Sunday, April 7, 2013

အလွယ်ကူဆုံး ဘလော့တစ်ခု တည်ဆောက်ရအောင် မိုးကောင်းကင် ဖောင်းပြင်

ကဲဗျာ gmail အကောင့်တစ်ခုရှိသူတိုင်း ဘလော့လေးတစ်ခုတည်ဆောက်နိုင်ရန်အတွက် ရေးလိုက်ပါတယ်။ မသိ
သေးသူများ မရှိသေးသူများ စမ်းသပ်တည်ဆောက်နိုင်ရန်အတွက်ပါ။ အကျဉ်းလေးပါဘဲ ဓါတ်(10)ပုံထဲပါ။ အဲဒါ
လေးကြည့်ပြီး လုပ်ရှားလိုက်ရင် ဘလော့ပိုင်ရှင်တစ်ယောက်ဖြစ်ပါပြီ။ စီးပွါးရေးသမားတွေလည်း စိတ်ကြိုက်ဘလော့ တစ်ခုတည်ဆောက်နိုင်ရန်အတွက်ပေါ့ဗျာ။ကဲပြောနေတာကြာတယ် စလိုက်ရအောင်
ပထမဆုံး www.blogger.com လို့ Browser မှာရိုက်ထည့်ပါ။ အောက်ကပုံလေးပေါ်လာပါပြီ။ မိမိ gmail အကောင့်
နှင့် Password ကိုဖြည့်လိုက်ပါ။



ကဲ ဒုတိယပုံလေးကို ကြည့်လိုက်ပါ။

 တတိယပုံလေးကိုကြည့်ပါ။ လှမင်းမှာ ကိုယ့်နာမည်ရေး hlamin မှာ မိမိထည့်လိုတဲ့ ဘလော့လိပ်စာပေးပါ။ ကျုပ်ရဲ့ hlamin ဟာ www.hlamin.blogspot.com ဖြစ်သွားမှာပါ။ ဒါကြောင့်မိမိရဲ့နာမည်ရင်းဖြစ်ဖြစ်ကြိုက်ရာပေးပါ။ပုံပါအ
တိုင်း  ကြည့်ပြီး လုပ်ရှုားကြရအောင်ဗျာ။


Create blog ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရမှာပါ။ (1) ပြထားတဲ့နေရာလေးကိုနှိပ်ပါ။ ဒါက Post အသစ်တစ်ခု တင်စမ်းကြည့်ရအောင် ဘလော့တည်ဆောက်တာကပြီးသွားပြီ။


 ကဲဗျာဒီပုံကတော့ New Post ပေါ့ဗျာပို့စ်တစ်ရေးတော့မယ် ခေါင်းစီးရေးရန်နေရာမှာ မိမိစိတ်ကြိုက်ရေးပါ။ ပုံမှာပြထားသည့်အတိုင်း လုပ်စမ်းကြည့်ပါ။


ပို့စ်ကိုစိတ်ကြိုက်ရေးပြီးရင် Publish နှိပ်ကာ အတည်ပြုလိုက်ပါ။ ဒါပို့စ်တစ်ခုရေးသားခြင်းပါဘဲ။ ဒီလိုဘဲနောက် စိတ်ကြိုက်ပို့စ်တွေ အများကြီးရေးသားနိုင်ပါပြီ။ မိမိနှစ်သက်ရာပေါ့ဗျာ။ ကဗျာဝါသနာပါရင် ကဗျာရေးပေါ့။ ဂိမ်းဝါသနာပါရင် ဂိမ်းအကြောင်းရေးပေါ့ စီးပွါးရေးဝါသနာပါရင် စီးပွါးရေး ရေးသားကြပေါ့။


ကဲဗျာ Publish နှိပ်ပြီးသွားရင်တော့ အပေါ်ပုံကိုကြည့်ပါ။ ကိုယ်ပြုပြင်ချင်တာတွေကို ကလိနိုင်ပါပြီ။

 ကဲဒါကတော့ View blog ပေါ့ မိမိရွေးခဲ့တဲ့ Template နောက်ခံအရောင်အတိုင်းဘဲ။ မိမိရေးသားခဲ့တဲ့ ချစ်တော့ချစ်
တယ်ဒါပေမယ့်ဆိုတဲ့ ပို့စ်လေးတစ်ခုပါ။ စာသားတွေအများကြီးရေးသားလို့ရပါတယ်။ ဓါတ်ပုံတွေလည်းထည့်လို့
ရပါတယ်။ ဗွီဒီယိုဖိုင်တွေလည်းထည့်လို့ရပါတယ်။ အပေါ်မှာ ပြခဲ့တဲ့ပုံမှာ ပါပြီးသားတွေပါ။
 ကဲအပေါ်ပုံကိုကြည့်ပါ။ ဒါကတော့ကျုပ်ရေးနေကျစတိုင်ဘဲ သူများတွေတော့မိသိဘူး။ Post အသစ်တင်ချင်ရင် အပေါ်မှာ ခဲတံလေးလိုပုံပါတယ် သူ့ကို ထောက်ကြည့်ရင် New Postလို့တွေ့မယ် ပို့်စ်တစ်ခုရေးချင်ရင် အဲဒီကိုနှိပ်ပေါ့ဗျာ။ အပေါ်မှာ ပြခဲ့တဲ့အတိုင်း ပို့စ်ရေးသားလို့ရပါပြီနော်။ ပုံလေးကြည့်ပြီးလုပ်ရှုားလိုက်တော့။
 ဒါကတော့ Add Gadget ကိုနှိပ်လိုက်ရင် မြင်ရတဲ့ပုံပါ။ ဒီအထဲမှာ ကိုယ်ကြိုက်တာလေးတွေထည့်လို့ရပါတယ်။ တစ်ခုပြီးတစ်ခု လုပ်စမ်းကြည့်ပါ။ ကိုယ်ကြိုက်တာတွေ့ရင် နောက်ဆုံးတော့ Save ရုံဘဲလေ။ ဒါနဲ့ပါတ်သက်လို့
တော့ အများကြီးဘဲ။ ကျုပ်ရဲ့ဘလော့ကိုဘဲကြည့်လိုက်ပါ။ ညာဘက်ချမ်းမှာ ကိုယ်သဘောကျတာတွေ အများ
ကြီး ကောက်ထည့်ထားတာဘဲ။ စမ်းသပ်ပါ စမ်းသပ်မှ အောင်မြင်ပါမည်။ အထူးသဖြင့် ဒို့ဖောင်းပြင်သားများအ
တွက်ပေါ့ဗျာ။ ကျုပ်တို့က တိုင်းစွန်ပြည်ဖျားကဆိုတော့ မလုပ်တတ်ကြဘူးလေ။ ဒါကြောင့် အကောင်းဆုံးနဲ့ အကျဉ်းဆုံးဖြစ်အောင် ရေးသားလိုက်တာပါ။
ကဲဒါကတော့ မိမိဘလော့ကို ဒေါင်းလော့ချတဲ့နေရာလေးပါ။ဒီနေရာကိုကတော့ Template ကိုနှိပ်ရင်ရောက်ပါတယ်။ ဒီကောင်အသုံးပြုပုံကတော့။ မိမိဘလော့တစ်စုံတစ်ရာ အမှားမရှိရအောင် ပို့စ်လေးငါးခု
တင်ပြီးတိုင်းလုပ်ထားသင့်တယ်။ တစ်ခုခုမှားသွားရင် ပြန်ပြီးတော့ သိမ်းဆည်းလို့ရတာပေါ့ဗျာ။ Setting ပိုင်းကိုတော့ မရေးတော့ဘူးဗျာ။ ဒီထက်အကျယ်ကိုတော့ စာအုပ်တင်ပေးပါ့မယ်။ ကျုပ်ကတော့ အဲဒီစာအုပ်
ကြည့်ပြီးလုပ်ခဲ့တာဘဲ ဒါပေမယ့် စာအုပ်ကကြာပြီဆိုတော့ မတူတာတွေများတယ်။ ပုံစံတူလေးတွေပါဘဲ။
ကဲဗျာ ဒီနောက်ဆုံးပုံလေးနေရာမှာ အသုံးဝင်တာတွေ အများကြီးပါ။ Template ဒီဇိုင်းချိန်းလိုရင်လည်း ချိန်းလို့ ရပါတယ်။ Template ဒီဇိုင်းလေးတွေကို www.google.com မှာ ရှာကြည့်ပါ။ firebox ညာဘက်ချမ်းလေးမှာ Template လို့ရိုက်ထည့်လိုက်တာနဲ့ ကျလာပါလိမ့်မယ် free ရတဲ့ Template လေးတွေကို ရှာပြီး ဒေါင်းလော့ ဒေါင်း
ပြီးရင်။ Choose file မှာ Upload လုပ်ကာတင်လိုက်ပေါ့။ မတင်ခင် ကျုပ်ရှေ့ကပြောခဲ့သလို ဒေါင်းထားပါ။ ဒါမှမကောင်းရင် ပြန်ပြင်လို့ရအောင်ပေါ့ဗျာ။
    ကဲဗျာ လက်တွေ့စမ်းသပ်ခြင်းဖြင့် အကျိုးရှိတဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့လုပ်ဆောင်ကြပါ။ ကျောက်သမားတွေ
လည်း ၀က်ဆိုက်ထောင်ပြီး။ ကြော်ငြာကြပေါ့။ ကုမ္မဏီ ပိုင်ရှင်တွေလည်း မိမိတို့ကိုယ်တိုင်ရေးနိုင်ရင်လည်း
ရေးပေါ့ဗျာ။ ဘယ်သူမဆိုပေါ့ဗျာ ကိုယ်ဝါသနာပါတာရေးကြ ကြော်ငြာကြပေါ့။ လိုအပ်တဲ့ တန်ဆာပလာတွေလည်း
ကျုပ်ဆိုက်ထဲမှာထည့်ထားတယ်။ သူများဆိုက်လေးတွေကကောင်းတာ ကိုယ်သဘောကျတာလေးတွေကို ကူး
ယူပြီးတော့ အားဖြည့်တင်ဆက်ထားတယ်။ သဘောကျရင်ယူသုံးကြပေါ့ဗျာ။ ဘလော့နဲ့ပါတ်သက်ရင် ဘလော့နှင့်
ပါတ်သက်သမျှလို့ ကျုပ်တင်ထားတာရှိပါတယ် အဲဒီမှာရှာကြည့်ပါ။ နောက်ပြီးကောင်းတဲ့ဆိုက်လေး နှစ်ခုသုံးခု   ဖော်ပြပေးလိုက်ပါ့မယ်။ ဒါကတော့ http://kp3family.blogspot.com/  KP 3ဆိုက်လေးနှင့် http://kyawkothein.blogspot.com/ ကျော်ကိုသိန်းဆိုက်လေးပါ။ ဒီနေရာတွေမှာ ဘလော့နှင့်ပါတ်သက်လို့ လေ့
လာနိုင်ပါတယ်ဆိုတဲ့ အကြောင်းပြောကြားရင်း ဒီနေ့အတွက် ဒီလောက်နဲ့ဘဲ ကျေနပ်နှစ်သိမ့်ကြပါဦးလို့ ပြောပါရ
စေတော့ဗျာ။ ကြိုက်သူများလည်း ကူးယူသွားနိုင်သည် ။ 16.11.2012 အမှတ်တရ။ မိုးကောင်းကင်မှ ရေးသား
တင်ဆိုက်သည်။ မပျင်းရင်လည်း အလည်လာကြပါဦးလို့ ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။ လိုအပ်တာလေးတွေရှိရင်လည်း အကြံဥာဏ်လေး Cbox မှာရေးသားပေးခဲ့ကြပါဦးဗျာ။ စောင့်မျှော်ရင်းဖြင့်....
   ကဲဒါကတော့ အဆင့်မြင့်အင်တာနက်အသုံးပြုနည်းဆိုတဲ့ စာအုပ်လေးပါ။  ကျုပ်ရဲ့ရေးသားချက်က အပြည့်အစုံ
မဟုတ်ပါဘူး။ ဒါကြောင့် ဒီစာအုပ်လေးကို ဖတ်ပြီးလည်း လုပ်ဆောင်ကြည့်ကြပါဦး။ ဒီစာအုပ်လည်း အမှန်ပြော
ရရင် အပြည်စုံဆုံးတော့မဟုတ်ပါ။ မိမိတို့လေ့လာသင့်တာတွေကို လေ့လာမှ ပြည့်စုံလာမှာပါ။ ကဲပြောနေတာကြာ
တယ်ကွယ်။ ဒေါင်းပြီးဖတ်ကြတော့ဗျာ။ လုပ်သင့်တာကို လုပ်ကြပေတော့။

♣♣♣♣ Download mediafire ♣♣♣♣
ကဲဗျာကျုပ်တင်ထားတဲ့ပို့လေးက ဓါတ်ပုံလေးတွေကိုလည်း စုစည်းပြီးတင်ပေးလိုက်ပါတယ်။ 
♣♣♣♣ Download mediafire ♣♣♣♣
ဓါတ်ပုံလေးကြည့်ပြီး လုပ်ရှုးလို့ ရအောင်ပေါ့ဗျာ။ လာလည်သည့်အတွက်လည်းကျေးဇူးတင်ပါတယ် ။ ကျုပ်ရေးသားတာလေးတွေကို မပျင်းမရိဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်...။

0 comments:

Post a Comment