Friday, December 28, 2012

Root ပြီးသား ဖုန်းတွေကို မြန်ဖောင့်နှင့်မြန်မာကီးဘုတ်သွင်းနည်း


မြန်မာဖောင့်အတွက် ကျွန်တော်ဆရာကိုသူရိန်ရေးထားတဲ့thurai.zawgyi installer နှင့် thurai.mmkey ကိုထည့်ပေးထားပါတယ်။တကယ်ကောင်းလို့တင်ပေးလိုက်တာပါ။

 ကီးဘုတ်ဆိုရင် မြန်မာစာကို ပုံစံသုံးမျိုးနဲ့ အမြန်ဆုံးရိုက်နိုင်လို့ပါ။ shift key ကိုနှိပ်ပြီး ရိုက်ရတာပျင်းတဲ့သူတွေအတွက် ရိုက်ချင်တဲ့စာလုံးကို နှစ်ချက်နှိပ်ပြီး ရိုက်နိုင်ပါတယ်။ဖောင့်ဆိုရင်လည်း 2.1 လောက်ကနေ ics 4.0.4 ထိ ဘာပြသနာမှ မရှိဘဲကောင်းကောင်းအဆင်ပြေပါတယ်။ ဖုန်းပေါ်က စာလုံးဒီဆိုင်းလေးတွေကိုလည်း
သူများနဲ့မတူချင်ဘူးဆိုရင်လဲ zawgyi installer လာပေါ်ကနေ တိုက်ရိုက်ပြောင်းလဲ အသုံးပြုနိုင်ပြီးတော့ sony phone များအတွက် မြန်မာစာအမှန်ကိုလဲ ဖောင့်ရဲအောက်ဆုံးနားလေးမှာ ထည့်ပေးထားပါတယ်။ sony exeria ဖုန်းများအတွက်install zawgyi mobile ဆိုတဲ့ ခလုပ်ကလေးကိုနှိပ်ပြီးသွင်းနိုင်ပါတယ်။
sony မဟုတ်သောအခြားဖုန်းများအတွက်ကတော့ အပေါ်ဆုံးက install robto font ကို Install လုပ်ပါ ပြီးလျှင် ဖုန်းက exit for reboot ဆိုတာလေးကိုနှိပ်လိုက်ပါ။ ခဏနေလို့မှဖုန်းက reboot မကျဘူးဆိုရင်တော့ မိမိဖာသာ ဖုန်းကိုပါဝါပိတ်ပြီးပြန်ဖွင့်လိုက်ပါ မြန်မာဖောင့်သွင်းပြီးသားဖြစ်သွားပါပြီ။ ဖုန်းထဲက zawgyi installer ကိုဖွင့်လိုက်ရင် superuser request တောင်းမှာပါ allow ပေးလိုက်ပါ.ပြီးလျှင်install roboto font ဆိုတာလေးကို နှိပ်လိုက်ပါ။ font install လုပ်ပြီးသွားလျှင် exit for rebootဆိုတာလေးကို နှိပ်လိုက်ပါ။ဖုန်းပြန်တတ်လာရင် mmkey ကိုဖုန်းထဲကို install လုပ်ပြီး setting ထဲကlanguage and keyboard ထဲက myankey ဆိုတာလေးကို အမှတ်ခြစ်လိုက်ပါ။ ဒါဆိုရင်တော့ font ရောkeyboard ရော သွင်းပြီးသွားပါပြီ။ အသုံးပြုချင်တယ်ဆိုရင်တော့ မိမိစာရိုက်မဲ့ အကွက်ထဲကိုခဏလေးဖိထားလျှင် input method ဆိုတာလေးပေါ်လာမှာပါ အဲဒါလေးကိုနှိပ်လိုက်ပါ ထို့နောက်myankey ဆိုတာလေးကို နှိပ်လိုက်ပါ ဒါဆိုရင်တော့ မြန်မာစာလုံးရိုက်ပြီး အသုံးပြုနိုင်ပါပြီ။ eng  to myan ပြောင်းရန်အတွက်ကတော့ ဘယ်ဘက်ထောင်မှာ ရှိတဲ့ အလံလေးကို နှိပ်ပြီး ပြောင်းလဲအသုံးပြုနိုင်ပါတယ်ခင်ဗျာ ။ သူငယ်ချင်းအားလုံး အဆင်ပြေကြမှာပါ။



0 comments:

Post a Comment