Thursday, April 11, 2013

Lock iPhone အတွက် Baseband မပြောင်းလဲပဲ iOS 6.1 သို့  Update လုပ်ယူနည်း မိုးသိကြား

 

iPhone ရဲ့  iOS မှာ ယခုဆိုရင် iOS 6.1.2 ကိုရောက်ရှိသွားပါပြီ၊ သို့ ပေမယ့် Lock iPhone ကို အသုံးပြုမိနေတဲ့ မိတ်ဆွေများကတော့ iOS version မြင့်တိုင်း ထပ်ကြပ်မကွာ update မလုပ်နိုင်ကြပါဘူး။

Baseband ကန့် သတ်ချက်ကြောင့် Jailbreak လုပ်နိုင်ခဲ့ရင်တောင် Unlock လုပ်နိုင်ဖို့  စောင့်မျှော်နေကြရပါတယ်။ ဒါ့အပြင် iOS update လုပ်ရာတွင်လည်း အနည်းငယ် အခက်အခဲလေးတွေ ရှိနေတတ်ပါတယ်..

Lock phone များဖြစ်ကြသော iPhone 4, 3G, 3Gs သမားများအတွက် မိမိတို့ ၏ Unlock-able baseband ကို မပြောင်းလဲစေပဲ iOS 6.1 ကို လုံခြုံစိတ်ချစွာ update လုပ်နိုင်မယ့်နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ထုံစံအတိုင်း preserved baseband iOS တစ်ခုကို တည်ဆောက်ဖို့  အမြဲတမ်းအသုံးပြုနေရတဲ့ "sn0wbreeze" ကိုပဲ အသုံးပြုကြရပါလိမ့်မယ်။

**sn0wbreeze ကို အသုံးမပြုမီ သိသင့်သိထိုက်သော အချက်များ**
  • iPhone 3Gs အတွက် 05.11.07, 0.5.12.01, 05.13.04, 06.15.00 ၊ iPhone 4 အတွက် 01.59.00 baseband များကိုသာ preserved လုပ်ပေးနိုင်ပါမည်။
  • မိမိ၏ iPhone baseband သည် အထက်ပါတို့ ထဲမှ တစ်ခုခုနှင့် လက်ရှိတွင် ကိုက်ညီမှုရှိနေရပါမည်။ သို့ မှသာ iOS 6.1 သို့  update လုပ်နိုင်ပါလိမ့်မည်။
  • မိမိ၏ iPhone baseband ကို စစ်ဆေးရန် Settings -> General -> About မှ "Modem Firmware" ကို ကြည့်ရမှာဖြစ်ပါတယ်။


>> Download sn0wbreeze 2.9.13
>> Download iOS 6.1 IPSW

sn0wbreeze 2.9.13 သည် လက်ရှိမှာ နောက်ဆုံး version ဖြစ်ပြီး iOS 6.1.2 ထိ bsaeband preserved လုပ်ပေးနိုင်ပါတယ်၊ ဒါပေမယ့် Unlock အတွက် အသုံးပြုရမယ့် "ultrasn0w" က iOS 6.1 ထိသာ unlock လုပ်ပေးနိုင်သေးတာကြောင့် iOS 6.1 ကို Update လုပ်နည်းသာ တင်ပြပေးလိုက်ပါတယ်။

လုပ်ငန်းစဉ်

အဆင့် ၁)
မိမိ iPhone နှင့် သက်ဆိုင်သော "iOS 6.1 IPSW" နှင့် "sn0wbreeze" တို့ ကို ဦးစွာ download ရယူထားပါ။

အဆင့် ၂)
sn0wbreeze ကို Run ပါ။ "OK" နှိပ်ပြီး "Next" (အပြာရောင်မြှား) ကို ဆက်နှိပ်ပါ။


အဆင့် ၃)
"Browse for an IPSW" (အပြာရောင်) ကို နှိပ်၍ အပေါ်တွင် download ရယူခဲ့သော iOS 6.1 IPSW ကို ရွေးပေးလိုက်ပါ။


ဤနေရာတွင် ကျွန်တော်က iPhone 3Gs ကို အသုံးပြုပြီး ပြသထားပါတယ်

အဆင့် ၄)
iPhone 3Gs အတွက် ရွေးစရာ (၃)ခုရှိပါတယ်၊ မိမိ၏ bootrom ကို သိရင် (Old/New) ရွေးပေးပါ။ မသိရင် "Detect it for me" နှိပ်ပါ။ Detect လုပ်ပြီးလို့  Old/New သိရင် သက်ဆိုင်ရာကို ရွေးပေးပါ။


အဆင့် ၅)
sn0wbreeze မှ iOS 6.1 ကို Verified လုပ်ပါမည်။


အဆင့် ၆)
ဤအဆင့်တွင် "Simple" mode ကိုသာ ရွေးပါ။


အဆင့် ၇)
"Activate" လုပ်ရန် မေးလာပါလိမ့်မည် "Yes" ကိုနှိပ်ပါ။


အဆင့် ၈)
sn0wbreeze မှ iOS 6.1 အတွက် preserved လုပ်ပြီးသား firmware အသစ်တစ်ခု ဆောက်နေပါပြီ။


အဆင့် ၉)
အောင်မြင်စွာ ဆောက်ပြီးကြောင်း message ပေါ်လာပါမည်။ "OK" နှိပ်ပါ။ မိမိ၏ Desktop တွင် ပုံပါအတိုင်း "sn0wbreeze_iPhone_xx_6.1-xxxx" file တစ်ခုကို ရရှိလာပါလိမ့်မည်။ (ထို file ကို iTunes နှင့် Custom Restore လုပ်သော အဆင့်တွင် အသုံးပြုရန်ဖြစ်သည်)


အဆင့် ၁၀)
sn0wbreeze က သင့် iPhone ကို DFU mode ဝင်ရန် ညွှန်ကြားပါလိမ့်မည်။ iPhone ကို PC နှင့် ချိပ်ဆက်ပြီးနောက် ညွှန်ကြားချက်အတိုင်း ကွက်တိ လုပ်ဆောင်ပါ။ အောင်မြင်ပါက သင့် iPhone DFU mode သို့  ရောက်သွားပါမည်။


အဆင့် ၁၁)
iTunes တက်လာပြီး "Restore" လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။ Custom Restore လုပ်ရန် (Shift key + Restore) ကို နှိပ်ပြီး အဆင့် (၉) တွင် ရရှိထားသော IPSW file ကို ရွေးပေးလိုက်ပါ။


Restore လုပ်ငန်းစဉ် ချောမောစွာပြီးစီးသွားပါက Baseband preserved လုပ်၍ iOS 6.1 သို့  Update လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

**မှတ်ချက်** အထက်ပါ အဆင့်များ အောင်မြင်စွာ ပြီးစီးသွားသော်လည်း သင့် iPhone သည် Jailbreak မဖြစ်သေးသလို Unlocked လဲ မဖြစ်သေးပါ။

>> iPhone ကို iOS 6.1 Jailbreak လုပ်ဆောင်ရန် ဤနေရာတွင် ဖတ်ရှုပါ...
>> Jailbreak လုပ်ပြီးနောက် Unlock လုပ်ရန် ဤနေရာတွင် ဖတ်ရှုပါ...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား မှ လာတယ်ပေါ့

0 comments:

Post a Comment