Friday, December 28, 2012

Android 4.2 တွင် Beanflinger ဖြင့် Unlock ပြုလုပ်ခြင်း


Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream ဆိုတဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းထားတာ တွေ့ရမှာဖြစ်ပါတယ်။ Daydream ဟာ Screensaver နဲ့ သိပ် မကွာခြားတဲ့ Feature တစ်ခုဖြစ်ပါတယ်။ Daydream ကိုအသုံးပြုမယ်ဆိုရင် Default အဖြစ်ငါးမျိုးထည့်သွင်းပေးထားတာကို   တွေ့ရမှာပါ။Daydream Feature ကိုအသုံးပြုပြီး သင့်ရဲ့ Android Device ကို Lock စနစ် ပြုလုပ်မယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ Daydream ကိုအသုံးပြုဖို့အတွက် ပထမဦးဆုံး သင့်ဖုန်းဟာ Android 4.2 ကို အထောက်အပံ့ပေးထားတဲ့ ဖုန်းအမျိုးအစားဖြစ်ဖို့ လိုပါတယ်။ လက်ရှိရောက်နေတဲ့ Firmware Version ကိုကြည့်ဖို့အတွက် Settings အောက်က About Phone ဆိုတဲ့နေရာကို ရွေးချယ်ပြီးဝင်ရမှာဖြစ်ပါတယ်။ About Phone ထဲကို ရောက်ပြီဆိုရင် Android Version ဆိုတဲ့နေရာမှာ သင့်ဖုန်းရဲ့ Android Version ကိုတွေ့ရမှာဖြစ်ပါတယ်။ 4.2 Version မဟုတ်သေးဘူးဆိုရင်တော့ ပထမဆုံး Upgrade ပြုလုပ်ရမှာဖြစ်ပါတယ်။ Upgrade ပြုလုပ်ဖို့အတွက် Settings အောက်က System Update ဆိုတာကို ရွေးချယ်ပေးရပါမယ်။ သင့်ဖုန်းအတွက် Android 4.2 Version ကို အထောက်အပံ့ပေးထားပြီဆိုရင် System Update မှာသာ ပြသမှာဖြစ်ပါတယ်။ အဲဒီကနေ Download ပြုလုပ်ပြီး System Upgrade ပြုလုပ်သင့်ပါတယ်။ ဒီအဆင့်တွေပြီးပြီဆိုရင်တော့ သင့် Android Phone ဟာ Version 4.2 ကိုဖြစ်နေပါပြီ။ Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream Feature ကိုအသုံးပြုပြီး Bean-Flinger နဲ့သင့် Hand Set ကို Unlock ပြုလုပ်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့ အချက်တွေအတိုင်း ပြုလုပ်ပေးရပါမယ်။ Settings ထဲက Display အောက်မှာ Daydream ဆိုတဲ့ Feature ကို အရင်ဆုံး သွားဖွင့်ထားရမှာဖြစ်ပါတယ်။ Day-dream ကိုဖွင့်ပြီးပြီဆိုရင်တော့ နာရီနဲ့ ပြုလုပ်ချင်တာလား ဒါမှမဟုတ် Bean-Flinger, Colors, Currents, Photo Frame, Photo Table အစရှိတာတွေကို နှစ်သက်ရာရွေးချယ်ပြီး ထားနိုင်မှာဖြစ်ပါတယ်။ Bean Flinger ကိုအသုံးပြုဖို့အတွက် Screen ရဲ့အလယ်မျက်နှာပြင်ကို ဖိထားရပါမယ်။ ဖိနှိပ်ထားတဲ့အချိန်မှာ Jelly Bean ထည့်သွင်းထားတဲ့ Device ဟာတုန်ခါမှုနဲ့အတူ တက်လာမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လှုပ်ရှားမှုတွေနဲ့ အလုပ်လုပ်နေတဲ့ Screen Saver ဆန်ဆန် Daydream Feature ကိုသင့်ရဲ့ Device Screen အထက်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Daydream Feature ဟာ Android Version 4.2 ပေါ်မှာသာ ပါဝင်တဲ့အတွက် Daydream ကိုသုံးစွဲမယ့်သူတွေရဲ့ Android Device ဟာ Android Version 4.2 ကိုအထောက်အပံ့ပေးတဲ့ Device တွေဖြစ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

Ref: Internet Journal အတွဲ(၁၃) အမှတ်(၄၇)

0 comments:

Post a Comment