Thursday, April 11, 2013

iOS 6.1 အတွက် Unlock မိုးသိကြားမှ

iOS 6.1 အတွက် Unlock




iPhone 4 နှင့် 3Gs (Lock phone) အသုံးပြုသူများ iOS 6.1 ကို software unlock ပြုလုပ်နိုင်ကြပါပြီ...

iPhone များကို software unlock ပြုလုပ်နိုင်ဖို့  အမြဲကြိုးပမ်းနေသော "ultrasn0w" က version 1.2.8 ကို အသစ်ထပ်မံ update လုပ်ပေးလိုက်တဲ့ အတွက် iOS 6.1 ကို unlock ပြုလုပ်နိုင်ကြပါပြီ။


"ultrasn0w 1.2.8" ကို အသုံးပြုပြီး unlock လုပ်နိုင်တဲ့ Baseband များကတော့..
  • iPhone 4 : 01.59.00
  • iPhone 3G/3Gs : 04.26.08, 05.11.07, 0.5.12.01, 05.13.04 or 06.15.00
တို့ ဖြစ်ပါတယ်။

မိမိ iPhone ရဲ့  Baseband ကို စစ်ဆေးရန် Settings -> General -> About မှ "Modem Firmware" ကို ကြည့်ရမှာဖြစ်ပါတယ်။

"ultrasn0w" ကို Install လုပ်နိုင်ရန် Cydia -> Sources -> Edit -> Add မှာ "http//repo666.ultrasn0w.com" ဟု ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ထိုနောက် Cydia -> Search တွင် "ultrasn0w" ဟုရှာပြီး Install လုပ်ပါ။

မှတ်ချက်။ ။ "sn0w" စာလုံးတွင် "အို" အစား "သုည(Zero)" ကို ရိုက်ပါ။ **အထူးသတိပြုရန်**

Unlock လုပ်နိုင်ရန် အထက်ပါ Baseband များနှင့် ကိုက်ညီနေသော်လည်း မိမိ၏ iPhone 4,3G,3Gs မှာ iOS 6.1 မဖြစ်သေးပါက firmware ကို iTunes နှင့် တိုက်ရိုက်ချိပ်ဆက်၍ Update မလုပ်မိစေရန် သတိပြုပါ။

မိမိတို့ ၏ Unlock baseband ကို မပျက်စီးစေပဲ iOS 6.1 သို့  Update လုပ်နည်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်...



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား မှ ကူးယူဖော်ပြထား

Fold-Up...

0 comments:

Post a Comment