Friday, December 28, 2012

Sony Phone များ unlock bootloader လုပ်နည်း & Root လုပ်နည်း




Sony Phone များ အတွက် unlock bootloader လုပ်နည်းလေးပါ ။
Sony Phone  လို့ခေါ်တာလည်း Sony က Erricsson နဲ့ ကွဲသွားပီးဆိုတော့ Sony Erricsson လို့ မခေါ်တော့တာဖြစ်ပါတယ် ။
Sony ဖုန်းတွေမှာ မြန်မာစာ မြင်ရဖို့ Root လုပ်မယ်ဆိုရင် အရင်က unlock bootloader ဆိုတာ လုပ်စရာမလိုပဲ အဆင်ပြေပါတယ် ။ အရင်  S E X (Sony Erricsson Xperia) တွေမှာ Build number မှန်တယ်ဆို DooMLoRD လို bat ဖိုင်လေး Run ပီး Root လိုက်လို့ရတယ် ။ Build number ကို ချိန်းတယ်ဆိုရင်လည်း Flash လိုက်တယ် ဆိုရင် Root လို့ပီးသွားတာပါပဲ ။ ကျွန်တော် သိသလောက် ခုနောက်ပိုင်း Erricsson နဲ့ ကွဲပီး Sony ဖုန်းတွေမှာ Unlock BootLoader လုပ်ပေးမှ အဆင်ပြေပါတော့တယ် ။ Sony တွေ Root လုပ်မယ်ဆို Unlock BootLoader ရမယ်ဆို အဆင်ပြေအောင် ရေးထားလိုက်ပါတယ် ။

* Unlock bootLoader လုပ်တယ်ဆိုရင်တော့  Guarantee ပျက်တယ်လို့ ဆိုပါတယ် ။ ကျွန်တော်တို့အတွက်တော့ သိပ်မလိုဘူး ထင်တာပဲ :)

Unlock BootLoader လုပ်နိုင်တဲ့ ဖုန်းတွေကို http://unlockbootloader.sonymobile.com/ မှာ ကြည့်ရှုနိုင်ပါတယ် ။

သေချာအောင် ထပ်ပီး စစ်ဆေးမယ်ဆိုရင် ..

*#*#7378423#*#* > Service info > Configuration > Rooting Status မှာ Bootloader unlock allowed မှာ Yes ဆိုရင် Unlock စလုပ်လို့ရပါပီ ။

* Unlock လုပ်တော့မယ် ဆိုရင် လိုအပ်တဲ့ File လေးကို Download ချပီး ရယူထားပါ ။

Unlock BootLoader လုပ်မယ်ဆို Unlock Code ရဖို့ ပထမဆုံး စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ် ။
အဲ့အတွက် Unlocking the boot loader ကို သွားရပါမယ် ။ ပြီးရင် အောက်နားက  Start unlocking the boot loader  ကိုနှိပ်ပါ ။ နောက် ၁ မျက်နှာရောက်ရင်  Continue  ဆက်နှိပ်ပါ ။  နောက် ၁ မျက်နှာ ထပ်ရောက်တယ်ဆိုရင်  Yes, I’m sure  ကို ဆက်နှိပ်ပါ ။


Legal terms Page ကို ရောက်တယ်ဆို Check box နှစ်ခုလုံးကို Click လုပ်ပြီး  I Accept  ကိုနှိပ်လိုက်ပါ ။


Create Unlock request Page ကို ရောက်သွားရင် ... .. .
Name , IMEI , E-mail တွေ ဖြည့်ပေးရပါမယ် ။ IMEI ဆိုတာ သိဖို့လိုလာပါပီ ။ မိမိ IMET Number ကို သိချင်တယ်ဆိုရင်တော့ *#06#  ကိုနှိပ်လိုက်တယ်ဆို IMEI Box လေးပေါ်လာပီး အဲ့ထဲမှာ ပါလာတဲ့ Number ၁၅ လုံးပါ ။ ဒါပေမယ့် IMEI ထဲကို ထည့်မယ်ဆိုရင် နောက်ဆုံး Number ၁ လုံးကို ချန်ထားပီး အရှေ့က Number ၁၄ လုံးကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ် ။ သေချာပီဆိုရင်  Summit  နှိပ်လိုက်ပါ ။
အဲ့ဒါဆို Unlock Code ကို ပြန်လည်ပြတဲ့ Page ပေါ်လာပါလိမ့်မယ် ။ Unlock Code ကို သေချာမှတ်ထားလိုက်ပါ ။

ခုနောက်ပိုင်း အဆင့်တွေက အရေးကြီးတဲ့ အတွက် သေချာ ဂရုစိုက်ပြုလုပ်စေလိုပါတယ် ။

*  Setting>Application>unknown sources ကို အမှန်ခြစ်ပါ
*  Setting>Application>Development>Usb debugging ကို အမှန်ခြစ်ပေးပါ

 ၁ ။ Download လုပ်ထားသော ဖိုင်ကို Extract လုပ် လိုက်ပါ ။ fastboot_with_Android_USB_file နဲ့  drivers ဆိုတာကို တွေ့ပါလိမ့်မယ် ။ အဲ့ဒီ File ၂ ခုကို လည်း Extract ထပ်လုပ်ထားပါ ။ fastboot_with_Android_USB_file ထဲက Fastboot က Unlock လုပ်ဖို့အတွက်  Folder ပါ ။ Drivers ကတော့ S1Boot Fastboot Driver ကို စက်ကမသိရင် အသုံးပြုဖို့အတွက်ပါ ။

 ၂ ။ မိမိ ဖုန်းကို (Shutdown) ပါဝါ ပိတ်လိုက်ပါ ။

 ၃ ။ Usb ကြိုးနဲ့ Computer ကို ချိတ်တယ်ဆို ဒီတိုင်းချိတ်လို့မရပါဘူး ။ ချိတ်ရမှာ သုံးရတဲ့ နည်းတွေလည်း မတူပါဘူး ။


Menu button
(for Xperia™ arc, Xperia™ arc S, Xperia™ neo, Xperia™ neo V, Xperia™ pro).

Search button
(for Xperia™ PLAY).

Volume up button
(for Xperia™ mini, Xperia™ mini pro, Xperia™ ray, Xperia™ active, Live with Walkman™, Xperia™ S, Xperia™ P, Xperia™ U, Xperia™ Go, Xperia™ Sola, Xperia™ acro S).
 

ကိုယ်ဖုန်းနဲ့ ကိုက်မယ့် Button လေး နှိပ်, Computer Usb ကြိုးနဲ့ မိမိ ဖုန်းကို ချိတ်ဆက်လိုက်ပါ ။
မိမိလုပ်ဆောင်ချက် မှန်ကန်တယ် အောင်မြင်တယ်ဆိုရင် မီး အပြာ ရောင်လေး လင်းလာပါလိမ့်မယ် ။
မီး အပြာ လေး မလင်းဘူး အဆင်မပြေဘူးဆိုရင် အဆင့် ၃ ကို သေချာ ပြန်ဖတ်ပြီး ပြန်လုပ်ပါ ။

 ၄ ။ မီး အပြာ လေး လင်းလာပီး ခဏလေး နေရင် Driver ကို ရှာပါလိမ့်မယ် ။ သူ့ဘာသာ Auto ရှာပါလိမ့်မယ် ။ ရှာနေတဲ့ Driver က S1Boot Fastboot ဖြစ်ရပါမယ် ။ တခြား usb mass storage လိုမျိုး တခြား Driver ဆိုရင် အပေါ်က နံပါတ် ၃ အဆင့် မှာ အဆင်မပြေ မှားခဲ့လို့ပါ ။ S1Boot Fastboot ကို ရှာတာမတွေ့လို့ အဆင်မပြေဘူးဆိုရင် ကိုယ့်ဘာသာ အပေါ်က Down တုန်းက ပါခဲ့တဲ့ Drivers Folder ကို ရှာပီးရွေးပေးလိုက်ရင်ရပါတယ် ။

 ၅ ။ S1Boot Fastboot ကိုလည်း သိပီဆိုရင် Down ထားတဲ့ Folder ထဲက Fastboot ဆိုတဲ့ Folder ထဲကို ဝင်ပါ ။ ပီးရင် Folder ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click >Open command window here ကို ရွေးလိုက်ပါ ။ Command Prompt ၁ ခု တတ်လာပါလိမ့်မယ် ။ (Shift+Mouse Right Click >Open command window here ကိုဘာလို့ သုံးလည်းဆိုတော့ အခုဖွင့်ထားတဲ့ Fastboot Folder တည်နေရာကို တန်းရောက်ချင်လို့ပါ ။ Command သုံးနေကျမဟုတ် တဆင့်ချင်း သွားရင် အမှားများပီး ကြာနိုင်လို့ပါ )

 ၆ ။ Command Prompt ပေါ်လာပီ ဆိုရင်  fastboot.exe -i 0x0fce getvar version  ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။

 ၇ ။ နောက် ၁ ကြောင်းကတော့  fastboot.exe -i 0x0fce oem unlock 0x(Unlock Code) ဆိုတာ ရိုက်ပီး Enter ထပ်နှိပ်ပါ ။ (  " (Unlock Code) ဆိုတဲ့နေရာမှာ Unlocking the boot loader page က စလုပ်ခဲ့ပီး နောက်ဆုံ ရလာခဲ့တဲ့ Unlock Code (or) ရလာတဲ့ Number ကို ပြောင်းပီး ဖြည့်ပေးရမှာဖြစ်ပါတယ် ။ '(' ')' တွေကိုပါ မထည့်ရပါဘူး )

 ၈ ။ Enter ခေါက်လိုက်ပီ ဆိုတာနဲ့ Lock စတင်ပီး ဖြည်ပါပြီ ။
 OKAY [xx.xxs]
 finished. total times :xx.xxs

Finished ဆိုတဲ့ Message လေး ပေါ်လာပီ ဆိုရင် Unlocking လုပ်တာ အောင်မြင်စွာ ပြီး ဆုံးသွားပြီ ဖြစ်ပါတယ် ။

Xperia™ Go - Root လုပ်နည်း

Xperia™ Go ကို Root လုပ်မယ် ဆိုရင် ပထမဆုံး Unlocking The BootLoader လုပ်ရပါမယ် ။
Unlocking The BootLoader လုပ်နည်းကို အပေါ်က ပို့စ်ကို   လေ့လာနိုင်ပါတယ် ။

Xperia™ U ကို Root လုပ်ဖို့ အောက်က elf file လေးကို အောက်က Download Link မှာ ရယူပါ ။

Unlocking The BootLoader လုပ်ပီးသွားပီ Unlock ဖြစ်သွားပီ ဆိုရင်
 * Setting>Application>unknown sources 
 * Setting>Application>Development>Usb debugging တွေမှာ အမှန်ခြစ်ပီး ဖွင့်ထားလားစစ်ပါ ။ မဖွင့်ရသေးရင် အရင်ဆုံးဖွင့်ပါ ။

Service ကို ဖွင့်ပီးသွားပီ ဆိုရင် ဖုန်းကို ပိတ်လိုက်ပါ ။

Download ရလာတဲ့ rootxperiagobyfmam.elf File လေးကို Fastboot ဖိုင်ထဲကို ထည့်ပေးပါ ။ (Fastboot Folder လေးက Unlock လုပ်ပီးသွားပီဆိုရင်  Unlocking The BootLoader ထဲမှာ ဒေါင်းထားတဲ့ unlock bootloaders.zip ထဲမှာ ပါထားပီးသား ဖြစ်နေလို့ ရှိနေပီထင်ပါတယ် )

Volume Up Button လေး နှိပ်, Computer Usb ကြိုးနဲ့ မိမိ ဖုန်းကို ချိတ်ဆက်လိုက်ပါ ။
မိမိလုပ်ဆောင်ချက် မှန်ကန်တယ် အောင်မြင်တယ်ဆိုရင် မီး အပြာ ရောင်လေး လင်းလာပါလိမ့်မယ် ။

rootxperiagobyfmam.elf File ထည့်ထားပီးသား ဖြစ်နေတဲ့ Fastboot Folder ကို ဖွင့်လိုက်ပါ ။ ပီးရင် Folder ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click >Open command window here ကို ရွေးလိုက်ပါ ။ Command Prompt ၁ ခု တတ်လာပါလိမ့်မယ် ။ 

Command Prompt ပေါ်လာပီ ဆိုရင် သေချာအောင်  fastboot devices  ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။ fastboot ဆိုတာ ပေါ်လာပါလိမ့်မယ် ။

နာက် ၁ ကြောင်းကတော့   fastboot flash boot rootxperiagobyfmam.elf  ဆိုတာ ရိုက်ပီး Enter ထပ်နှိပ်ပါ ။

Finish လို့ပေါ်လာပီ ဆိုရင် Usb ကြိုးကို ဖြုတ်လိုက်ပါ ။ ပီးရင် Power ဖွင့်လိုက်ပါ ။ Application တွေ ထဲမှာ SuperUser  ဆိုတဲ့ အကောင်လေး တွေ့ပီ ဆိုတာနဲ့ Root လုပ်ခြင်း အောင်မြင်စွာ ပီးစီးသွားပီ ဖြစ်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။

 * Xperia™ Go - Build No, 6.0.B.3.184 ကို Root လုပ်ပီး ရေးထား တာဖြစ်ပါတယ် ။ Sony တွေမှာ Android Version ထက် Build No ကို ကြည့်မှ အဆင်ပြေပါတယ် ။ Build No က အသေချာဆုံးဖြစ်ပါတယ် ။

Xperia™ U - Root လုပ်နည်း

 


Xperia™ U ကို Root လုပ်မယ် ဆိုရင် ပထမဆုံး Unlocking The BootLoader လုပ်ရပါမယ် ။
Unlocking The BootLoader လုပ်နည်းကို အပေါ်မှာ လေ့လာနိုင်ပါတယ် ။

Xperia™ U ကို Root လုပ်ဖို့ အောက်က elf file လေးကို အောက်က Download Link မှာ ရယူပါ ။


Unlocking The BootLoader လုပ်ပီးသွားပီ Unlock ဖြစ်သွားပီ ဆိုရင်
 * Setting>Application>unknown sources 
 * Setting>Application>Development>Usb debugging တွေမှာ အမှန်ခြစ်ပီး ဖွင့်ထားလားစစ်ပါ ။ မဖွင့်ရသေးရင် အရင်ဆုံးဖွင့်ပါ ။

Service ကို ဖွင့်ပီးသွားပီ ဆိုရင် ဖုန်းကို ပိတ်လိုက်ပါ ။

Download ရလာတဲ့ rootxperiaubyfmam.elf File လေးကို Fastboot ဖိုင်ထဲကို ထည့်ပေးပါ ။ (Fastboot Folder လေးက Unlock လုပ်ပီးသွားပီဆိုရင်  Unlocking The BootLoader ထဲမှာ ဒေါင်းထားတဲ့ unlock bootloaders.zip ထဲမှာ ပါထားပီးသား ဖြစ်နေလို့ ရှိနေပီထင်ပါတယ် )

Volume Up Button လေး နှိပ်, Computer Usb ကြိုးနဲ့ မိမိ ဖုန်းကို ချိတ်ဆက်လိုက်ပါ ။
မိမိလုပ်ဆောင်ချက် မှန်ကန်တယ် အောင်မြင်တယ်ဆိုရင် မီး အပြာ ရောင်လေး လင်းလာပါလိမ့်မယ် ။

rootxperiaubyfmam.elf File ထည့်ထားပီးသား ဖြစ်နေတဲ့ Fastboot Folder ကို ဖွင့်လိုက်ပါ ။ ပီးရင် Folder ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click >Open command window here ကို ရွေးလိုက်ပါ ။ Command Prompt ၁ ခု တတ်လာပါလိမ့်မယ် ။ 

Command Prompt ပေါ်လာပီ ဆိုရင် သေချာအောင်  fastboot devices  ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။ fastboot ဆိုတာ ပေါ်လာပါလိမ့်မယ် ။

နာက် ၁ ကြောင်းကတော့   fastboot flash boot rootxperiaubyfmam.elf  ဆိုတာ ရိုက်ပီး Enter ထပ်နှိပ်ပါ ။

Finish လို့ပေါ်လာပီ ဆိုရင် Usb ကြိုးကို ဖြုတ်လိုက်ပါ ။ ပီးရင် Power ဖွင့်လိုက်ပါ ။ Application တွေ ထဲမှာ SuperUser  ဆိုတဲ့ အကောင်လေး တွေ့ပီ ဆိုတာနဲ့ Root လုပ်ခြင်း အောင်မြင်စွာ ပီးစီးသွားပီ ဖြစ်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။

 * Xperia™ U - Build No, 6.0.B.1.564 ကို Root လုပ်ပီး ရေးထား တာဖြစ်ပါတယ် ။ Sony တွေမှာ Android Version ထက် Build No ကို ကြည့်မှ အဆင်ပြေပါတယ် ။ Build No က အသေချာဆုံးဖြစ်ပါတယ် ။ 

0 comments:

Post a Comment