Sony Phone များ အတွက် unlock bootloader လုပ်နည်းလေးပါ ။
Sony Phone လို့ခေါ်တာလည်း Sony က Erricsson နဲ့ ကွဲသွားပီးဆိုတော့ Sony Erricsson လို့ မခေါ်တော့တာဖြစ်ပါတယ် ။
Sony
ဖုန်းတွေမှာ မြန်မာစာ မြင်ရဖို့ Root လုပ်မယ်ဆိုရင် အရင်က unlock
bootloader ဆိုတာ လုပ်စရာမလိုပဲ အဆင်ပြေပါတယ် ။ အရင် S E X (Sony
Erricsson Xperia) တွေမှာ Build number မှန်တယ်ဆို DooMLoRD လို bat
ဖိုင်လေး Run ပီး Root လိုက်လို့ရတယ် ။ Build number ကို
ချိန်းတယ်ဆိုရင်လည်း Flash လိုက်တယ် ဆိုရင် Root လို့ပီးသွားတာပါပဲ ။
ကျွန်တော် သိသလောက် ခုနောက်ပိုင်း Erricsson နဲ့ ကွဲပီး Sony ဖုန်းတွေမှာ
Unlock BootLoader လုပ်ပေးမှ အဆင်ပြေပါတော့တယ် ။ Sony တွေ Root လုပ်မယ်ဆို
Unlock BootLoader ရမယ်ဆို အဆင်ပြေအောင် ရေးထားလိုက်ပါတယ် ။
* Unlock bootLoader လုပ်တယ်ဆိုရင်တော့ Guarantee ပျက်တယ်လို့ ဆိုပါတယ် ။ ကျွန်တော်တို့အတွက်တော့ သိပ်မလိုဘူး ထင်တာပဲ :)
Unlock BootLoader လုပ်နိုင်တဲ့ ဖုန်းတွေကို http://unlockbootloader.sonymobile.com/ မှာ ကြည့်ရှုနိုင်ပါတယ် ။
သေချာအောင် ထပ်ပီး စစ်ဆေးမယ်ဆိုရင် ..
*#*#7378423#*#*
> Service info > Configuration > Rooting Status မှာ Bootloader
unlock allowed မှာ Yes ဆိုရင် Unlock စလုပ်လို့ရပါပီ ။
* Unlock လုပ်တော့မယ် ဆိုရင် လိုအပ်တဲ့ File လေးကို Download ချပီး ရယူထားပါ ။
Unlock BootLoader လုပ်မယ်ဆို Unlock Code ရဖို့ ပထမဆုံး စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ် ။
အဲ့အတွက် Unlocking the boot loader ကို သွားရပါမယ် ။ ပြီးရင် အောက်နားက Start unlocking the boot loader ကိုနှိပ်ပါ ။ နောက် ၁ မျက်နှာရောက်ရင် Continue ဆက်နှိပ်ပါ ။ နောက် ၁ မျက်နှာ ထပ်ရောက်တယ်ဆိုရင် Yes, I’m sure ကို ဆက်နှိပ်ပါ ။
Legal terms Page ကို ရောက်တယ်ဆို Check box နှစ်ခုလုံးကို Click လုပ်ပြီး I Accept ကိုနှိပ်လိုက်ပါ ။
Create Unlock request Page ကို ရောက်သွားရင် ... .. .
Name , IMEI , E-mail တွေ ဖြည့်ပေးရပါမယ် ။ IMEI ဆိုတာ သိဖို့လိုလာပါပီ ။ မိမိ IMET Number ကို သိချင်တယ်ဆိုရင်တော့ *#06# ကိုနှိပ်လိုက်တယ်ဆို
IMEI Box လေးပေါ်လာပီး အဲ့ထဲမှာ ပါလာတဲ့ Number ၁၅ လုံးပါ ။ ဒါပေမယ့် IMEI
ထဲကို ထည့်မယ်ဆိုရင် နောက်ဆုံး Number ၁ လုံးကို ချန်ထားပီး အရှေ့က Number
၁၄ လုံးကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ် ။ သေချာပီဆိုရင် Summit နှိပ်လိုက်ပါ ။
အဲ့ဒါဆို Unlock Code ကို ပြန်လည်ပြတဲ့ Page ပေါ်လာပါလိမ့်မယ် ။ Unlock Code ကို သေချာမှတ်ထားလိုက်ပါ ။
ခုနောက်ပိုင်း အဆင့်တွေက အရေးကြီးတဲ့ အတွက် သေချာ ဂရုစိုက်ပြုလုပ်စေလိုပါတယ် ။
* Setting>Application>unknown sources ကို အမှန်ခြစ်ပါ
* Setting>Application>Development>Usb debugging ကို အမှန်ခြစ်ပေးပါ
၁
။ Download လုပ်ထားသော ဖိုင်ကို Extract လုပ် လိုက်ပါ
။ fastboot_with_Android_USB_file နဲ့  drivers ဆိုတာကို တွေ့ပါလိမ့်မယ် ။
အဲ့ဒီ File ၂ ခုကို လည်း Extract ထပ်လုပ်ထားပါ
။ fastboot_with_Android_USB_file ထဲက Fastboot က Unlock လုပ်ဖို့အတွက်
Folder ပါ ။ Drivers ကတော့ S1Boot Fastboot Driver ကို စက်ကမသိရင်
အသုံးပြုဖို့အတွက်ပါ ။
၂ ။ မိမိ ဖုန်းကို (Shutdown) ပါဝါ ပိတ်လိုက်ပါ ။
၃ ။ Usb ကြိုးနဲ့ Computer ကို ချိတ်တယ်ဆို ဒီတိုင်းချိတ်လို့မရပါဘူး ။ ချိတ်ရမှာ သုံးရတဲ့ နည်းတွေလည်း မတူပါဘူး ။
Menu button
(for Xperia™ arc, Xperia™ arc S, Xperia™ neo, Xperia™ neo V, Xperia™ pro).
Search button
(for Xperia™ PLAY).
Volume up button
(for
Xperia™ mini, Xperia™ mini pro, Xperia™ ray, Xperia™ active, Live with
Walkman™, Xperia™ S, Xperia™ P, Xperia™ U, Xperia™ Go, Xperia™ Sola,
Xperia™ acro S).
ကိုယ်ဖုန်းနဲ့ ကိုက်မယ့် Button လေး နှိပ်, Computer Usb ကြိုးနဲ့ မိမိ ဖုန်းကို ချိတ်ဆက်လိုက်ပါ ။
မိမိလုပ်ဆောင်ချက် မှန်ကန်တယ် အောင်မြင်တယ်ဆိုရင် မီး အပြာ ရောင်လေး လင်းလာပါလိမ့်မယ် ။
မီး အပြာ လေး မလင်းဘူး အဆင်မပြေဘူးဆိုရင် အဆင့် ၃ ကို သေချာ ပြန်ဖတ်ပြီး ပြန်လုပ်ပါ ။
၎ ။ မီး အပြာ လေး
လင်းလာပီး ခဏလေး နေရင် Driver ကို ရှာပါလိမ့်မယ် ။ သူ့ဘာသာ Auto
ရှာပါလိမ့်မယ် ။ ရှာနေတဲ့ Driver က S1Boot Fastboot ဖြစ်ရပါမယ် ။ တခြား usb
mass storage လိုမျိုး တခြား Driver ဆိုရင် အပေါ်က နံပါတ် ၃ အဆင့် မှာ
အဆင်မပြေ မှားခဲ့လို့ပါ ။ S1Boot Fastboot ကို ရှာတာမတွေ့လို့
အဆင်မပြေဘူးဆိုရင် ကိုယ့်ဘာသာ အပေါ်က Down တုန်းက ပါခဲ့တဲ့ Drivers Folder
ကို ရှာပီးရွေးပေးလိုက်ရင်ရပါတယ် ။
၅
။ S1Boot Fastboot ကိုလည်း သိပီဆိုရင် Down ထားတဲ့ Folder ထဲက Fastboot
ဆိုတဲ့ Folder ထဲကို ဝင်ပါ ။ ပီးရင် Folder ထဲက နေရာလွတ် ၁ နေရာမှာ
Shift+Mouse Right Click >Open command window here ကို ရွေးလိုက်ပါ ။
Command Prompt ၁ ခု တတ်လာပါလိမ့်မယ် ။ (Shift+Mouse Right Click >Open
command window here ကိုဘာလို့ သုံးလည်းဆိုတော့ အခုဖွင့်ထားတဲ့ Fastboot
Folder တည်နေရာကို တန်းရောက်ချင်လို့ပါ ။ Command သုံးနေကျမဟုတ် တဆင့်ချင်း
သွားရင် အမှားများပီး ကြာနိုင်လို့ပါ )
၆ ။ Command Prompt ပေါ်လာပီ ဆိုရင် fastboot.exe -i 0x0fce getvar version ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။
၇
။ နောက် ၁ ကြောင်းကတော့ fastboot.exe -i 0x0fce oem unlock 0x(Unlock
Code) ဆိုတာ ရိုက်ပီး Enter ထပ်နှိပ်ပါ ။ ( " (Unlock Code) ဆိုတဲ့နေရာမှာ
Unlocking the boot loader page က စလုပ်ခဲ့ပီး နောက်ဆုံ ရလာခဲ့တဲ့ Unlock
Code (or) ရလာတဲ့ Number ကို ပြောင်းပီး ဖြည့်ပေးရမှာဖြစ်ပါတယ် ။ '(' ')'
တွေကိုပါ မထည့်ရပါဘူး )
၈ ။ Enter ခေါက်လိုက်ပီ ဆိုတာနဲ့ Lock စတင်ပီး ဖြည်ပါပြီ ။
OKAY [xx.xxs]
finished. total times :xx.xxs
Finished ဆိုတဲ့ Message လေး ပေါ်လာပီ ဆိုရင် Unlocking လုပ်တာ အောင်မြင်စွာ ပြီး ဆုံးသွားပြီ ဖြစ်ပါတယ် ။
Xperia™ Go - Root လုပ်နည်း
Xperia™ Go ကို Root လုပ်မယ် ဆိုရင် ပထမဆုံး Unlocking The BootLoader လုပ်ရပါမယ် ။
Unlocking The BootLoader လုပ်နည်းကို အပေါ်က ပို့စ်ကို လေ့လာနိုင်ပါတယ် ။
Xperia™ U ကို Root လုပ်ဖို့ အောက်က elf file လေးကို အောက်က Download Link မှာ ရယူပါ ။
Unlocking The BootLoader လုပ်ပီးသွားပီ Unlock ဖြစ်သွားပီ ဆိုရင်
* Setting>Application>unknown sources
* Setting>Application>Development>Usb debugging တွေမှာ အမှန်ခြစ်ပီး ဖွင့်ထားလားစစ်ပါ ။ မဖွင့်ရသေးရင် အရင်ဆုံးဖွင့်ပါ ။
Service ကို ဖွင့်ပီးသွားပီ ဆိုရင် ဖုန်းကို ပိတ်လိုက်ပါ ။
Download ရလာတဲ့ rootxperiagobyfmam.elf
File လေးကို Fastboot ဖိုင်ထဲကို ထည့်ပေးပါ ။ (Fastboot Folder လေးက Unlock
လုပ်ပီးသွားပီဆိုရင် Unlocking The BootLoader ထဲမှာ ဒေါင်းထားတဲ့ unlock
bootloaders.zip ထဲမှာ ပါထားပီးသား ဖြစ်နေလို့ ရှိနေပီထင်ပါတယ် )
Volume Up Button လေး နှိပ်, Computer Usb ကြိုးနဲ့ မိမိ ဖုန်းကို ချိတ်ဆက်လိုက်ပါ ။
မိမိလုပ်ဆောင်ချက် မှန်ကန်တယ် အောင်မြင်တယ်ဆိုရင် မီး အပြာ ရောင်လေး လင်းလာပါလိမ့်မယ် ။
rootxperiagobyfmam.elf File
ထည့်ထားပီးသား ဖြစ်နေတဲ့ Fastboot Folder ကို ဖွင့်လိုက်ပါ ။ ပီးရင် Folder
ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click >Open command window
here ကို ရွေးလိုက်ပါ ။ Command Prompt ၁ ခု တတ်လာပါလိမ့်မယ် ။
Command Prompt ပေါ်လာပီ ဆိုရင် သေချာအောင် fastboot devices ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။ fastboot ဆိုတာ ပေါ်လာပါလိမ့်မယ် ။
နာက် ၁ ကြောင်းကတော့ fastboot flash boot rootxperiagobyfmam.elf ဆိုတာ ရိုက်ပီး Enter ထပ်နှိပ်ပါ ။
Finish လို့ပေါ်လာပီ ဆိုရင် Usb
ကြိုးကို ဖြုတ်လိုက်ပါ ။ ပီးရင် Power ဖွင့်လိုက်ပါ ။ Application တွေ
ထဲမှာ SuperUser ဆိုတဲ့ အကောင်လေး တွေ့ပီ ဆိုတာနဲ့ Root
လုပ်ခြင်း အောင်မြင်စွာ ပီးစီးသွားပီ ဖြစ်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။
*
Xperia™ Go - Build No, 6.0.B.3.184 ကို Root လုပ်ပီး ရေးထား တာဖြစ်ပါတယ် ။
Sony တွေမှာ Android Version ထက် Build No ကို ကြည့်မှ အဆင်ပြေပါတယ် ။
Build No က အသေချာဆုံးဖြစ်ပါတယ် ။
Xperia™ U - Root လုပ်နည်း
Xperia™ U ကို Root လုပ်မယ် ဆိုရင် ပထမဆုံး Unlocking The BootLoader လုပ်ရပါမယ် ။
Unlocking The BootLoader လုပ်နည်းကို အပေါ်မှာ လေ့လာနိုင်ပါတယ် ။
Xperia™ U ကို Root လုပ်ဖို့ အောက်က elf file လေးကို အောက်က Download Link မှာ ရယူပါ ။
Unlocking The BootLoader လုပ်ပီးသွားပီ Unlock ဖြစ်သွားပီ ဆိုရင်
* Setting>Application>unknown sources
* Setting>Application>Development>Usb debugging တွေမှာ အမှန်ခြစ်ပီး ဖွင့်ထားလားစစ်ပါ ။ မဖွင့်ရသေးရင် အရင်ဆုံးဖွင့်ပါ ။
Service ကို ဖွင့်ပီးသွားပီ ဆိုရင် ဖုန်းကို ပိတ်လိုက်ပါ ။
Download ရလာတဲ့ rootxperiaubyfmam.elf
File လေးကို Fastboot ဖိုင်ထဲကို ထည့်ပေးပါ ။ (Fastboot Folder လေးက Unlock
လုပ်ပီးသွားပီဆိုရင် Unlocking The BootLoader ထဲမှာ ဒေါင်းထားတဲ့ unlock
bootloaders.zip ထဲမှာ ပါထားပီးသား ဖြစ်နေလို့ ရှိနေပီထင်ပါတယ် )
Volume Up Button လေး နှိပ်, Computer Usb ကြိုးနဲ့ မိမိ ဖုန်းကို ချိတ်ဆက်လိုက်ပါ ။
မိမိလုပ်ဆောင်ချက် မှန်ကန်တယ် အောင်မြင်တယ်ဆိုရင် မီး အပြာ ရောင်လေး လင်းလာပါလိမ့်မယ် ။
rootxperiaubyfmam.elf File
ထည့်ထားပီးသား ဖြစ်နေတဲ့ Fastboot Folder ကို ဖွင့်လိုက်ပါ ။ ပီးရင် Folder
ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click >Open command window
here ကို ရွေးလိုက်ပါ ။ Command Prompt ၁ ခု တတ်လာပါလိမ့်မယ် ။
Command Prompt ပေါ်လာပီ ဆိုရင် သေချာအောင် fastboot devices ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။ fastboot ဆိုတာ ပေါ်လာပါလိမ့်မယ် ။
နာက် ၁ ကြောင်းကတော့ fastboot flash boot rootxperiaubyfmam.elf ဆိုတာ ရိုက်ပီး Enter ထပ်နှိပ်ပါ ။
Finish လို့ပေါ်လာပီ ဆိုရင် Usb
ကြိုးကို ဖြုတ်လိုက်ပါ ။ ပီးရင် Power ဖွင့်လိုက်ပါ ။ Application တွေ
ထဲမှာ SuperUser ဆိုတဲ့ အကောင်လေး တွေ့ပီ ဆိုတာနဲ့ Root
လုပ်ခြင်း အောင်မြင်စွာ ပီးစီးသွားပီ ဖြစ်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေ ။
*
Xperia™ U - Build No, 6.0.B.1.564 ကို Root လုပ်ပီး ရေးထား တာဖြစ်ပါတယ် ။
Sony တွေမှာ Android Version ထက် Build No ကို ကြည့်မှ အဆင်ပြေပါတယ် ။
Build No က အသေချာဆုံးဖြစ်ပါတယ် ။