Tuesday, April 16, 2013

China Clone Android version 4.1.1 Phone တွေကို Root လုပ်နည်း

 


khinmghtwe: Chinese Clone Phone တွေကို ဘာနဲ့  Root ချလို့ ရနိုင်လဲ Driver ရှာမတွေ့ပါခင်ဗျာ...

China Clone  Android version 4.1.1  phone တွေကို root လုပ်ချင်တဲ့ သူငယ်ချင်းတွေ အတွက်
ဒီပို့ ကို အလုပ်မအားတဲ့ ကြားကနေ တင်ပေးလိုက်ပါတယ်... အခုတစ်လော ကျွန်တော် အလုပ်တွေရှုပ်နေလို့ 
blog ဘက်ကို လှည့်မကြည့်နိုင်တာပါ   ထိုင်းရောက်Itလူငယ်များအဖွဲ
ထဲက member တစ်ယောက်ရဲ့ ဖုန်းကို ကျွန်တော် ကိုယ်တိုင် လက်တည့်စမ်ပေးထားတာပါ
root လုပ်မဲ့ ဘောဒါများ အရင်ဆုံးလိုအပ်တဲ့ ဖိုင်လ်ကို အောက်ကနေဒေါင်းလိုက်ပါ..။

 Clone Android  Root ဖိုင်ကိုဒေါင်းရန် 

ဒေါင်လို့ ရတဲ့ zip ဖိုင်ကိုဖြည်လိုက်ပါ အထဲမှာ root ဖိုင်ရယ် driver ရယ်ရှိပါတယ်
root လုပ်မဲ့ ဖုန်းမှာ အရင်ဆုံး Settings > Develper > usb နေရာတွေကို အမှတ်လိုက်ခြစ်ပေးလိုက်ပါ
ပြီးရင် ဖုန်းကို computer နဲချိတ်လိုက်ရင် driver တောင်းလာပါမယ် ဒါဆို ပေးထားတဲ့ driver ဖိုင်ကို
သွင်းပေးလိုက်ပါ driver သွင်းပြီလို့  အောင်မြင်တယ်ဆိုရင် root လုပ်ဖို့  မခက်ခဲတော့ပါဘူး..

root လုပ်ဖို့ အတွက် root ဖိုင်ကိုဖွင့်လိုက်ပါ အထဲက Run Me နေရာမှာနှိပ်ပါ
အမဲရောင် CMD အကွက်တက်လာပါမယ် အကွက်ထဲက 1 Mornal နေရာကိုနှိပ်ပြီ root မှာဖြစ်တဲ့အတွက်
ကွန်ပျူတာ ကီးဘုတ်က 1 ကိုနှိပ်ပြီ enter နှိပ်ပါ ဒါဆို CDM အကွက်ထဲက အစိမ်းရောင်စာတန်း Running....
ပေါ်လာရင် ဖုန်းမှာသွားကြည့်ပါ ( Do Not Restore & Restore My date ) စာတန်းတက်လာပါမယ်
ဒါဆို Restore My date စာတန်းကိုရွေးပြီး  enter ဆက်နှိပ်ပါ  CDM အကွက်က နောက်ထပ်စာတန်း
reboot your device 10 seconds .... စာတန်းတက်လာရင် ဖုန်းကိုပါဝါအမြန်ပိတ်ပေးလိုက်ပါ ပြီးရင်ချက်ချင်း
ပါဝါပြန်ဖွင့်ပေးလိုက်ပါ CDM ကအလုပ်ဆက်လုပ်သွားပါလိမ့်မယ် စာတန်းတက်လာပြီး ရပ်နေရင် enter ကိုဘဲနှိပ်ပေးပါ နောက်ဆုံ CDM အကွက်ပိတ်ပြီ ဖုန်း reboot ကျပြီး ပြန်တက်လာရင် Superuser app
ရောက်နေပါပြီ အားလုံးအဆင်ပြေပါစေ...။




Post by : SmartGhost


 Credit to:http://thaiinmyanmarit.blogspot.com

1 comments:

  1. ကျေးဇုးအများကြီးတင်ပါတယ် ဗျား လေလာခွင့်ရတာ အားပေးလျှက်ပါဗျားးး

    ReplyDelete