုက်ရှာရင်း

ဒီ http://androidforum.cz မှာ တွေ့တာပါ

သူပေးထားတဲ့ နည်းအပြင် ကျွန်တော် နည်းနည်း ထပ်ပြင်ဆင်ထားပါတယ်။

အရင်ဆုံး U8818 ICS Root.rar ကိုအရင် Download ထားလိုက်ပါ

pass ကတော့ thitsankhant ပါ။

Download ဆွဲထားတဲ့ U8818 ICS Root.rar ကို ဖြေလိုက်ပါ

ထိုအထဲမှ U8818 ICS.bat ကို Run ပေးထားရပါမယ်…

ဖုန်းကိုတော့ ပါဝါဖွင့်ပြီး ကြိုးထိုးထားပါ။

cd /data/local/tmp
chmod 777 ./myanmarmobileapp
./myanmarmobileapp 0xd524 0xab8f sh
mount -o remount,rw -t ext4 /dev/block/mmcblk0p12 /system
cat /data/local/tmp/su > /system/xbin/su
chown 0.0 /system/xbin/su
chmod 06755 /system/xbin/su
cat /data/local/tmp/supersu.apk >/system/app/supersu.apk
chown 0644 /system/app/supersu.apk
exit
exit

U8818 ICS.bat

ကို Run ပြီးနောက်ပိုင်း

cmd လေးပေါ်လာမှာ ဖြစ်ပြီး ထို cmd ထဲတွင် အောက်ပါ code များအား တစ်လိုင်းစီ ရိုက်ပြီး enter ခေါက်ပေးပါ

အားလုံး ပြီးတဲ့ အထိ တစ်ကြောင်းရိုက်လိုက် Enter ခေါက်လိုက် လုပ်ပေးသွားပါ။

အားလုံးပြီးသွားတဲ့ အခါမှာတော့ ဖုန်း ကို ဖွင့်ကြည့်လိုက်ပါ

Super SU လေးပေါ်နေတာ တွေ့ရမှာဖြစ်ပါတယ်။

အားလုံးအဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ…

သစ်ဆန်းခန့်

thitsankhant@gmail.com
 
 
 
 
 



۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝

 

Huawei C8812 ROOT လုပ်နည်း၊ မြန်မာဖောင့်သွင်းနည်း


ကျွန်တော် ရှေ့မှာလည်း Huawei C8812 ကို ROOT လုပ်နည်း တင်ပေးပြီးသွားပါပြီ။ C-Box မှာ အစ်ကို တစ်ယောက်က အဆင်မပြေဘူးဆိုလို့ သီးသန့်ရေးပေးလိုက်ပါတယ်။ ခုနောက်ပိုင်း CDMA တွေအတွက် အသစ်ထုတ်လိုက်တဲ့ C8812 ကို လူတော်တော်များများ ကိုင်လာကြပါတယ်။ Android Version 4.0.3 ( ICS ) မို့လို့ တော်တော်များများကလည်း စိတ်ဝင်စားကြပါတယ်။ ခုကျွန်တော် ROOT လုပ်နည်းလေး တင်ပေးသွားပါ့မယ်။

    အရင်ဆုံးတော့ C8812 ရဲ့ Driver ကို မိမိစက်မှာ သွင်းပေးထားဖို့ လိုပါတယ်။ မရှိတဲ့သူများအတွက် အောက်မှာ ကျွန်တော် တင်ပေးထားပါတယ်။ မိမိ Windows အလိုက် ဆွဲသွားကြပါ။

    Motorola_End_User_Driver_Installation_5.4.0_32bit

    Motorola_End_User_Driver_Installation_5.4.0_64bit
    ပြီးရင် အောက်မှာ Root ဖိုင်လေးကို Download လုပ်လိုက်ပါ။

    C8812 ROOT.zip

     ပြီးရင်တော့ အောက်ကအဆင့်တွေအတိုင်း လုပ်သွားလိုက်ပါ။

ROOT လုပ်နည်း

    အဲ Zip ဖိုင်လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ ပါလာတဲ့ Recovery.exe ဖိုင်လေးကို Run လိုက်ပါ။
    ပြီးလျှင် မိမိဖုန်းရဲ့ Setting ထဲက Application ထဲမှာ Fast Boot ကို Off လုပ်ထားပေးပါ။
    မိမိဖုန်းရဲ့ SD Card ထဲသို့ ခုနက Extra လုပ်ထားတဲ့ update.zip ဖိုင်လေးကို ထည့်လိုက်ပါ။
    မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို 3 မိနစ်လောက် ဖိထားပါ။ Huawei Logo မှာရပ်နေပါမယ်။
    Logo မှာ ရပ်နေပါက ဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျုတာနှင့်ချိတ်လိုက်ပါ။
    ခုနက ကွန်ပျူတာမှာ Run ထားတဲ့ Recovery နေရာမှာ Space Bar နှိပ်သွားပါ။ Update လုပ်နေတာကို တွေ့ရပါမယ်။
    ပြီးလျှင် Battery ကို ဆွဲဖြုတ်လိုက်ပါ။ Volume Up + Power ကို ထပ်ပြီး တော့ ဖိထားပေးပါ။ Recovery Mode ထဲ ၀င်သွားပါမယ်။
    ပြီးလျှင် update.zip ဖိုင်လေးကို ရွေးပေးလိုက်ပါ။
    သူ့ကသူ လုပ်နေပါလိမ့်မယ်။ ပြီးသွားပြီဆိုရင်တော့ မိမိဖုန်းဟာ Root လုပ်ခြင်း အောင်မြင်သွားပါပြီ။

     မြန်မာဖောင့်သွင်းနည်း ( Credit to Myanmar Mobile User Club )

  မြန်မာဖောင့်သွင်းနည်းကို MMUC မှ ကိုသူရိန် ရေးထားတဲ့ ပို့စ်လေးကို တွေ့လို့ ပြန် Share လုပ်ပေးလိုက်ပါတယ်။ သွင်းဖို့အတွက် အောက်ကဖိုင်လေးကို Download လုပ်လိုက်ပါ။

    Zawgyi Installer 

    ပြီးလျှင် မိမိဖုန်းထဲသို့ ထို apk ဖိုင်အား ထည့်ပြီး Install လုပ်လိုက်ပါ။ ပြီးလျှင် ဖွင့်လိုက်ပါ။ Check For Root Access ကို နှိပ်ပါ။ Superuser Permission တောင်းပါလိမ့်မယ်။ Allow လုပ်ပေးပါ။ ဒါဆို Installလုပ်လို့ရမယ့် ဖောင့်လေးတွေ ပေါ်လာပါမယ်။ မိမိနှစ်သက်တဲ့ ဖောင့်အမျိုးအစားကိုရွေးပြီး Install လုပ်လိုက်ပါ။ Sketch Font က ICS နဲ့ တော်တော်လှတယ်လို့ပြောပါတယ်။ ကိုယ်ကြိုက်တာကိုကိုယ် Install လုပ်ပါ။ Install ပြီးပါက Reboot လုပ်ခိုင်းပါမယ်။ လုပ်လိုက်ပါ။ ပြန်တက်လာလျှင်တော့ မြန်မာလို မြင်ရပြီဖြစ်ပါတယ်။

KEYBOARD သွင်းနည်း 

    KEYBOARD သွင်းဖို့အတွက် အောက်မှာ Download လုပ်လိုက်ပါ။

    MyanDroidKeyboard.apk

    ပြီးလျှင်  မိမိဖုန်းမှာ Install လုပ်လိုက်ပါ။ ဖုန်းရဲ့ Setting > Language & Input ကို သွားပါ။ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို မြန်မာလိုလည်း ရိုက်လို့ရပြီ ဖြစ်ပါတယ်။

ဒီပို့စ်ကို Myanmar Play App Center ကနေ တိုက်ရိုက် ကူးယူ ဖေါ်ပြခြင်းဖြစ်ပါတယ်.. ကျေးဇူးတင်ချင်ရင် ရေးသားသူ ကိုနန္ဒထွန်း ကိုသာ ကျေးဇူးတင်သင့် ပါကြောင်း....

 

۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝۝

 

Huawei U8836D ကို root လုပ်နည်း


Huawei U8836 D ကို root လုပ်ဖို့အတွက် လိုအပ်တဲ့ root tool ကိုအောက်မှာအရင်ရယူပါ။
အပေါ်မှာတုန်းက download လုပ်ခဲ့တဲ့ Root_with_Restore_by_Bin4ry_v2_win-linux ဖိုင်ကို zip ဖြည်ထားပါ။
Setting > Developer Options ထဲကိုဝင်ပြီး USB Debugging ကို အမှန်ခြစ်ပေးထားပါ။
ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။ ပြီးရင် ခုနက ဇစ်ဖြည်လို့ရလာတဲ့ “Root_with_Restore_by Bin4ry” ထဲက “Runme” ဆိုတဲ့ bat ဖိုင်လေးကို run ပါ။
နံပါတ် ၃ option ကိုရွေးပေး၇မှာဖြစ်တဲ့အတွက် 3 ကို၇ိုက်ပြီး enter ခေါက်ပါ။
အောက်ပုံအတိုင်း root data များစတင်သွင်းနေပါလိမ့်မယ်။
ဖုန်းမှာပေါ်နေတဲ့ထဲက” Restore my data” ကိုနှိပ်ပါ။

အခုပြောခဲ့တဲ့ step တွေအောင်မြင်တယ်ဆိုရင် ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။ အကယ်၍ reboot မကျဘူးဆိုရင်တော့ အပေါ်က step တွေကိုပြန်လုပ်ပါ။

ဖုန်းက boot ပြန်တက်လာပြီဆိုရင်တော့ application list ထဲမှာ Superuser icon လေးကိုတွေ့ရပါလိမ့်မယ်။
အောက်မှာပေးထားတဲ့ SuperUser apk လေးကို download လုပ်ပြီး ဖုန်းမှာထပ်မံသွင်းလိုက်ပါ။
 SuperUser apk လေးကိုဖုန်းမှာသွင်းပြီးသွားရင် Superuser ကို run လိုက်ပါ။ root process ပြီးစီးပြီဖြစ်ပါတယ်။
 
Credit to : Myanmar Mobile Application Store မှာ  သက်နိုင်စိုး ရေးတဲ့ ပို့စ် 
ကော်ပီဆရာမှ မောင်ပေါက်ထံကတစ်ဆင့် ကော်ပီးကူးခဲ့တယ်

 

 

0 comments:

Post a Comment